Wednesday, October 29, 2014

ကေအိုင်အေမှ အပြစ်မဲ့ ရွာသား ၄ ဦးအား လူသစ်စု ဖမ်းဆီး ၊ ယခုထိ ပြန်မလွှတ်

ကေအိုင်အေ တပ်ဖွဲ့ ဝင်များသည် မိုးကောင်းမြို့ နယ်၊ကံလှကျေးရွာ၊လီဒိုကျေးရွာမှ ရွားသား ၁ ဦးနှင့်၊ မရမ်းကျေးရွာနေ တောင်ယာလုပ်ငန်းလုပ်ကိုင်းနေသော ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

နမ္မတီးကျေးရွာရပ်ကွက်နေ ဦးဖော်လုယော်ထုံ ၏ သားဖြစ်သူ မောင်ဘရန်လီ (အသက် ၁၆ နှစ်)ကိုလည်း သီတင်းကျွတ်ကာလ ရပ်ကွက်အတွင်း လည်ပတ်နေစဉ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ပြန်လည်စေ လွတ်ပေးခြင်း မရှိသေးကြောင်းသိရသည်။မောင်ဘရန်လီ၏ မိဘဖြစ်သူများမှ

“ ကျွန်တော်တို့ လည်း ကလေးက ပြန်မလာမလာနဲ့  စိတ်ပူတော့လိုက်ရှာတယ် နောက်မှကေအိုင်အေ တပ်ရင်းတွေက ခေါ်သွားတယ်ဆိုတာ သိရတယ် ။ ခုလိုခဏ ခဏ ဖမ်းဖမ်းသွားတတ်တာ သိနေတော့ အသွားအလာတွေ ဂရုစိုက်ဖို့  သေချာလည်း သားကို မှာထားတယ်။ သီတင်းကျွတ်ဆိုတော့ သူလည်း ပျော်ချင်မှာပေါ့ ဆိုပြီး လွတ်ပေးလိုက်မိတာမိတာပါဗျာ ။ ကလေးက အသက်လည်းမပြည့်သေးလို့  ပြန်ပေးပါလို့ ဆက်သွယ်ပြီတောင်းထားတာ ခုထိ လွတ်မပေးသေးဖူး “ လို့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။

ထို့အပြင် မိုးကောင်းမြို့ နယ်၊ကံလှကျေးရွာ၊လီဒိုကျေးရွာတို့ မှ ခေါင်တောင်း ၊မောင်ခွန်ထော်အောင်၊ မောင်ဘောက်နော် နှင့် မောင်ဂျိမ်းဖ်ာဝန် (ခ)ဆိုင်အောင် တို့ အား အဓမ္မထပ်မံ ဖမ်းဆီး သွားခဲ့ ပါတယ်။ မောင်ဂျိန်ဖော်ဝန်(ခ)ဆိုင်အောင် ၏ မိခင်ဖြစ်သူဒေါ်ကျသင်းနုမှာ အသက်အရွယ်ကြီး ရင့်နေပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

“ အမေကြီးက အသက်လည်းကြီး ယောကျာင်္းကလည်း မရှိဘူး ၊ သားဖြစ်တဲ့သူကိုဘဲ အားကိုးနေရတာ မျက်လုံးကလည်း ကောင်းကောင်းမမြင်ရတော့ဖူး ဒါကြောင့် ပြန်လွတ်ပေးဖို့ ကေအိုင်အေ အဖွဲ့  တွေ ကိုတောင်းခံထားပါတယ်လို ၊အခုထိတော့ ပြန်မလွှတ်ပေးသေးပါဘူ့း”ဟု ဒေသခံတစ်ဦး ကပြောကြားသည်။

ကေအိုင်အေ တပ်ရင်းမှ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ၄ ဦးအနက် ကျန် ၃ ဦးမှာ

(၁) မောင်ခွန်ထော်အောင် (၂၂) နှစ် (ဘ) ဦးအင်ဘောက်တူး ၊ ကချင်/ခရစ်ယာန် ၊ တောင်သူ
ရပ်ကွက်(၇)၊ မရမ်းကျေးရွာ၊ မိုးကောင်းမြို့နယ်။

(၂) မောင်ဘောက်နော် ၂၃ နှစ် (ဘ) ဦးဝေတူး ၊ ကချင်/ ခရစ်ယာန် ၊ တောင်သူ ၊ ရပ်ကွက်(၇) ၊
မရမ်းကျေးရွာ ၊ မိုးကောင်းမြို့နယ် ။

(၃) မောင်ဂျိန်ဖော်ဝန် (ခ) ဆိုင်းအောင် ၂၂ နှစ် (ဘ) ဦးဂျိန်ဖော်လ ၊ ကချင်/ ခရစ်ယာန် ၊ တောင်သူ
ရပ်ကွက်(၇) ၊ မရမ်းကျေးရွာ ၊ မိုးကောင်းမြို့နယ်။

တို့ဖြစ်သည်။

ယင်းကဲ့သို့ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ အဓမ္မလူသစ်စုဆောင်းခြင်း မကြာခဏပြုလုပ်နေခြင်း
ကြောင့် ဒေသခံများမှာ အထူးပင် စိုးရိမ်ပူပန်လျက်ရှိပြီး ၊ ဖမ်းဆီးခံ ရသည့် ကလေးများမှာလည်း ယနေ့ တိုင် ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်းသတင်းရရှိပါသည်။

ဘရန်ဆိုင်း(မြစ်ကြီးနား )

Credit- ကချင်နေ့စဉ်သတင်း

KIA ဖမ်းဆီးခံ မှော်လုပ်သား(၅၀)ကျော် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီး သွားသော မှော်လုပ်သား(၅၀)ကျော်သည် အောက်တိုဘာ ၂၇ ရက်နေ့တွင် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ အဆိုပါမှော်ဒေသတွင် ပယင်းမှော်၊ ချမ်းသာကုန်းမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်၊ ပိန်းနွဲကုန်းမှော်၊ နဂါးအိုင်မှော်၊ လဘူခမှော်စသဖြင့် ပယင်းကျောက်နှင့် ရွှေတူးဖော်လျက်ရှိရာ KIA အဖွဲ့မှ မှော်လုပ်သားများ အား အချိန်မရွေး ၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ ``ဖမ်းသွားတာကတော့ ကြာပါပြီ၊ အခုမှ ပြန်လွတ်လာတာ၊ အစတုန်းကတော့ လူသစ်လုပ်ဖို့ ဖမ်းသွားတာပါ၊ အစိုးရတပ်တွေ ၀င်လာတာနဲ့ Online ပေါ်မှာ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်´´ ဟု တနိုင်းမြို့ခံတစ်ဦးက ပြောသည်။ KIA ဖမ်းဆီးခံ မှော်လုပ်သားများသည် တောထဲတောင်ထဲတွင် သွားလာခဲ့ရပြီး KIA အဖွဲ့ လှုပ်ရှားနေထိုင်ရာ စခန်းများ၌ အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ရကြောင်း၊ ညပိုင်းတွင် ကြိုးတုပ်ချုပ်နှောင်ထားကြောင်း၊ ထိုသို့ ဖမ်းဆီး ထားစဉ် ထမင်းပင် ၀လင်အောင်မစားရကြောင်း ပြန်လည်လွတ်မြောက်လာသော မှော်လုပ်သားတစ်ဦးက ပြော သည်။ ``သူတို့စစ်သားတွေလဲ အနေအထိုင်ဆင်းရဲပါတယ်၊ ထမင်းဟင်းတောင် ၀အောင် မစားရဘူး၊ တွေ့တဲ့ရွာတွေ ကို ၀င်ပြီး ဆန်တောင်း၊ ဆီတောင်း စားနေရတာ၊ ကျွန်တော်တို့ကိုလည်း ကြာကြာ ကျွေးမထားနိုင်တော့လို့ ငွေ တောင်းပြီး ပြန်လွှတ်ပေးတဲ့ သဘောပါ´´ ဟု တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်လုပ်သား ကိုဝင်းရွှေက ပြောသည်။ KIA ဖမ်းဆီးခံရသော မှော်လုပ်သား(၅၀)တွင် အရွယ်မရောက်သေးသော လူငယ်များလည်း ပါဝင်နေပြီး မြန်မာ နိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း၊ မှော်လုပ်သားတစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေ(၅၀၀၀၀)ကျပ်စီ ပေးခဲ့ရကြောင်း သိရှိရပါသည်။ ညီသစ်(မြစ်ကြီးနား) Kachin Daily News

Tuesday, October 28, 2014

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း(၇)

ပါးစပ်ကပြည်နယ်အတွက် လုပ်နေတာလို့ တဖွဖွပြောနေတဲ့ ခေါင်းဆောင်ကြီးတွေကို ကျွန်တော်အယုံအကြည် မရှိပါဘူး။ သူတို့တွေ လုပ်နေတာသူတို့ရဲ့ အကျိုးစီးပွားနဲ့ အာဏာတည်မြဲဖို့အတွက်လုပ်နေတာပါ။ ဒေသခံ ပြည်သူတွေဘယ်လို အခြေအနေ ရောက်ရောက်၊ ဘယ်လောက်ပဲဆင်းရဲငတ်ပြတ်၊ ဘယ်လိုပဲနေထိုင်နေထိုင် သူတို့ဂရုမစိုက်ပါဘူး။ အဓိက ကချင်ပြည်နယ်ရဲ့အာဏာကို သူတို့ရရှိဖို့အတွက် လုပ်နေတာပါ။ KIO/KIA ခေါင်းဆောင်ကြီးတွေသာ ကားအကောင်းစားကြီးတွေ တ၀ူးဝူးနဲ့စီးပြီး တစ်လျှောက်လုံးသူတို့အတွက် အသက် စွန့်ခဲ့တဲ့ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေကတော့ ဒုံရင်းဒုံရင်းဘ၀ကနေမတက်ပါဘူး။ အခုလက်ရှိ အခြေအနေကို ကြည့်တာနဲ့ပဲ ဆင်ခြင်းသုံးသပ်နိုင်ပါတယ်။ အရင်ခေတ်သမိုင်းကြောင်းကို ကျွန်တော်မဝေဖန်ပါ ဘူး။ ပြီးတော့ အရင် ခေတ်က တော်လှန်ရေးသမားကြီးတွေကိုလဲ ကျွန်တော်ချီးကျူးပါတယ်။ သူတို့က တကယ့် စိတ်ရင်းစေတနာနဲ့ ပြည်နယ် အတွက် ကြိုးစားခဲ့ကြတာပါ။ အခုခေတ်မှာတော့ KIO/KIA ခေါင်းဆောင်ကြီးတွေရဲ့ အတ္တကိုယ်ကျိုးကြည့်မှုတွေကြောင့် ကချင်ပြည်နယ်ကြီး ဆုတ်ယုတ် ပျက်စီးတာပဲ အဖတ်တင်ပါတယ်။ ၁၉၉၀ ကျော်ကာလက ကချင်ပြည်နယ်မြစ်ကြီးနားနဲ့ အခုအချိန် မြစ်ကြီးနားမြို့ ဘာမှမဆိုင်တော့ပါဘူး။ ဒီလိုတိုးတက်ခဲ့တာ ကျွန်တော်တို့ KIO/KIA ခေါင်းဆောင်ကြီးတွေ လုပ်ခဲ့တာမဟုတ်ဘူး ဆိုတာ ကတော့ သေချာပါတယ်။ ခေါင်းဆောင်ကြီးတွေထိန်းချုပ်ထားတဲ့ နယ်မြေဒေသ တွေမှာကတော့ ဘာမှမတိုးတက်ခဲ့ပါဘူး။ ဟိုးယခင် ရှမ်းပြည်မှာ ခေါင်းဆောင်ကြီးတို့အဖွဲ့ထက် အင်အားရော အရှိန်အ၀ါပါသာတဲ့ ခွန်ဆာအဖွဲ့ရှိခဲ့ပါ တယ်။ အခု ခေတ်အချိန်မှာ အဲဒီအဖွဲ့မရှိတော့တဲ့အတွက် ရှမ်းပြည်လူထု ဘာမှမထိခိုက်ခဲ့ပါဘူး။ ရှမ်းပြည်နယ်လဲ အထိုက် အလျောက် ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ ပြည်သူတွေအတွက်က ကိုယ့်လူမျိုးကိုယ့်လက်နက်ကိုင် တပ်ဖွဲ့ရှိခြင်း၊ မရှိခြင်း ဆိုတာ စိတ်မ၀င် စားပါဘူး။ ရှင်းရှင်းပြောရရင် ကချင်ပြည်နယ်မှာ KIO/KIA အဖွဲ့ရှိနေတာ ဟာဒေသခံပြည်သူတွေအတွက် ကောင်းကျိုး မရှိဘဲ ဆိုးကျိုးတွေသာ ပေးနေတယ်လို့ပြောချင်တာပါ။ ဒေသခံပြည်သူတွေ စိတ်ဝင်စားတာက သူတို့ ဘ၀လုံခြုံအေးချမ်းစွာနဲ့ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက် နိုင်ဖို့ပါ။ ဒါမှလဲ ကျွန်တော်တို့နိုင်ငံ တစ်ခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ အခုတာ့ ခေါင်းဆောင်ကြီးတို့က ကိုယ့်အာဏာ ပျောက်သွားမှာစိုးရိမ်ပြီး ပြည်သူတွေရဲ့ဘ၀ကို နည်းနည်းမှ ကိုယ်ချင်း မစာသလို ဖြစ်နေပါတယ်။ အစိုးရနဲ့ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး၊ လက်နက်စွန့်ပြီး အဖွဲ့အစည်းကိုဖျက်သိမ်းလိုက်တာ ခေါင်းဆောင်ကြီးတွေကို ဘာမှ မထိခိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကချင်ပြည်နယ်ကြီးကတော့ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမှာ သေချာပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကိုယ်အာဏာရရှိဖို့အတွက် မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေလုပ်နေမယ့်အစား ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်နဲ့ ပြန်ကြည့်ကြပါလို့ ပြောချင်ပါတယ်ဗျာ။ ဘရန်စန်အောင်

KiA သတင်း


ကချင်အမျိုးသမီးပျောက်ဆုံးမှုနဲ့ အဖွဲ့ ၁၂၀ ကျော်ရဲ့ တောင်းဆိုချက်

အမျိုးသမီး အခွင့်အရေးများနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က ရန်ကုန်မြို့တွင် ဆန္ဒပြနေသူများ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဒီအကြောင်းရေးထားတဲ့ ဧရာဝတီမြန်မာပိုင်းစာမျက်နှာ http://burma.irrawaddy.org/news/2014/10/28/66432.html ရဲ့ သတင်းတပုဒ်ကို မဖတ်ရသေးသူများအတွက် ကူးယူ ဖော်ပြလိုက်ပါတယ်။

ကချင် အမျိုးသမီး ပျောက်ဆုံးမှု စုံစမ်း အရေးယူပေးရန် လူမှုအဖွဲ့အစည်း ၁၂၀ ကျော်တောင်းဆို

နန်းဆိုင်နွမ်
အောက်တိုဘာ ၂၈

အစိုးရ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သုံးနှစ်ကြာ ပျောက်ဆုံးနေသည့် ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ အမှုအား သေချာစွာစုံစမ်း၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူပေးရန် ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်း ၁၂၀ ကျော်က အစိုးရထံသို့ လက်မှတ် ထိုး တောင်းဆိုလိုက်သည်။

လက်မှတ်ထိုးသော အဖွဲ့အစည်းများမှာ ၈၈ မျိုးဆက်  ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း၊ ပဲခူး လူငယ်အဖွဲ့အစည်း၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်၊ Equality Myanmar ၊ ချင်းလူငယ် အဖွဲ့အစည်း၊ Burma Campaign UK ၊ Burma Partmership ၊ အမျိုးသမီး အသံ၊ အမျိုးသမီး အဖွဲ့အစည်း ကွန်ရက် (မြန်မာ) အပါအ၀င် လူမှု အဖွဲ့အစည်းပေါင်း ၁၂၄ ဖွဲ့ဖြစ်သည်။

၂၀၁၁ ခုနစ် အောက်တိုဘာ ၂၈ ရက်တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ခိုင်ဘန် ကျေးရွာ တောထဲ၌ တောင်ယာခုတ်နေသည့် အသက် ၂၈ နှစ်အရွယ်ရှိ ဆွမ်လွတ်ရွယ်ဂျာနှင့် ခင်ပွန်း၊ ယောက္ခမ သုံးဦးတို့ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် အဆက် အသွယ်ရှိသည်ဟု စွပ်စွဲပြီး အစိုးရ ခြေလျင် တပ်ရင်း အမှတ် ၃၂၁ မှ တပ်သားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင်ရာ၌ ခင်ပွန်းနှင့် ယောက္ခမက ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ဆွမ်လွတ်ရွယ်ဂျာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“သူ့ခင်ပွန်းကိုယ်တိုင် နိုင်ငံတော် သမ္မတဆီကို စာပို့ခဲ့ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ချုပ်နှောင်ထားတယ် ဆိုတာ မမှန် ကန်ကြောင်း ပြောခဲ့တယ်။ အစပိုင်းကတော့ မျက်မြင်သက်သေ ရွာသားတွေက တောင်ပေါ်မှာ တွေ့သေးတယ်။ တလ နှစ်လ နောက်ပိုင်းမှာကျတော့ မတွေ့တော့ဘူးလို့ ပြောပါတယ်။ ကျနော်တို့ကတော့ အသက်ဆုံးရှုံးပြီလို့ ခံယူထားပါတယ်”ဟု ကချင် ငြိမ်းချမ်း ရေး ကွန်ရက်မှ တာဝန်ခံ ဦးမရန်ဂျော်ဂွန်း( Maran Jaw Gun) က ဧရာဝတီသို့ ပြောသည်။

ထိုအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်အတွက် လွတ်လပ်ပြီး တရားမျှတသည့် လွှတ်တော် ကော်မရှင် တရပ်ဖွဲ့ပေးရန်၊ ပြစ်မှုကျူးလွန်သူများကို ရှာဖွေပြီး ရာထူး၊ အဆင့်အတန်း မရွေးဘဲ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရန်၊ လက်နက်ကိုင် ပဋိပက္ခများနှင့် အပစ် ရပ်ဒေသများရှိ အမျိုးသမီးများကို အကြမ်းဖက်ခြင်း အပါအဝင် တိုင်းရင်းသား လူနည်းစုများအပေါ် လူသားချင်းဆိုင်ရာ စာနာမှုကင်း မဲ့သော အကြမ်းဖက်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန်တို့ကို လူမှုအဖွဲ့အစည်းများက ယနေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။

“နိုင်ငံတကာအဖွဲ့အစည်းနဲ့အတူ သံရုံးကနေဆင့် ဒီကိစ္စကို အမြန်ဆုံး လက်ရှိ အစိုးရအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖိအားပေးနိုင်ဖို့အတွက် လုပ်ဆောင်သွားမှာပါ။ လက်ရှိတော့ ကျနော်တို့ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြထားပြီး သွားပါပြီ”ဟု ဦးမရန်ဂျော်ဂွန်း က ပြောသည်။

ထိုဖြစ်ရပ်သည် မြန်မာ့ တပ်မတော်မှ  ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းအမှုတွင် မျက်မြင်သက်သေအဖြစ် ခင်ပွန်းနှင့် ယောက္ခမ ရှိနေကြောင်းလည်း ဦးမရန်ဂျော်ဂွန်းက ဆက်လက် ပြောဆိုသည်။

ကချင်အမျိုးသမီး ဖျောက်ဖျက်ခံရသည့် အမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက စုံစမ်းပေးရန်နှင့် အဓမ္မ ခေါ်ဆောင်သွားခဲ့သည့် စစ် သားများကို အမှုဖွင့် အရေးယူပေးရန် အာဏာပိုင်များကို အကြိမ်ပေါင်းများစွာ တိုင်ကြားခဲ့သော်လည်း အစိုးရတပ်မတော် အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ် မတ်လတွင်မူ ဆွမ်လွတ်ရွယ်ဂျာ၏ ခင်ပွန်းက ၂ လ ခန့် ကြို၍ တင်သွင်းထားသည့် စုံစမ်းစစ်ဆေးရန် ဆင့်ခေါ်စာကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။

“လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြပြီးတင်မကဘူး၊ သူတို့အနေနဲ့ တိကျတဲ့ သေချာတဲ့ သူကိုရော အပြစ်ပေးမှုတွေရှိလား။ ဒီလိုဖြစ်ရခြင်းက တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့်ဖြစ်တယ်”ဟု လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများပေးနေသည့် Equality Myanmar ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးမင်း က ဧရာဝတီသို့ ပြောသည်။

ဦးအောင်မျိုးမင်း က ဆက်လက်၍ ထိုအမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကို အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း အဖြေတစုံတရာ မရရှိခဲ့ကြောင်း၊ တရားဥပဒေအရ အမှန်တရား ဖော်ထုတ်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။

ထို့ပြင် ယခုနှစ် စက်တင်ဘာ လကုန်ပိုင်းတွင်လည်း အလွတ်သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင်သည် မွန်ပြည်နယ် ကျိုက်မရောမြို့သို့ သတင်းယူရန် သွားရောက်စဉ် အစိုးရ စစ်တပ်က ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) မှဟု ထင်မှတ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားရာမှ ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။

၂၀၁၁ ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း ၇၀ ကျော်ကို အစိုးရ စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများပြုလုပ်ခဲ့ကြောင်း၊ အနည်းဆုံး လူ ၂၀ ခန့်သတ်ဖြတ်ခံခဲ့ကြရကြောင်း လူမှုအဖွဲ့အစည်း ၁၂၀ ကျော်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန် ယူထားခြင်း ဖြစ်သည်။

အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လူတိုင်းသည် အသက်ရှင်ခွင့်၊ အချုပ်အနှောင် ကင်းလွတ်ခွင့်၊ အကာအကွယ်ရှိခွင့် ရှိရမည်ဟု ဖော်ပြထားသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရပါက အခြေခံဥပဒေ သို့မဟုတ် ဥပဒေ အရ ထိထိရောက်ရောက် အဖြေရှာပေးနိုင်ရန် လူတိုင်းတွင် အခွင့်အရေး ရှိကြောင်းလည်း အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားကြောင်း ယနေ့ ထုတ်ပြန်ချက်၌ ပါရှိ သည်။

 

-

စစ်ဆင်ရေး အသုံးစရိတ် ယခုနှစ်အတွင်း ကန်ဒေါ်လာ ရှစ်ဘီလီယံခန့်သာ သုံးစွဲခဲ့

စစ်ဆင်ရေး အသုံးစရိတ် ယခုနှစ်အတွင်း ကန်ဒေါ်လာ ရှစ်ဘီလီယံခန့်သာ သုံးစွဲခဲ့ ကာကွယ်ရေးဝန်ကြီး ဌာန၏ စစ်ဆင်ရေးစရိတ်အတွက် အသုံးပြုသည့် ငွေပမာဏမှာ ယခုနှစ် အတွင်း အမေရိကန်ဒေါ်လာ ရှစ် ဘီလီယံခန့်ရှိကြောင်း ကာကွယ်ရေးဝန် ကြီးဌာန၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။ ကာကွယ်ရေး ၀န်ကြီးဌာန၏ အသုံးစရိတ်စုစုပေါင်းသည် အမေရိ ကန်ဒေါ်လာ ၂၃ ဘီလီယံကျော်ဖြစ်ပြီး ယင်းတို့အနက်မှ ၃၀ ရာခိုင်နှုန်းကျော်ကို စစ်ဆင်ရေးအတွက် အသုံးပြုနေကြောင်း ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ၂၀၁၄−၂၀၁၅ ဘဏ္ဍာနှစ်ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံခြင်းနှင့်ပတ်သက်၍ရှင်းလင်းရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ၀န်ကြီးဌာန၏ အသုံးစရိတ် များတွင် စစ်ဆင်ရေး၊ တိုက်ခိုက် ရေးအတွက် အသုံးပြုမှုမှာ ၃၀ ရာ ခိုင်နှုန်းခန့်သာရှိပြီး ကျန်ရှိသည့် အသုံးစရိတ်များမှာ လစာနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် အသုံးပြုခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေ လွင်က အောက်တိုဘာ ၂၇ ရက် တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ရှင်းလင်းပြောကြားခဲ့သည်။ အခြေခံဥပဒေအရ နိုင်ငံ တော်ကို ပြည်တွင်းပြည်ပ အန္တ ရာယ်များမှ ကာကွယ်ရာတွင် တပ်မတော်က ဦးဆောင်ရမည် ဖြစ်ပြီး အဆိုပါတာဝန်များထမ်း ဆောင်နိုင်ရေးအတွက် ကာကွယ် ရေးအသုံး စရိတ်တင်ပြတောင်းခံ ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိခိုက်ခြင်းမရှိဟု ယုံကြည်ကြောင်းလည်း ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်ကပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် ပြည်ထောင်စု အသုံးစရိတ်အားလုံး၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသဖြင့် ဖြည့်စွက်ဘဏ္ဍာငွေတောင်းခံမှုမှာ များနေကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ အဆိုပါဝေဖန်မှုများအပေါ် ကာကွယ်ရေးဝန်ကြီးဌာနက ပြန် လည်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တပ် မတော်သည် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ငြိမ်းချမ်းရေးစာချုပ်များ မဖောက်ဖျက်ရန် မူဝါဒ ခြောက်ခုဖြင့် ဆောင်ရွက်နေသည်ဟု လည်း ၎င်းကပြောကြားခဲ့သည်။

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း (၆)

uhကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း (၆) ဒီတစ်ကြိမ် ဖော်ပြချင်တဲ့ အတွင်းရေးကတော့ KIO/KIA ထိန်းချုပ်နယ်မြေထဲမှာ ဘင်္ဂါလီလက်နက်ကိုင်တပ်များ အခြေချ နေထိုင်ခွင့်ပြုရေး ဗွီဒီယိုမှတ်တမ်း ပေါ်ပေါက်လာပြီးနောက် ၂၀၁၃ ခုနှစ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ ဘင်္ဂါလီလက်နက်ကိုင်တပ်တွေက အခုမှ အခြေချနေထိုင်ခွင့် တောင်းတာပါ။ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ဆိုရင် KIO နယ်မြေထဲမှာ ရောက်နေတာကြာပါပြီ။ သူတို့ကို နေထိုင်ခွင့်ပြုခဲ့တဲ့အတွက် KIA အဖွဲ့ဝင်အချို့ဟာလည်း မွတ်စလင်စိတ်တွေ ပေါက်လာကြပါတော့တယ်။ ကျွန်တော်ကတော့ အဲဒီမွတ်စလင်ညီအစ်ကိုများအဖွဲ့ကို မထားစေချင်တဲ့ ဘက်မှာပါပါတယ်။ ဒါပေမယ့် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ကိုယ်တိုင်လက်သင့်ခံခဲ့တာဆိုတော့ကျန်တဲ့အရာရှိကြီးတွေလည်း နှုတ်ဆိတ် လိုက်ကြရပါတယ်။ အဲဒီအဖွဲ့ကြောင့် KIA အဖွဲ့ရဲ့သိက္ခာ ရစရာမရှိအောင် ကျဆင်းခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ ပါတယ်။  တစ်ခြားမဟုတ်ပါဘူး။ လွယ်ဂျယ်မြို့နယ်ထဲက ဘုရားစေတီတွေ ကို ခေါင်းဖြတ်ဖျက်ဆီးခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ KIA တပ်ဖွဲ့ဝင်တွေဟာ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပေမယ့် ဗုဒ္ဓဘာသာအပေါ် အဲဒီလောက်ထိ ရိုင်းပျစော်ကားတာ မျိုး မလုပ်ကြပါဘူး။ အဲဒီလို လူတွေ၊ တိရစ္ဆာန်တွေကို လည်လှီးပြီး ခေါင်းဖြတ်သတ်တာ မွတ်စလင်ဘာသာဝင်တွေပဲ ရှိပါ တယ်။ လွယ်ဂျယ်မြို့နယ်ထဲက ဘုရားစေတီတွေ ခေါင်းဖြတ်ခံခဲ့ရတာ မွတ်စလင်ညီအစ်ကိုများ အဖွဲ့နဲ့ KIA တို့ရဲ့ ပူးပေါင်း လုပ်ရပ်ပဲဖြစ်ပါတယ်။ အဲဒီဘုရားဖျက်မယ့်အဖွဲ့ထဲမှာ ကျွန်တော့်ကို ထည့်ပေမယ့် မလိုက်ခဲ့ပါဘူး။ ကိုယ့်ဘာသာမဟုတ်ပေ မယ့် သူများဘာသာကို ဖျက်ဆီးဖို့လည်း စိတ်ကူးမရှိပါဘူးမှတ်မှတ်ရရ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ လွယ်ဂျယ်မြို့နယ်ခွဲရဲ့ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ မှာရှိတဲ့ သကျ မာရဇိန် အောင်တော်မူတောင်ပေါ်ဘုရားမှာ ကိုးကွယ်ပူဇော်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ဖျက်ဆီးခံလိုက် ရပါတယ်။ ဆင်းတုတော် ၁၃ ဆူ၊ ရှင်သီဝလိရုပ်ပွားတော်၊ ရှင်ဥပဂုတ္တရုပ်ပွားတော်၊သကျမာရဇိန် အောင်တော်မူဘုရားရဲ့ သမိုင်းကျောက်စာတွေကို ဖျက်ဆီးခံလိုက်ရပါတယ်။ ဒါဟာ KIA အဖွဲ့ဝင်အချို့နဲ့ မူဆလင် ညီအစ်ကိုများအဖွဲ့ရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ပုံသေပြောနိုင်တာလဲဆိုတော့အဲဒီဘုန်းကြီးကျောင်းအနီးက တောထဲမှာKIAအဖွဲ့တပ်ရင်း(၁၆)နဲ တပ်ရင်း(၂၁)တိုလှုပ်ရှားသွားလာနေသောကြောင့် ဖြစ်ပါတယ်။ အဲဒီလို ဖျက်ဆီးခိုင်းဖို့အတွက် ဘုန်းကြီးကျောင်းကို လာတဲ့ လမ်းမှာ မိုင်းတွေထောင်ထားပြီး ဒေသခံပြည်သူတွေ မလာရဲအောင် ခြိမ်းခြောက်ထားပါတယ်။ ပြီးတော့အဲဒီဘုန်းကြီး ကျောင်းမှာ ကျောင်းထိုင်နေတဲ့ ဆရာတော် ဘဒ္ဒန္တ၀ါရိန္ဒရဲ့ အသုံးအဆောင်ပစ္စည်းများကို KIA အဖွဲ့က ဖျက်ဆီးသွားတယ် ဆိုတဲ့အကြောင်း လွယ်ဂျယ်မြို့ခံ ရှမ်းတွေကို ဆရာတော်က ပြောပြခဲ့ပါတယ်။ ဘုရားစေတီတွေကိုလည်း ဖျက်ဆီးလေ တော့ ဆရာတော်ခမျာ တရုတ်နိုင်ငံ၊ ကျန်ဖုန်းမြို့နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သွားရောက် သီတင်း သုံးခဲ့ရပါတယ်။ဒါ့ကြောင့် KIA နဲ့ မွတ်စလင် ညီအစ်ကိုများအဖွဲ့ ပူးပေါင်းပြီး ဘုရားစေတီတွေ၊ သာသနိကအဆောက်အအုံတွေကို ဖျက်ဆီးခဲ့တာကို မကျေနပ်လို့ လွယ်ဂျယ်မြို့နယ်ခွဲအတွင်းမှာရှိတဲ့ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်တွေက ကန့်ကွက်ဆန္ဒဖော် ထုတ်မှုပြုလုပ်ခဲ့တာ မှတ်မိနေပါတယ်။  KIO/KIA ခေါင်းဆောင်ကြီးတွေကတော့အဲဒီကိစ္စသူတို့မဟုတ်ပါဘူးလို့ ဗြောင်ပဲ ငြင်းခဲ့ပါတယ်။ ကျွန်တော်သိတာပေါ့ဗျာ။ မွတ်စလင်တွေနဲ့ပေါင်းပြီး ဘုရားခေါင်းဖြတ်တာ KIA အဖွဲ့ပါ။ မြန်မာနိုင်ငံမှာ ဂျီဟတ်ဆင်နွဲဖို့တောင် လုပ်နေတဲ့အဖွဲ့ပါ။ KIA တပ်ဖွဲ့ဝင်တွေ ခရစ်ယာန်ကနေ အစ္စလာမ်ဘာသာ ကူးပြောင်းသွားသလား မပြောတတ်ပါ။ ယနေ့နာမည်ထွက်နေတဲ့ KIA နဲ့ ဘင်္ဂလီပေါင်းစည်းရေးကိစ္စ ဗွီဒီယိုမှတ်တမ်းပေါ်သွားလို့သာ KIA ဒုစစ်ဦးစီးချုပ်က သူတို့ အဖွဲ့ကို ကမ်းလှမ်းတာ မရှိသေးဘူးလို့ ၀ိနည်းလွတ်ပြောသွားတာပါ။ တကယ်တော့ တစ်မျိုးသားလုံးအတွက် အန္တရာယ် အရမ်းရှိနေတဲ့ KIA နဲ့ ဘင်္ဂါလီကိစ္စ မပူးပေါင်းနိုင်ရန် KIA နဲ့မွတ်စလင် ညီအစ်ကိုများအဖွဲ့တို့ ပူးပေါင်းပြီး အဖျက်လုပ်ငန်း များ လုပ်ဆောင်နေကြောင်း သတိချပ်နိုင်စေ ရန် စေတနာနဲ့ ရေးသား လိုက်ခြင်းဖြစ်ပါတယ်ဗျာ။ KIO/KIA အတွင်းရေးများ အပိုင်း (၇) အား ဆက်လက်ဖော်ပြပါမည်။ ဘရန်စန်အောင် အပိုင်း (၁) အား ပြန်လည် ဖတ်ရှုလိုပါလျှင်

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း(၁) http://newskia.blogspot.com/2014/10/kiokia_27.html

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ - အပိုင်း(၂)  http://newskia.blogspot.com/2014/10/kiokia_12.html

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း(၅)

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း(၅) ဒီတစ်ခါရေးမယ့်အတွင်းရေးကတော့ တော်တော်ထူးခြားပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတဲ့အတွက် မရေးဘူးလို့စဉ်းစားပြီးကာမှ နှမချင်းကိုယ်ချင်းစာနာ တဲ့စိတ်ကလေးပြန်ဝင်လာပြီး ရေးဖြစ်ခဲ့တာပါ။ သူကတော့အခြားသူမဟုတ်ပါဘူး။ KIA အဖွဲ့ရဲ့ဒုတိယအကြီးဆုံးခေါင်းဆောင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ပဲဖြစ်ပါတယ်။ အများအမြင်မှာတော့ သူဟာမျက်နှာပြုံးရွင်ဖော်ရွေပြီး နှုတ်ချိုသူတစ်ဦးလို့ ထင် ကောင်းထင်ကြပါလိမ့်မယ်။ အဲဒီလို လူမျိုးပိုကြောက်ရတယ်ဆိုတာ တကယ့်အမှန်တရားလို့ပြောချင်ပါတယ်။ KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာမှာ စစ်မှုထမ်းကြတဲ့ ကချင်မလေးတွေဟာ ခေါင်းဆောင်ကြီးတွေ လိုအပ် ချိန်တိုင်း ခြေတော်တင်ခံရတဲ့ ဘ၀တွေဖြစ်ပါတယ်။ KIO/KIA ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေရဲ့ တိတ်တိတ်ပုန်း မယားပျော်တော်ဆက်တွေ အဖြစ်လည်းနေကြရပါတယ်။ ကချင်ပြည်နယ်အတွက်လို့ ကြွေးကြော်နေတဲ့ ခေါင်းဆောင်ကြီးတွေအနေနဲ့ ကိုယ့်ပြည်နယ်ထဲက ကိုယ့်တိုင်းရင်းသူလေးတွေကို ပြန်ပြီး မပျော်မယားကြံတာ ကတော့ အင်မတန် စက်ဆုပ်ရွံရှာ မုန်းတီးစရာကောင်းတဲ့လုပ်ရပ်ပါ။ တရုတ်တွေကိုအားကျပြီး တရုတ်လမ်းစဉ် လိုက်နေကြတာနဲ့တူပါတယ်။ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်မှာ တရားဝင်မိန်းမတစ်ယောက်ပဲရှိပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာ ထားတဲ့အပျော်မယားကတော့ ရေတွက်နိုင်မယ် မထင်ပါဘူး။ သိပ်မကြာသေးခင်နှစ်ပိုင်းကပဲ အရမ်းရှက်ဖို့ ကောင်းတဲ့ ကိစ္စတစ်ခု လိုင်ဇာမှာ ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ လူသိရှင်ကြားဖုံးဖိမထားနိုင်လို့ပေါ်လာတဲ့ ဗိုလ်ချုပ်ဂွမ်မော် မယားငယ်ထားတဲ့ကိစ္စပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်က ကချင်မလေးတစ်ယောက်ကို ကွန်ပျူတာဆိုင်တွေဘာတွေဖွင့်ပေးပြီး စောင့်ရှောက်ထားပါ တယ်။ လိုင်ဇာမှာ စောင့်ရှောက်စရာလူတွေ၊ ဆင်းရဲငတ်ပြတ်နေသူတွေ အများကြီးရှိပါတယ်။ ပြောချင်တာက မရှိဆင်းရဲသားတွေကိုကျတော့ ဒီလိုဆိုင်မျိုးတစ်ယောက်တလေမှမဖွင့်ပေးဘဲ ကောင်မလေးချောချောငယ်ငယ် လေးကိုမှ ကွန်ပျူတာဆိုင်ဖွင့်ပြီး စောင့်ရှောက်တာဟာ ဘာသဘောပါလဲ မေးစရာဖြစ်လာပါတယ်။ နောက်တော့ ဇာတ်လမ်းက အဖြေထွက်လာပါတော့တယ်။ ဗိုလ်ချုပ်ဂွမ်မော်စောင့်ရှောက်ထားတဲ့ အဲဒီကောင်မလေးမှာ ကိုယ်ဝန်ရလာတာပါပဲ။ KIA ဒုစစ်ဦးစီးချုပ် ကိုယ်တိုင်ကယ်တင်ထားတဲ့ မိန်းကလေးကို ဘယ်သူစော်ကားတာလဲ ကြေညာဆိုပြီး အုတ်အော်သောင်းနှင်းဖြစ် ခဲ့ပါတယ်။ ဒါပေမယ့် တရားခံမပေါ်ပါဘူး။ အဲဒီမိန်းကလေးဟာမီးဖွားရင်းကံဆိုးစွာနဲ့ သေဆုံးသွားခဲ့ရရှာတယ်။ မွေးလာတာကတော့ အမြွာလေးပါ။ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ပန်းပု ထုထားသလားအောက်မေ့ရတယ်၊ တစ်ရုပ်တည်း ကိုတူနေတာပါ။ ဒါပေမယ့် မင်းသားကြီးကတော့ သရုပ်ဆောင်ပီပြင်စွာနဲ့ပဲ သူနဲ့ရတာမဟုတ်ဘူးလို့ ငြင်းခဲ့ ပါတယ်။ လူတွေကတော့ လူကြီးကသနားလို့ စောင့်ရှောက်တာ ကောင်မလေးက အနေအထိုင်မတတ်ဘူးဆိုပြီး အပြစ် ပြောကြပါတယ်။ အဲဒီလူတွေကို မေးပါရစေ။ သနားလို့ စောင့်ရှောက်စရာ ဒီမိန်ကလေးပဲရှိသတဲ့လား။ သနား စရာရဲဘော်တွေအများကြီးပါ။ လိုင်ဇာမှာနေတဲ့ လူတိုင်းကို ဒီလိုဆိုင်မျိုး တစ်ယောက်တစ်ဆိုင်ဖွင့်ပေးလို့လား။ အဲဒီလိုလုပ်ပေးရင် ကျွန်တော်ဂါရ၀ ပြုပါမယ့်ဗျာ။ ဒီလိုအဖြစ်မျိုး ကြုံခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ ဒုစစ်ဦးစီးချုပ်ကတော့ အပြုံးမပျက်ပန်းပန်လျက်ပါပဲ။ ဆက်ပြီး တော့လဲ ဆိုင်ဖွင့်ပေးပြီး ကူညီစောင့်ရှောက်ပေးနေတဲ့ မိန်းကလေးတွေအများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့ အချင်းချင်းနောက်တဲ့ စကားတောင်ရှိပါသေးတယ်။ ``ချောချောလေးမြင်လို့ သွားမကြိုက်နဲ့အုံး၊ ဦးဂွမ်မော်နဲ့ လွတ်လားလို့ အရင်စုံစမ်းအုံး´´ ဆိုတဲ့စကားပါ။ ပြောတော့ ပြည်နယ်အတွက် လုပ်နေတဲ့လုပ်ရပ်တွေကကချင် ပြည်သူတွေလေးစားလောက်တဲ့လူကြီးတစ်ယောက်မှာ ရှိသင့်တဲ့ ဂုဏ်အင်္ဂါနဲ့ လုံးဝမညီဘူးလို့ပဲပြောချင်ပါတယ် ဗျာ။ KIO/KIA အတွင်းရေးများ အပိုင်း(၆)အား ဆက်လက်ဖော်ပြပါမည်။ ဘရန်စန်အောင်

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း(၅)

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း(၅) ဒီတစ်ခါရေးမယ့်အတွင်းရေးကတော့ တော်တော်ထူးခြားပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတဲ့အတွက် မရေးဘူးလို့စဉ်းစားပြီးကာမှ နှမချင်းကိုယ်ချင်းစာနာ တဲ့စိတ်ကလေးပြန်ဝင်လာပြီး ရေးဖြစ်ခဲ့တာပါ။ သူကတော့အခြားသူမဟုတ်ပါဘူး။ KIA အဖွဲ့ရဲ့ဒုတိယအကြီးဆုံးခေါင်းဆောင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ပဲဖြစ်ပါတယ်။ အများအမြင်မှာတော့ သူဟာမျက်နှာပြုံးရွင်ဖော်ရွေပြီး နှုတ်ချိုသူတစ်ဦးလို့ ထင် ကောင်းထင်ကြပါလိမ့်မယ်။ အဲဒီလို လူမျိုးပိုကြောက်ရတယ်ဆိုတာ တကယ့်အမှန်တရားလို့ပြောချင်ပါတယ်။ KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာမှာ စစ်မှုထမ်းကြတဲ့ ကချင်မလေးတွေဟာ ခေါင်းဆောင်ကြီးတွေ လိုအပ် ချိန်တိုင်း ခြေတော်တင်ခံရတဲ့ ဘ၀တွေဖြစ်ပါတယ်။ KIO/KIA ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေရဲ့ တိတ်တိတ်ပုန်း မယားပျော်တော်ဆက်တွေ အဖြစ်လည်းနေကြရပါတယ်။ ကချင်ပြည်နယ်အတွက်လို့ ကြွေးကြော်နေတဲ့ ခေါင်းဆောင်ကြီးတွေအနေနဲ့ ကိုယ့်ပြည်နယ်ထဲက ကိုယ့်တိုင်းရင်းသူလေးတွေကို ပြန်ပြီး မပျော်မယားကြံတာ ကတော့ အင်မတန် စက်ဆုပ်ရွံရှာ မုန်းတီးစရာကောင်းတဲ့လုပ်ရပ်ပါ။ တရုတ်တွေကိုအားကျပြီး တရုတ်လမ်းစဉ် လိုက်နေကြတာနဲ့တူပါတယ်။ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်မှာ တရားဝင်မိန်းမတစ်ယောက်ပဲရှိပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာ ထားတဲ့အပျော်မယားကတော့ ရေတွက်နိုင်မယ် မထင်ပါဘူး။ သိပ်မကြာသေးခင်နှစ်ပိုင်းကပဲ အရမ်းရှက်ဖို့ ကောင်းတဲ့ ကိစ္စတစ်ခု လိုင်ဇာမှာ ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ လူသိရှင်ကြားဖုံးဖိမထားနိုင်လို့ပေါ်လာတဲ့ ဗိုလ်ချုပ်ဂွမ်မော် မယားငယ်ထားတဲ့ကိစ္စပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်က ကချင်မလေးတစ်ယောက်ကို ကွန်ပျူတာဆိုင်တွေဘာတွေဖွင့်ပေးပြီး စောင့်ရှောက်ထားပါ တယ်။ လိုင်ဇာမှာ စောင့်ရှောက်စရာလူတွေ၊ ဆင်းရဲငတ်ပြတ်နေသူတွေ အများကြီးရှိပါတယ်။ ပြောချင်တာက မရှိဆင်းရဲသားတွေကိုကျတော့ ဒီလိုဆိုင်မျိုးတစ်ယောက်တလေမှမဖွင့်ပေးဘဲ ကောင်မလေးချောချောငယ်ငယ် လေးကိုမှ ကွန်ပျူတာဆိုင်ဖွင့်ပြီး စောင့်ရှောက်တာဟာ ဘာသဘောပါလဲ မေးစရာဖြစ်လာပါတယ်။ နောက်တော့ ဇာတ်လမ်းက အဖြေထွက်လာပါတော့တယ်။ ဗိုလ်ချုပ်ဂွမ်မော်စောင့်ရှောက်ထားတဲ့ အဲဒီကောင်မလေးမှာ ကိုယ်ဝန်ရလာတာပါပဲ။ KIA ဒုစစ်ဦးစီးချုပ် ကိုယ်တိုင်ကယ်တင်ထားတဲ့ မိန်းကလေးကို ဘယ်သူစော်ကားတာလဲ ကြေညာဆိုပြီး အုတ်အော်သောင်းနှင်းဖြစ် ခဲ့ပါတယ်။ ဒါပေမယ့် တရားခံမပေါ်ပါဘူး။ အဲဒီမိန်းကလေးဟာမီးဖွားရင်းကံဆိုးစွာနဲ့ သေဆုံးသွားခဲ့ရရှာတယ်။ မွေးလာတာကတော့ အမြွာလေးပါ။ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ပန်းပု ထုထားသလားအောက်မေ့ရတယ်၊ တစ်ရုပ်တည်း ကိုတူနေတာပါ။ ဒါပေမယ့် မင်းသားကြီးကတော့ သရုပ်ဆောင်ပီပြင်စွာနဲ့ပဲ သူနဲ့ရတာမဟုတ်ဘူးလို့ ငြင်းခဲ့ ပါတယ်။ လူတွေကတော့ လူကြီးကသနားလို့ စောင့်ရှောက်တာ ကောင်မလေးက အနေအထိုင်မတတ်ဘူးဆိုပြီး အပြစ် ပြောကြပါတယ်။ အဲဒီလူတွေကို မေးပါရစေ။ သနားလို့ စောင့်ရှောက်စရာ ဒီမိန်ကလေးပဲရှိသတဲ့လား။ သနား စရာရဲဘော်တွေအများကြီးပါ။ လိုင်ဇာမှာနေတဲ့ လူတိုင်းကို ဒီလိုဆိုင်မျိုး တစ်ယောက်တစ်ဆိုင်ဖွင့်ပေးလို့လား။ အဲဒီလိုလုပ်ပေးရင် ကျွန်တော်ဂါရ၀ ပြုပါမယ့်ဗျာ။ ဒီလိုအဖြစ်မျိုး ကြုံခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ ဒုစစ်ဦးစီးချုပ်ကတော့ အပြုံးမပျက်ပန်းပန်လျက်ပါပဲ။ ဆက်ပြီး တော့လဲ ဆိုင်ဖွင့်ပေးပြီး ကူညီစောင့်ရှောက်ပေးနေတဲ့ မိန်းကလေးတွေအများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့ အချင်းချင်းနောက်တဲ့ စကားတောင်ရှိပါသေးတယ်။ ``ချောချောလေးမြင်လို့ သွားမကြိုက်နဲ့အုံး၊ ဦးဂွမ်မော်နဲ့ လွတ်လားလို့ အရင်စုံစမ်းအုံး´´ ဆိုတဲ့စကားပါ။ ပြောတော့ ပြည်နယ်အတွက် လုပ်နေတဲ့လုပ်ရပ်တွေကကချင် ပြည်သူတွေလေးစားလောက်တဲ့လူကြီးတစ်ယောက်မှာ ရှိသင့်တဲ့ ဂုဏ်အင်္ဂါနဲ့ လုံးဝမညီဘူးလို့ပဲပြောချင်ပါတယ် ဗျာ။ KIO/KIA အတွင်းရေးများ အပိုင်း(၆)အား ဆက်လက်ဖော်ပြပါမည်။ ဘရန်စန်အောင်