Wednesday, January 7, 2015

အခွန်မရှိ အလကားနီးနီးဈေးနဲ့ တရုတ်လက်ကို ထိုးအပ်နေ ____________________

အခွန်မရှိ အလကားနီးနီးဈေးနဲ့ တရုတ်လက်ကို ထိုးအပ်နေ __________________________________ ဖွေးဖွေးဖြူနေတဲ့ ဒီကျောက်တုံးတွေဟာ ရေခဲတုံးလို့ခေါ်တဲ့ သက်နုကျောက်စိမ်းတုံးတွေ ဖြစ်ပါတယ် .. ရေနဲ့ထိရင် ကျောက်ကြောတွေက စိမ်းတက်လာပါတယ် .. နောက်ထပ် နှစ် ၂၀၀ နဲ့ ၃၀၀ အတွင်းမှာ ထိပ်တန်းအရည်အသွေး ကျောက်စိမ်းတုံးများ ဖြစ်လာနိုင်တဲ့ သက်နုကျောက်စိမ်းတွေပါ .. အာရပ်ကမ္ဘာနဲ့ အပူပိုင်းရပ်ဝန်းက နိုင်ငံများက သူဌေးအများစုက ဒီကျောက်စိမ်းတုံးတွေကို ဈေးကြီးကြီးပေးဝယ်ပြီး အိမ်မှာ အလှဆင်ကြပါသတဲ့ .. ဒါပေမယ့် ဒီအကျိုးအမြတ်တွေကို တကယ်ခံစားရသူက ကြားကရောင်းပေးတဲ့ တရုတ်ပါ .. ပုံမှာ မြင်ရတဲ့အတိုင်း သက်နုကျောက်စိမ်းတွေကို တောင်လိုက် ဖြိုချပြီး တရုတ်ကို ဈေးပေါပေါနဲ့ ရောင်းနေပါတယ် .. ဒီလိုတောင်တွေဖြို ကျောက်တွေဖြတ် အချောသတ်ဖို့ဆိုတာ စက်ယန္တယားကြီးများ ပါကို ပါရတဲ့အပြင် သယ်ယူပို့ဆောင်ဖို့ တောင်ပေါ်ထိ ကားလမ်းပေါက်အောင် ဖောက်ရပါတယ် .. ဒီကျောက်စိမ်းတုံးကြီးတွေဟာ ဘယ်လိုမြေလျှိုးမိုးပျံပြီး တဘက်နိုင်ငံ တရုတ်ပြည်ကို ဝင်ရောက်သွားကြပါသလဲ .. နယ်စပ်အဝင်အထွက်ဂိတ်မှာ စစ်ဆေးကြသူ ဝန်ထမ်းများ ကြောင်တောင်ကန်းနေကြတာလား စုံလုံးကန်းနေကြတာလား .. မျက်စိ၂လုံးကို ငွေဆိုတဲ့ တိမ်သလ္လာနဲ့ ပိတ်ကာထားကြတာလား .. ဥဒဟိုဝင်ထွက်နေတဲ့ ကားတွေနဲ့ ဒီကျောက်စိမ်းတုံးတွေကို ခွင့်ပြုချက်မရှိ အခွန်မရှိ အလကားနီးနီးဈေးနဲ့ တရုတ်လက်ကို ထိုးအပ်နေတာ မြင်ရတာ ရင်နာစရာကောင်းလှပါဘိ .. Photo credit >> Pyu Gama 

No comments:

Post a Comment