Saturday, January 10, 2015

"ဒိုင်း . . . ဦးတင်အေး" = = = = = = =

"ဒိုင်း . . . ဦးတင်အေး" = = = = = = =

“စစ်တပ်က အာဏာမသိမ်းချင်လို့ လွှတ်တော်တွေထဲမှာ ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းယူထားတာပေါ့”၊ “ပြည်တွင်း မငြိမ်မသက် ဖြစ်ရင် ဆူဆူပူပူဖြစ်ရင်တော့ တပ်မတော်က အာဏာသိမ်းရလိမ့်မယ်”” တဲ့။ အဲဒီစကားတွေက ၂၀၁၄ ခု ဒီဇင်ဘာလ (၁၆)ရက် အနုပညာရှင်တွေနဲ့တွေ့ဆုံပွဲမှာ ဦးတင်အေးပြောဆိုခဲ့တဲ့ စကားတွေပါ။ ဦးတင်အေးဆိုတာ တခြားပုဂ်္ဂိုလ်ဟုတ်ပါရိုးလား။ ကျွန်တော်တို့ ၂၀၁၅ ခု အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်၊ မျှတ၊ သမာသမတ်ကျအောင် ဆောင်ရွက်ပေးမယ့် ကော်မရှင်ဥက္က ဋ္ဌကြီးဖြစ်ပါတယ်။ အဲဒီစကားနဲ့ပတ်သက်ပြီး နိုင်ငံရေးရပ်ဝန်းမှာ ဦးတင်အေးဟာ ကော်မရှင်ဥက္ကဋ္ဌတယောက်အနေနဲ့ မပြောသင့်၊ မပြောထိုက်တဲ့စကားကို ပါးစပ်စည်းမစောင့်ဘဲ ပြောကြားတယ်။ တပ်မတော်ကို ကာကွယ် ပြောတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြားရမယ့် စကား ကို ပါးစပ်အငှားနဲ့ပြောဆိုတယ်ဆိုပြီး ဝေဖန်နေကြလေရဲ့။ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲစကားတွေကို အမှန်အတိုင်းပြောကြား တတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ။ ဦးလှဆွေဆိုတာတော့ သိကြတယ်မဟုတ်လား။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ““ရွှေလက်နဲ့ခေါ် လို့မလာရင် ဘူးလက်(Bullet ကျည်ဆန်)နဲ့ ခေါ်ရမှာပေါ့” လို့ ပြောခဲ့ တဲ့အတွက် ဘူးလက်လှဆွေလို့ နာမည်တလုံးရရှိခဲ့သူလေ။ သူကတော့ ဦးတင်အေးရဲ့စကားကို “ဟုတ်တယ်လေ၊ ဆူဆူပူပူဖြစ်ရင်တော့ တပ်မတော်က အာဏာသိမ်းမှာပဲ။ တပ်မတော်ကအာဏာမသိမ်းစေချင်ရင် ဆူဆူပူပူမလုပ်ကြနဲ့ပေါ့” တဲ့။ မှတ်သားလောက်ပါပေတယ်။ ဒီမှာ ပြည်သူတယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ပြောရရင်တော့ နိုင်ငံတော် အစိုးရဟာ ကျွန်တော်တို့ကို မွေးရာပါအခွင့်အရေးတွေပေး ရပါလိမ့်မယ်၊ အလေးထားရပါလိမ့်မယ်၊ မတရားသဖြင့် ကျွန်တော်တို့ အပေါ် ပြုမူဆက်ဆံလာရင်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ စွမ်း ဆောင်နိုင်တဲ့ ဆန္ဒပြတောင်းဆိုဖော်ထုတ်မှုတွေကို ပြုလုပ်ရပါလိမ့်မယ်။ အဲဒီလို ဆန္ဒပြတောင်းဆိုဖော်ထုတ်မှုတွေကို ဘာကြောင့်ပြုလုပ်နေကြပါသလဲ။ ဘာကြောင့် ဖြစ်ပွားနေရပါသလဲဆိုတာ မလေ့လာ၊ မစူးစမ်း၊ မသုံးသပ်ဘဲ အားအားရှိ ဆူဆူပူပူလုပ်နေကြတာပဲလို့ဆိုရင်တော့ ဦးလှဆွေ ရေ၊ ကာချုပ်ကို မျက်စသာပစ်လိုက်ပေရော့။ ဒါ့ပြင် ကော်မရှင်ဥက္ကဋ္ဌရဲ့စကားကို ကြားလိုက်ရတော့ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅)ကျော်က မြန်မာ့ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းရဲ့ စကားကို ပြန်လည်အမှတ်ရမိပါသေးတယ်။ “စစ်တပ်ဆိုတာပစ်ရင် မိုးပေါ် ထောင်ပစ်မှာ မဟုတ်ဘူး၊ တည့်တည့်ပစ်မှာ၊ နောက်တခါ ဆူဆူပူပူလုပ် ကြရင်တော့ မသက်သာဘူးလို့သာ မှတ်ကြပေတော့” တဲ့။ တကယ်လည်း ရှစ်လေးလုံး အရေးတော်ပုံမှာ စစ်တပ်ဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန်္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကို စစ်မြေပြင်မှာတွေ့တဲ့ ရန်သူတွေ အလား ရက်ရက်စက်စက် ပစ်သတ်ခဲ့တယ်လေ။ ဒါပေမဲ့ ပြည်သူတွေဟာ ရင်နှင့်အမျှ နာကြည်းခံစားနေရလို့ နောက်တွန့်မသွားကြဘူး။ နောက်ဆုံး တော့ ဦးနေ၀င်းတယောက် အာဏာကိုလက်လွှတ်လိုက်ရတော့တယ်။ ပြည်သူတွေ အောင်ပွဲခံနိုင်ကြတယ်။ ဒီမှာ ကျွန်တော့်အနေနဲ့တော့ ဦးတင်အေးဟာ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်ထိုက်ပါရဲ့လားဆိုတာ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုက်ဆိုင် ကြည့်မိတယ်။ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း (၉) ရွေး ကောက်တင်မြှောက်ခြင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်း ခြင်းဆိုတဲ့ ပုဒ်မ ၃၉၈ (ခ)မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေရှိရမယ့် အရည်အချင်းတွေကို ဖော်ပြထားတယ်။ အဲဒါတွေကတော့- (၁) အသက် (၅၀)ပြည့်ပြီးသူ ဖြစ်ရမည်။ (၂) အသက်ကန့်သတ်ချက်မှအပ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်။ (၃) (ကက) ပြည်ထောင်စုတရားသူကြီးချုပ်သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ဖြစ်စေ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရား သူကြီးအဖြစ်ဖြစ်စေ၊ အလားတူရာထူးတာဝန်တခုခုတွင်ဖြစ်စေ အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူဖြစ်ရမည်။ သို့မဟုတ် (ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရမည်။ သို့မဟုတ် (ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံးနှစ်(၂၀)အမှု လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ရမည်။ သို့မဟုတ်(ဃဃ) ထင် ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ်္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဖြစ်ရမည်။ (၄) သိက္ခာသမာဓိနှင့်ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သူဖြစ် ရမည်။ (၅) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း မရှိသူဖြစ်ရမည်။ (၆) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။ (၇) နိုင်ငံရေးပါတီဝင် မဟုတ်သူ ဖြစ်ရမည်။ (၈) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရမည်။ (၉) လစာ၊ စရိတ်၊ ငွေကြေးရသော အခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်လို့ ဖော်ပြထားတာတွေ့ကြရ တယ်။ ဒီမှာ ဦးတင်အေးအကြောင်းကို ကျွန်တော် သိရှိရသလောက် ပြောရရင်တော့ သူကစစ်တက္ကသိုလ် အပတ်စဉ်(၉)ကျောင်းဆင်းတယောက်ပါ။ ၁၉၉၄ ခုနှစ်လောက်မှာ တနင်္သာရီတိုင်းမှာ အသစ်ဖွင့်လှစ် တဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ဗိုလ်မှူးချုပ်တာဝန်ယူခဲ့တယ်။ နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့တယ်။ ဒုဗိုလ်ချုပ်ကြီးအဆင့်ထိ ရောက်ရှိခဲ့တယ်။ စစ်တပ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံတဦး ဖြစ်တယ်လို့လူသိများတယ်။ လက်ရှိသမ္မတဦးသိန်းစိန်နဲ့လည်း နီးစပ် ရင်းနှီးလှပါတယ်။ (အဲဒါနဲ့ပတ်သက်လို့ ထောက်ပြကြလို့ ဦးတင်အေးက လူချင်းရင်းနှီးမှုနဲ့ ဘက်လိုက်မှုဟာ သီးခြားစီပါလို့ဖြေရှင်းခဲ့ဖူးတယ်) သူ ဟာ နအဖလက်ထက်မှာ အဆင့်(၆)ခေါင်းဆောင်လို့သတ်မှတ်ခံရတယ်။ ၂၀၁၀ပြည့် ရွေးကောက်ပွဲမှာတော့ စစ်တပ်ကနေ အရပ်ဖက်ပြောင်းပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ဒါပြင် ၂၀၁၃ ခု သြ ဂုတ်လထိ စစ်တပ်စီးပွားရေး အကောင် အထည်ဖော်ပေးရတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှာ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့တယ်။ အဲဒါက ကျွန်တော်သိရှိထားတဲ့ ဦးတင်အေးအကြောင်း။ အဲဒီမှာ ကျွန်တော်ထုတ်နုတ်ပြခဲ့တဲ့ ၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ဦးတင်အေး ကိုက်ညီ၊ မကိုက်ညီ ညှိနှိုင်းကြည့်ရအောင်ပါ။ အမှတ်စဉ် (၁)နဲ့ (၂)က ကိုက်ညီ တယ် ထားကြစို့။ အမှတ်စဉ် (၃) (ကက)၊ (ခခ)၊ (ဂဂ)နဲ့တော့ မကိုက်ညီဘူး။ (ဃဃ) နဲ့တော့ ကိုက်ညီလိမ့်မယ်လို့ ယူဆရပါတယ်။ ဂုဏ်သတင်းရှိတဲ့ ထင်ပေါ်ကျော် ကြားမှုဆိုတာကိုတော့ စဉ်းစားခွင့်ပြုပါဦး။ အမှတ် (၄) အတွေ့အကြုံရင့်ကျက်သူ ဖြစ်ပြီ ပေါ့။ အသက်က (၇၀)ကျော်ပြီမှကိုး။ သိက္ခာ သမာဓိနဲ့ပြည့်စုံသူဆိုတာကတော့ ဦးတင် အေးကိုယ်တိုင်မှပဲ သိရှိပါလိမ့်မယ်။ အမှတ် (၅)နဲ့ ကိုက်ညီနိုင်ပါတယ်။ အမှတ်(၆)ကတော့ ၂၀၁၅ ခု ရွေးကောက် ပွဲက သက်သေခံပါလိမ့်မယ်။ အမှတ် (၇)က ဦးတင်အေးက ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရဲ့ အလုပ်အမှုဆောင် မဟုတ်ပါလား။ (လက်ရှိသမ္မတ ဦးသိန်းစိန်သည်ပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက်္ကဋ္ဌဖြစ်၏၊ မဖြစ်၏၊ အငြင်းပွားကြဆဲလေ) အမှတ်(ဂ)က ဦးတင်အေး ဟာ မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လို့ ကျွန်တော်တို့သိရှိထားတာနော်။ (နုတ်ထွက်ပြီးပြီကွ ဆိုရင်တော့ လေ့လာမှုအားနည်းတဲ့ ကျွန်တော့်ကိုခွင့်လွှတ်ပါ) အမှတ်(၉)ကတော့ ကိုက်ညီနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၄ ခု နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို လွှတ်တော်သက်တမ်းတိုးတောင်းလို့၊ အတိုက်အခံတွေ အားလုံး အနိုင်ရဦးတော့ လက်ရှိအာဏာရပါတီရဲ့ အင်အားကိုမကျော်လွန် နိုင်လို့၊ နိုင်ငံတော်ဘဏ္ဍာငွေတွေ ကုန်ကျမှာမို့ဆိုတဲ့ အမြော်အမြင်ရှိမှု၊ စေတနာထားမှုတွေကြောင့် မကျင်းပခဲ့ရှာပါဘူး။ ဥက်္ကဋ္ဌကြီးကို လေးစား ကျေးဇူးတင်ရပါသေးတယ်။ တခါ ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရရှိခဲ့လို့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ စွပ်စွဲခံခဲ့ရသေးတယ်။ ဥက္ကဋ္ဌကြီးကိုယ်တိုင်ပြောခဲ့တာပဲလေ။ အခုလာမယ့် ၂၀၁၅ ခု ရွေးကောက်ပွဲကို တရားမျှတမှု အရှိဆုံး ဖြစ်အောင် ကျင်းပသွားမယ်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုလည်း လာရောက်ခွင့်ပြုမယ်။ ဒီအချက်တွေကတော့ ဥက္ကဋ္ဌကြီးကို (တကယ်ပြောတာပါ) လေးစားကြည်ညိုမိပါရဲ့။ ဒါပေမဲ့ စစ်တပ်က အာဏာမသိမ်းချင်လို့ (၂၅)ရာခိုင်နှုန်းယူထားတာပေါ့ဆိုတဲ့ စကားရပ်ရယ်၊ (ခုလည်း (၇၅)ရာခိုင်နှုန်းကျော်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်လို့ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကိုက စစ်တပ်က အာဏာသိမ်းထားတာနဲ့ တူမနေဘူးလား) ဆူဆူပူပူဖြစ်ရင် စစ်တပ်က အာဏာသိမ်းမယ်ဆိုတဲ့စကားရပ်တွေက ဥက္ကဋ္ဌကြီးကို “ဒိုင်”အဖြစ်ကနေ “ဒိုင်း”လို့ဖြစ်သွားစေတာကတော့ စိတ်မကောင်းစရာပေပါပဲ။ “ဒိုင်”ဆိုတာက သမာသမတ်ကျပြီး ဘက်မလိုက်သူလို့ အဓိပ်္ပာယ် ရတယ်။ “ဒိုင်း”ဆိုတာက ကျွန်တော်တို့ ငယ်စဉ်က စစ်တိုက်တမ်းကစား ကြရင် သေနတ်ပစ်သံကို “ဒိုင်း”လို့ အသံထွက်ကြတယ်။ အခု ကျွန်တော် တို့ အသိုင်းအ၀န်းမှာ ဥက္ကဋ္ဌကြီးကို “ဒိုင် ဦးတင်အေး”ကနေ ပါးစပ်သေနတ် ပစ်လိုက်တော့ “ဒိုင်း ဦးတင်အေး”လို့ ဘွဲ့ထူးပေးထားကြလေရဲ့။ ကိုလေးမြတ် 

မြန်မာမျိုး မပျောက်စေဖို့ ▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼

မြန်မာမျိုး မပျောက်စေဖို့ ▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼

မြန်မာများသည် အမျိုးနှင့်ဘာသာ မကွယ်ပျောက်လိုလျှင် အစ္စလာမ်ဘာသာဝင် တို့၏နည်းများကိုပင် ပြန်လည်အတုယူရမည်ဖြစ်သည်။ ကမ္ဘာတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုး မပျောက်စေလိုလျှင် ယိုပေါက်ကြီးသုံးခုကို ပိတ်လိုက်ရမည်။

၁။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဆိုင်မှတစ်ပါး အခြခားဘာသာဝင်များ၏ ဈေးဆိုင်တွင် မဝယ်ရ။ အထူးအားဖြင့် အစွန်းရောက်ဘာသာခြားများ ဈေးဆိုင်တွင် မဝယ်ရ။

၂။ မြန်မာအမျိုးသမီးများ မြန်မာမျိုး မပျောက်စေဖို့ ▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼ သည် ဘာသာခြား အမျိုးသားများကို လုံးဝမယူရ(လုံးဝလက်မထပ်ရ)။ (အစ္စလာမ်အမျိုးသမီးများ အိမ်အပြင်မထွက်ရခြင်းမှာ တခြားဘာသာဝင် အမျိုးသားများနှင့် မရစေရန် ထိမ်းချုပ်ထားခြင်းဖြစ်သည်။) ၃။ ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသူများကိုယူပြီး ဘာသာခြားထဲ ဆွဲသွင်းသူများကို ပြင်းထန်စွာ အရေးယူသော အမျိုးစောင့် ဥပဒေကြီးကို နိုင်ငံတော်အစိုးရက ဦးဆောင်လျက် တစ်မျိုးသားလုံး ညီညွတ်စွာ ရေးဆွဲပြီး ပြဌာန်းပေးရမည်။ အီရန်နိုင်ငံသူ တစ်ယောက်ကိုယူပြီး အစ္စလာမ်ဘာသာထဲ မဝင်သည့်ဂျာမာန် အမျိုးသား တစ်ယောက်ကို အီရန်တရားရုံးက သေဒဏ်ပေးခဲ့သည်။ အမျိုးသမီးကိုလည်း ကြိမ်ဒဏ်အချက်တစ်ရာ ချမှတ်သည်၊ အီရန်အမျိုးသားများသည် သူတို့အမျိုးနှင့် သူတို့ဘာသာကို အမျိုးစောင့် ဥပဒေဆွဲ၍ စောင်ရှောက်ကြခြင်းဖြစ်၏။ မြန်မာအမျိုးသားများလည်း သူတို့ကို အတုယူပြီး ကိုယ့်အမျိုးကို စောင့်ရှောက်ရန်သာဖြစ်၏။ မေတ္တာရှင်(ရွှေပြည်သာ) ___

Friday, January 9, 2015

မူဆလင်များအား လက်ခံမိသော နိုင်ငံတစ်ခုသည်

မူဆလင်များအား လက်ခံမိသော နိုင်ငံတစ်ခုသည်

၁။ အကြမ်းဖက်မှု ကျူးလွန်ခံရရန် ၉၀ ရာခိုင်နှုန်း သေချာသည်။

၂။ ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပွားရန် ၅၀ ရာခိုင်နှုန်း သေချာသည်။

၃။ မူဆလင်ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့များ လွှမ်းမိုးခံရရန် ၅၀ ရာခိုင်နှုန်း သေချာသည်။

၎။ နဂိုမူလကတည်းကရှိခဲ့သော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာများ တိုက်ခိုက်ခံရပြီး ယုတ်လျော့၊ နောက်ဆုံး ပျောက်ကွယ်သွားဖို့ရန် ၂၅ ရာခိုင်နှုန်း သေချာသည်။

၅။ မူဆလင်များ အစိုးရအဖွဲ့အစည်းအတွင်း ပါဝင်လာရန် ၈၀ ရာခိုင်နှုန်း သေချာသည်။

၆။ မူဆလင်အများစုပါဝင်သော အစိုးရဖြစ်လာရန် ၅၀ ရာခိုင်နှုန်း သေချာသည်။

၇။ မူဆလင်အစိုးရတစ်ရပ် ထွက်ပေါ်လာရန် ၂၅ ရာခိုင်နှုန်း သေချာသည်။

၈။ မူဆလင်မဟုတ်သူများ အစ္စလာမ်ဘာသာအတွင်းသို့ အဓမ္မသွတ်သွင်းခံရဖို့ရန် ၅၀ ရာခိုင်နှုန်း သေချာသည်။

၉။ အစ္စလာမ်ဘာသာသို့ မကူးပြောင်းသူများ လူမျိုးတုန်း အသတ်ခံရရန် ၂၅ ရာခိုင်နှုန်း သေချာသည်။

၁၀။ အစ္စလမ္မစ်နိုင်ငံတော်အဖြစ် ပြောင်းလဲသွားရန် ၁၀ ရာခိုင်နှုန်း သေချာသည်။ * မူဆလင်များကို လက်ခံလိုသေးသလား? * မူဆလင်များကို နေရာပေးချင်သေးသလား? * မူဆလင်များကို ကာကွယ်ပေးဦးမှာလား? ------------------ ဓာတ်ပုံ-ဆွမ်းခံကြွသော ဗုဒ္ဓသားတော်ရဟန်းတစ်ပါးနှင့်ဆွမ်းလောင်းသူဒကာမကိုမူစလင်အကြမ်းဖက်သမားများက သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်သောကြောင့်လမ်းပေါ်တွင်သေဆုံးနေစဉ်(ထိုင်းနိုင်ငံတောင်ပိုင်း) 

စိုးစန္ဒာထွန်း အမျိုးသမီးဘ၀ မှ အမျိုးသားဘ၀သို့ အလိုအလျောက် လိင်ပြောင်းလဲ 

စိုးစန္ဒာထွန်း အမျိုးသမီးဘ၀ မှ အမျိုးသားဘ၀သို့ အလိုအလျောက် လိင်ပြောင်းလဲ 

“အမျိုးသမီးအင်္ဂါက တဖြည်းဖြည်း စေ့သွားပြီး အမျိုးသား အင်္ဂါက ရှည်ထွက်လာတယ်။ ကိုယ်ကလည်း ဘာမှနားမလည်တော့ အဲဒါကို ထွက်မလာအောင် လက်နဲ့ ခဏ ခဏ ဖိနေတာ” “သူ့ကိုရွာဦး ကျောင်းဆရာတော်ကပါ လက်ခံတယ်။ အခုဆို သူက ဆွမ်းခံရင်း ဆွမ်းတော်ဗျို့ တောင် လိုက်အော်နေတာ” ----- ----- ----- ----- ----- ----- ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆူးပိတ်ကျေးရွာရှိ အဖ ဦးရွှေထွန်း၊ အမိ ဒေါ်ယဉ်သိန်းတို့၏ သမီး မစိုးစန္ဒာထွန်း (ခ)ထွန်းထွန်းသည် သဘာဝအတိုင်း အမျိုးသမီးဘ၀မှ အမျိုးသားဘ၀သို့ အလိုအလျောက် ပြောင်းလဲလာခဲ့သည်ဟု ၎င်း၏ မိခင်က News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။ မစိုးစန္ဒာထွန်း အသက် (၉)နှစ်သည် အသက် (၆)နှစ်အရွယ်မှစတင်၍ အမျိုးသားအင်္ဂါ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်ဟု ၎င်း၏ မိခင်ကပြောသည်။ “အမျိုးသမီးအင်္ဂါက တဖြည်းဖြည်း စေ့သွားပြီး အမျိုးသား အင်္ဂါက ရှည်ထွက်လာတယ်။ ကိုယ်ကလည်း ဘာမှနားမလည်တော့ အဲဒါကို ထွက်မလာအောင် လက်နဲ့ ခဏ ခဏ ဖိနေတာ”ဟု ပြောကြားသည်။ ၎င်းသည် ကျောင်းတွင်လည်း မိန်းကလေးများနှင့်အတူထား၍မရဘဲ ယောက်ျားလေးများနှင့်သာ အတူနေထိုင် သည်ဟု ဆိုသည်။ “ဆရာမက မိန်းကလေးတွေထဲသွားရင် သူက ယောက်ျားလေးတွေထဲမှာပဲ ပြန်ထိုင်တယ်။ နောက်ပိုင်း ကျောင်းအုပ်ဆရာကြီး သိသွားမှ သူ့ကို ယောက်ျားလေးတွေထဲမှာ ထိုင်ခွင့်ပေးတော့တယ်”ဟု ဆိုသည်။ မစိုးစန္ဒာထွန်း(ခ)ထွန်းထွန်းသည် ဒုတိယတန်းတွင် ပညာသင်ကြားလျက်ရှိပြီး ယင်းကဲ့သို့ လိင်ပြောင်းလဲလာမှု အတွက် သူငယ်ချင်းများ၊ အတန်းဖော်များနှင့် မည်သည့်အခက်အခဲမျှ မရှိဘဲ ပုံမှန် ဆက်ဆံရေးအတိုင်းရှိသည်ဟု သိရသည်။ ၎င်းကိုယ်တိုင်အနေနှင့်မူ သဘာဝအတိုင်း အမျိုးသမီးအဖြစ်မှ အမျိုးသားအဖြစ်သို့ လိင်ပြောင်းလဲမှုအတွက် နှစ်သက်ခြင်းရှိသော်လည်း သာမန်မဟုတ်သည့် ဝေဒနာများ ခံစားနေရသည်ဟု ဆိုသည်။ “သူက ခေါင်းလည်း ခဏခဏ ကိုက်တယ်။ အခု (၉)နှစ်ပဲရှိသေးတယ်။ ဆံပင်ဖြူပေါက်လာတဲ့အပြင် ပြောင်းလဲလာတဲ့အင်္ဂါကနေ အမွေးတွေထွက်နေတယ်”ဟု ဒေါ်ယဉ်သိန်းက ပြောသည်။ ယင်းကဲ့သို့ ဝေဒနာခံစားနေရသော်လည်း ဆင်းရဲနွမ်းပါးမှုကြောင့် မည်သည့်ဆေးခန်းကိုမျှ မပြသနိုင်ဟု ဆိုသည်။ “သူ့အဖေက ကုန်ထမ်းတယ်။ မိသားစုက ခြောက်ယောက်ဆိုတော့ ဆေးခန်းပြဖို့ နေနေသာသာ စားဖို့တောင် အနိုင်နိုင်ရယ်”ဟု ရှင်းပြခဲ့သည်။ ယခင်က ဟယ်ပင်ကလေးဆေးရုံသို့ သွားရောက်ပြသခဲ့ဖူးသော်လည်း အသက် ၁၂ နှစ်အရွယ်ရောက်မှ ပြန်လည် ပြသရန် ဆေးရုံက ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ “လက်ရှိသူက မူးတယ်၊ မောတယ်လည်း ပြောတယ်။ ကလေးအတွက် စိတ်ပူနေရတယ်”ဟု ပြောသည်။ မစိုးစန္ဒာထွန်း(ခ)ထွန်းထွန်းတို့ မိသားစုသည် ဆင်းရဲ၍ အကူအညီလိုအပ်နေသောကြောင့် ငပုတောမြို့နယ် ဆူးပိတ်ကျေးရွာမှ လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာသို့ ဒေါ်လေးလေးမြင့်က လမ်းစရိတ် အကုန်အကျခံ၍ ခေါ်ယူခဲ့သည်ဟု ဆိုသည်။ ယင်းနှင့် ပတ်သက်၍ ဒေါ်လေးလေးမြင့်က “ကျွန်မက အဲဒီရွာကို ဈေးသွားရောင်းရင်း အသိအကျွမ်းတွေ ဖြစ်နေ တာကြာပြီ။ ကိုယ်ကလည်း ကူညီချင်ပေမယ့် မတတ်နိုင်ဘူး။ ဒါကြောင့် ဒီကိုခေါ် လာပြီး အကူအညီရနိုင်မလားဆိုပြီး သတင်းမီဒီယာနဲ့ ဆက်သွယ်တာပါ”ဟု ပြောကြားခဲ့သည်။ ယင်းနှင့် ပတ်သက်၍ ငါးဆူတောင်ကျေးရွာ ဆရာမက “သူက မိန်းကလေးကနေ ယောက်ျားလေးဖြစ်လာတာမှန်ပေမယ့် သူ့မိန်းကလေးသဘာဝတွေကျန်ပြီး ဒုက္ခရောက်မှာ စိုးရိမ်နေတာပါ။ အပြင်ပိုင်းမှာ ကျားသဘာဝဖြစ်ပေမယ့် အမျိုးသမီးသားအိမ်တွေ ဘာတွေနဲ့ ရှေ့ဆက်ဘာဖြစ်မယ် မသိဘူး။ ဒါကြောင့် သူ့ကို စိုးရိမ်နေတယ်”ဟု ပြောကြားခဲ့သည်။ လက်ရှိ ငပုတောမြို့နယ် ဆူးပိတ်ကျေးရွာမှ လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာသို့ရောက်ရှိနေသည်မှာ ၁၅ ရက်ကျော်နေပြီဖြစ်၍ မစိုးစန္ဒာထွန်း (ခ) ထွန်းထွန်းသည် ကျောင်းပျက်များနေပြီဟု ဆိုသည်။ “ဆရာကြီးကိုတော့ ခွင့်တိုင်ထားရတယ်။ ကလေးအတွက် အကူအညီပေးမယ့်သူပေါ်လာမလားဆိုပြီး နေနေတာပါ။ ကိုယ့်ရွာကိုလည်း ပြန်ချင်နေပြီ”ဟု ပြောကြားခဲ့သည်။ မစိုးစန္ဒာထွန်း(ခ)ထွန်းထွန်းသည် အသက် (၆)နှစ်ခန့်ကတည်းကစ၍ ယောင်္ကျားအင်္ဂါ ထွက်လာပြီး ၎င်းအား ယောက်ျားလေးအဖြစ် ခေါ်ဆိုမှသာ ကြိုက်နှစ်သက်လေ့ရှိသည်ဟု ပြောကြားခဲ့သည်။ “သူ့ကိုရွာဦး ကျောင်းဆရာတော်ကပါ လက်ခံတယ်။ အခုဆို သူက ဆွမ်းခံရင်း ဆွမ်းတော်ဗျို့ တောင် လိုက်အော်နေတာ”ဟု ပြောကြားခဲ့သည်။ ထိုသို့် မိန်းကလေးဘ၀မှ ယောက်ျားလေးဘ၀သို့ သဘာဝအလျှောက် ပြောင်းလဲမှုကြောင့် ဝေဒနာအချို့ ခံစားနေရမှုအပေါ်ကို စိုးရိမ်မှုရှိနေကြောင်း၊ နားလည်တတ်ကျွမ်းသည့် ဆရာဝန်၊ ဆေးရုံဆေးခန်းတို့တွင် ပြပေးနိုင်ရန်အတွက် အကူအညီလိုအပ်နေမှုကြောင့် ယခုကဲ့သို့ သတင်းမီဒီယာများသို့ ဆက်သွယ်အသိပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ အကူအညီပေးလိုပါက ဒေါ်လေးလေးမြင့် ၀၉-၇၉၅၄၈၅ ၀၆၇၊ ဆရာမ ဒေါ်သက်သက်ခိုင် ၀၉-၄၀၃၇၅၀၁၀ သို့ ဆက်သွယ်၍ အကူအညီပေးနိုင်ကြောင်း သိရသည်။ ကိုခက် News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာနိုင်ငံတွင် ခိုးဝင်ဘင်္ဂါလီ လုံးဝမရှိဘဲ တိုင်းရင်းသား ရိုဟင်ဂျာလူမျိုးသာ ရှိကြောင်း ကြံ့ဖွတ်အမတ် ဦးရွှေမောင် ပြော

 မြန်မာနိုင်ငံတွင် ခိုးဝင်ဘင်္ဂါလီ လုံးဝမရှိဘဲ တိုင်းရင်းသား ရိုဟင်ဂျာလူမျိုးသာ ရှိကြောင်း ကြံ့ဖွတ်အမတ် ဦးရွှေမောင် ပြော

Geroge Soros နှင့် ရိုဟင်ဂျာ ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့တွင် တွေ့ဆုံ RB News 7.1.2015 ရန်ကုန် ။ ။ အမေရိကန် ပြည်ထောင်စုမှ ဘီလီယံနာ သူဌေးကြီး၊ Open Society Foundation တည်ထောင်သူ Mr. George Soros နှင့် အဖွဲ့သည် ဇန်န၀ါရီလ (၆) ရက်နေ့ ည ၇ နာရီ အချိန်တွင် ရိုဟင်ဂျာ ကိုယ်စားလှယ် များနှင့် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။ တွေ့ဆုံ ဆွေးနွေးပွဲသို့ Open Society Foundation တည်ထောင်သူ Mr. George Soros နှင့်အတူ ဥက္ကဌ ဖြစ်သူ Mr. Christopher Stone လည်းတက်ရောက် ခဲ့ပြီး၊ ရိုဟင်ဂျာ ကိုယ်စားလှယ်များ အဖြစ် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ ဥက္ကဌ၊ ၁၉၉၀ ခုနှစ် ရွေးချယ်ခံ လွှတ်တော် အမတ်ဟောင်း၊ စီအာရ်ပီပီ အဖွဲ့ဝင်ဟောင်း ဦးကျော်မင်း၊ စစ်တွေမြို့မှ ရိုဟင်ဂျာများ လူ့အခွင့်အရေး ကာကွယ်သူ ဦးကျော်လှအောင်နှင့် အမျိုးသမီးများ ငြိမ်းချမ်းရေး ကွန်ယက် (အာရ်ကာန်) မှ ဒါရိုက်တာ ဒေါ်ဝေေ၀နုတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာ လူမျိုး အသိုင်းအ၀ိုင်း နှစ်ခု ငြိမ်းချမ်းစွာ ပြန်လည် အတူ ယှဉ်တွဲ နေထိုင်နိုင်ရေး အခြေအနေများ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ တရား ဥပဒေ စိုးမိုးမှု၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၊ ရိုဟင်ဂျာများ နိုင်ငံသား ဖြစ်ခွင့် ရရေး အတွက် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ အိုးအိမ်မဲ့ ဖြစ်နေသည့် နှစ်ဖက် အသိုင်းအ၀ိုင်းမှ ဒုက္ခသည်များ အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ကျောင်းသားများ အတွက် ပညာသင်ဆုမျာနှင့် ပတ်သက်သည် များကို ဆွေးနွေးခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် လာရောက်၍ အခြေချသူများ မရှိကြောင်း၊ ၁၈၂၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ဗြိတိန် အစိုးရ၏ ကော်မရှင် ရုံးခွဲမှ ထုတ်ပြန်သည့် အစီရင်ခံစာ အရ အာရ်ကာန် ဒေသတွင် မော့ဂ် (ရခိုင်) ၆၀၀၀၀ နှင့် မွတ်စာလ်မန် (ရိုဟင်ဂျာ) ၃၀၀၀၀ ရှိခဲ့ကြောင်း၊ လူဦးရေ အားဖြင့် နှစ်အချိုးတစ် ရှိခဲ့ကြောင်းကို ယုတ္တိ ဗေဒနှင့် သင်္ချာနည်းကျကျ တွက်ချက်၍ Mr. George Soros ၏ မေးမြန်းချက် များကို ဖြေကြားခဲ့ကြောင်း ဦးရွှေမောင်က ရေးသား ထားသည်။ အစိုးရ၏ ကိန်းဂဏန်းများ အရ ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ လူဦးရေ သုံးသန်းတွင် နှစ်သန်းမှာ ရခိုင်လူမျိုး ဖြစ်ပြီး ကျန်သည့် တစ်သန်းမှာ ရိုဟင်ဂျာ ဖြစ်နေသဖြင့် ၁၈၉ နှစ် ကြာမြင့် သွားသော်လည်း ယခု အချိန်ထိ လူဦးရေ အားဖြင့် နှစ်အချိုးတစ် ဖြစ်နေသည်မှာ အံ့အားသင့် စရာဖြစ်ကြောင်း၊ လူဦးရေ တိုးပွားမှု စံနှုန်းအရ တွက်ချက်လျှင် ရိုဟင်ဂျာ လူဦးရေ ၂.၅ သန်းကျော် ရှိနေမည် ဖြစ်သော်လည်း ပြည်တွင်းတွင် လူဦးရေ တစ်သန်း ကျော်မျှသာ ရှိပြီး ကျန်သည့် ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတြေးလျ၊ ဗြိတိန်၊ အမေရိကား၊ ကနေဒါ အစရှိသည့် နိုင်ငံများသို့ ပြောင်းရွှေ့ အခြေချ နေထိုင်လျက် ရှိသည့် အတွက် ရခိုင်ဒေသသို့ တရားမ၀င် ၀င်ရောက်လာသူ မရှိဘဲ၊ တရားမ၀င် ထွက်ခွာနေခြင်းသာ ရှိကြောင်း ဦးရွှေမောင်၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ထားပါသည်။ Dragon King