Monday, October 20, 2014

အောင်ဘာလေရွာက KIA တပ်ဖွဲ့ဝင်တွေကို ပြောင်းရွှေ့ဖို့ ဘာ့ကြောင့်သတိပေးခဲ့သလဲ

ကချင်ပြည်နယ်၊ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ၊ အောင် ဘာလေကျေးရွာအနီးဝန်းကျင်တွင် အခြေပြုလှုပ်ရှားနေသော ကချင်လွတ်ြေ မာက်ရေးတပ်မတော်(KIA)အဖွဲ့၊ တပ်ရင်း(၆)မှ ထုတ်နုတ်အဖွဲ့ငယ် များအား အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးရန် အစိုးရတပ်မှ သတိပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ KIA တပ်ဖွဲ့ဝင်များအား ပြောင်းရွှေ့ခိုင်းခြင်းမှာ မြို့နယ်အုပ်ချုပ်မှု ကိစ္စများတွင် ၀င်ရောက်စွက်ဖက် မှုများရှိနေ၍ မြို့မိမြို့ဖ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့များ၏ လိုလားချက်အရ အစိုးရတပ်မှ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပြီးပြောင်းရွှေ့ပေးရန် ထပ်မံသတိပေးထားကြောင်း သိရသည်။ KIA တပ်ရင်း(၆)ဌာနချုပ်အား ပြောင်းရွှေ့ခိုင်းခြင်း မဟုတ်ဘဲ အောင်ဘာေ လရွာအနီးတွင် နေရာယူ ထားသော ထုတ်နုတ်ကာကင်းများအား ဌာနချုပ်သို့ြေ ပာင်းရွှေ့ရန်ဖြစ်ကြောင်း၊ အစိုးရတပ်၏ သတိပေးမှုကို KIA ဗဟိုဌာနချုပ်သို့ တင်ပြထားရာ ဆုတ်ခွာမပေးရန် ညွှန်ကြားထားကြောင်း KIA ဘက်မှ အတိအ လင်း ထုတ်ဖော်ပြောကြားလာခဲ့သည်။ “ အောင်ဘာလေရွာမှာ သာမန်အရပ်သားမရှိပါဘူး၊ KIA အဖွဲ့က မိသား စုတွေ လာနေကြတာပါ၊ ပြီးတော့ ကာကင်းအဖွဲ့တွေလည်း ရှိပါ တယ်။ ပြောင်းေ ရွှ့ခိုင်းတာ ၂ ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ မြို့နယ်အုပ်ချုပ်မှုတွေကို ၀င်ရှုပ်လို့ ပါ။ နောက်တစ်ပိုင်းကတော့ ကျောက်မျက်ကုမ္ပဏီတွေ လုပ်ငန်းပြန်စ နေပြီဖြစ်လို့ KIA အဖွဲ့က ဆက်ကြေးကောက်တာ၊ ခြိမ်းခြောက်တာတွေလုပ်မှာကို ကာကွယ် တဲ့အနေနဲ့ လုပ်ရတာပါ”ဟု အစိုးရတပ်မှ အရာရှိကြီးတစ်ဦး ကပြောသည်။ KIA အနေဖြင့် အဆိုပါနေရာများမှ ဆုတ်ခွာပေးရန် အစီအစဉ်မရှိကြောင်း လူမိုက်စကားပြောလာ ခြင်း၏ အကျိုးဆက်အနေဖြင့် အစိုးရတပ်များ အင်အား သုံးတိုက်ခိုက်ဖယ်ရှားလာနိုင်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း မြို့ခံအချို့က ပြောဆိုနေကြသည်။ ဖားကန့်ကျောက်စိမ်းမှော်မှ ကျောက်မျက်ကုမ္ပဏီတာဝန်ခံတစ်ဦးက “ အောင်ဘာလေရွာမှာ KIA အဖွဲ့ လာနေတာ ကျောက်မျက်ကုမ္ပဏီတွေကို ဆက်ကြေးကောက်ဖို့ပါ၊ ဆင့်ခေါ်စာတွေနဲ့ကို ကောက်တာ၊ လုပ်ငန်း တွေကို အနှောင့်အယှက်ပေးသလို နယ်မြေလုံခြုံရေးအားနည်းတဲ့အတွက် ပစ်ခတ် တာတွေလုပ်လာနိုင်တာ ကြောင့် ပြောင်းခိုင်းတာလို့ သိရတယ်” ဟု ပြောကြား သွားခဲ့သည်။ ထွန်းနေအောင်(ဖားကန့်)

No comments:

Post a Comment