ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရာမွတ်မှော်တွင် ပယင်းကျောက် တူးဖော်နေသော ဒေသခံရွာသား
(၇)ဦးအား အောက်တိုဘာ ၁၈ ရက်နေ့၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါမှော်အား လွန်ခဲ့သော ရက်သတ္တပတ် ၂ ပတ်ခန့်မှစ၍ KIA အဖွဲ့က ပိတ်ထားခဲ့ပြီး မှော်သူမှော်သားများ အား မောင်းထုတ် ခဲ့ရာ နေရပ်အသီးသီး သို့ ပြန်သွားကြရကြောင်း သိရသည်။
``မိသားစု စားဝတ်နေရေးအတွက် ၀င်တူးကြတာပါ၊ လုပ်ငန်းမှန်သမျှ KIA အဖွဲ့ က ချုပ်ကိုင်ထားတော့ ဒေသခံတွေလည်း ဘာမှ လုပ်စားစရာမရှိဘူး၊ ဒီကြားထဲလူသစ်စုတာတွေကြောင့် ရွာတွေမှာလည်း အတည် တကျ မနေရဲဘူး´´ ဟု ဒေသခံတစ်ဦးက ပြောသည်။
KIA အဖွဲ့မှ ပယင်းကျောက်တူးဖော်သော ရွာသား(၇)ဦးအား ဖမ်းဆီး၍ တပ်ရင်း(၁၄)ဌာနချုပ်ဟောင်း ကောင်ဂျာသို့ ခေါ်ဆောင်ချုပ်ဆောင်ထားကြောင်းနှင့် လူတစ်ဦးလျှင် ငွေ(၅)သိန်းဖြင့် ပြန်ရွေးရန် ပြောကြား ထားကြောင်း သိရသည်။
``ဒီမှော်တွေကို KIA အဖွဲ့က သူတို့အပိုင်လုပ်နေတာ၊ ကချင်ပြည်နယ် မှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံးနဲ့ လည်း ဆိုင်တယ်လေ၊ ကိုယ့်ဒေသ ကထွက်တဲ့ သယံဇာတကို ကိုယ်တူးခွင့်မရှိဘူးလား၊ KIA အဖွဲ့က အရာ အားလုံးကို သူတို့ချုပ်ကိုင်နေတာ၊ ဒေသခံတွေကို အခိုင်းအစေ ကျွန်တွေ လို နေစေချင်တာ´´ ဟု ဖမ်းဆီးခံရ သော ရွာသားများနှင့် ဆွေမျိုးတော်စပ် သူတစ်ဦးက ပြောသည်။
KIA အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် မထိုး ရသေးသော အဖွဲ့ဖြစ်ပြိး ၎င်းတို့၏ အကျိုးစီးပွားနှင့် ရာထူးအာဏာ တည်မြဲရေး အတွက် ကချင်ပြည်နယ်ကို ဆက်လက်ချုပ်ကိုင်လိုခြင်းကြောင့်သာ လက်မှတ် မထိုးခြင်းဖြစ်ကြောင်း တရုတ် - မြန်မာနယ်စပ်မှ ကချင်အရေးလေ့ လာသုံ သပ်သူ သတင်းထောက် တစ်ဦးက ပြောကြားသွားသည်။
ဇော်မိုင်
Kachin Daily News
No comments:
Post a Comment