မြန်ပြည်မြောက်ပိုင်း၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက ဆိုင်ပေါင်းတစ်ရာ ကျော်ကို ၂၀၁၄-ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်၊ (၁၉)ရက်နေ့များတွင် ဆိုင်သေးတစ်ဆိုင်လျှင် ကျပ်(၁)သိန်းနှင့် ဆိုင်ကြီးတစ်ဆိုင်လျှင် ကျပ်(၇)သိန်းနှုန်းကို KIA တပ်ရင်း(၆)က ဆက်ကြေးကောက်ခံသွားခဲ့ပြီး မနက်ဖြန် အောက်တိုဘာလ (၂၀)ရက်နေ့တွင် လူဦးရေနှစ်ဆယ်ကျော်ကို ဆိပ်မူရွာဟောင်းတွင် လာရောက်ပေးဆောင်ရန် ဆင့်ခေါ်ထားတယ်လို့ သိရှိရသည်။ ဖားကန့်ဒေသတွင် မကြာခဏဆိုသလို KIA မှ ဆက်ကြေးကောက်ခံလေ့ရှိပြီး ယခုတစ်ကြိမ် ဆိပ်မူရွာတွင် ဆက်ကြေးကောက်ခံခြင်းသည် ကျပ်သိန်း တစ်ထောင် ၀န်း ကျင်ခန့်ရှိသွားပြီဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောဆိုပါသည်။ အခုလို ဆိပ်မူကျေးရွာတွင် ဆက်ကြေးအမြောက်အများ ကောက်ခံနေခြင်းသည် ဖားကန့်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေချိန်လည်း ဖြစ်ပါသည်။ ဧရာဝတီမြစ်ဖျားဆီက
No comments:
Post a Comment