မြန်မာသို့ ရေနံဈေးကွက် အမြတ်ထုတ်နေပြီ သီးခံနေကြမလား? __________________________ မြန်မာပြည်မှာ ဓါတ်ဆီ (၁) ဂါလံ ဘယ်လောက်လဲ? အားလုံးသိပါတယ် ..အခု အမေရိက တိုက်တစ်ခုလုံးမှာ ဓါတ်ဆီ (၁) ဂါလံကို ၂ ဒေါ်လာ ကျော်ရုံလေးပဲ ရှိတယ်။ နိင်ငံတကာ စွမ်းအင် အေဂျင်စီ က ဒါရိုက်တာမာရီယာ ဗန် ဒီ ဟိုဗီယန် (Maria van der Hoeven) ရေနံဈေး ဟာ ၂၀၁၅ နစ်ကုန်လောက်အထိ ကျဆင်းလာဦးမယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စားသုံးသူတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်လို့  ပြောဆိုခဲ့တယ်။ အမေရိကန်ရဲ့  အချို့ ဆင်ချေပုံးဒေသတွေမှာ တစ်ဒေါ်လာနဲ့ ပြား ၈၀ ဖြစ်သွားပြီ။ စားသုံးသူတွေ ကျေနပ်မှုအပြည့်ရကြတယ်။ ကမ္ဘာမှာ ရေနံဈေးနုံန်းသတ်မှတ်ချက် တစ်ခုတည်း အသေ နှစ်ရှည်စာချုပ်စာတမ်း သတ်မှတ်ပြီး စာချုပ်စာတမ်းလုပ်တဲ့ ရုရှားနဲ့ တရုတ်ကို အမေရိကန်က ဆုံးမနေပါပြီ.။ တရုတ်မှာ ဓါတ်ဆီ (၁) ဂါလံ အမေ၇ိကန် ဒေါ်လာနဲ့တွက် ၄ ဒေါ်လာနဲ့ ပြား ၂၀ မြန်မာငွေနဲ့ တွက်လျင် ၄၅၀၀ကျပ်လောက် ဒီကနေ့ ပေါက်နေတယ် ..မြန်မာပြည်မှာလဲ အဲဒီဈေးတွေနဲ့ပဲ ပြည်သူတွေကို တရုတ်ဈေးအတိုင်း ခရိုနီနဲ့ နေပြည်တော် သိန်းစိန်တို့ အစိုးရက လိမ်ပြီး ရောင်းချနေပါတယ်။ အခု ကမ္ဘာ့ရဲ သုံးပုံလောက်မှာ ရေနံဈေး ဓါတ်ဆီဈေးတွေက ကျဆင်းနေပြီး တရုတ်၊ ရုရှား နဲ့ စာချုပ် နှစ်ရှည်ချုပ်ထားတဲ့ မြန်မာပြည်မှာတော့ ကျသွုားစရာမရှိပါဘူးလို့ အာရှ စီးပွားရေးပညာရှင် မော်ရီကင်းက သုံးသပ်ပြပါတယ်။။ ဘာကြောင့်လဲ… အကြောင်းက မြန်မာ စစ်အာဏာရှင်ကနေ ခရိုနီတွေအဖြစ် ပြောင်းလိုက်ကြတဲ့ အာဏာရှင် မိသားစု အသိုင်းဝိုင်းနဲ့ လက်ရှိအစိုးရတို့ဟာ တကြိတ်ထဲ တဥာဏ်ထဲမို့ သူတို့ ခိုးထားတဲ့ ပိုက်ဆံ အတော်များများက တရုတ်ဘဏ်တွေ ရုရှားဘဏ်တွေထဲမှာ သွားထည့်ထားပြီး အဲဒီကနေ တိုင်းပြည်ထဲကို စီးပွားရေးအရ ရေနံနဲ့ လောင်စာဆီ တွေ တင်သွင်းနေတာပါ …. သူတို့အဖို့ ယနေ့ ကမ္ဘာ ရေနံနဲ လောင်စာဆီ ဈေးနုန်းတွေလို လိုက်ပြီး ချပေးလို့ မရနိုင်တဲ့ အခြေနေ ရောက်နေတာက သူတို့ငွေတွေ အတော်များများနဲ့ ရုရှားနဲ့ တရုတ်ကို နှစ်ရှည် သတ်မှတ်ပြီး ပေးချေပြီးသား ဖြစ်နေလို့ပါပဲ ..လို့ ပြောပါတယ်။ လက်ရှိ ဖြစ်ပေါ်လာတဲ့ ရေနံဈေး ကျဆင်းမှုမှ ယခင် တရုတ်နဲ့ ရုရှားဆီကနေ ဈေးပြိုင်စနစ်နဲ့ ကြိုတင် ၀ယ်ယူ စာချုပ်လုပ်ထားတဲ့ အာဏာရှင် နိုင်ငံ ကွန်မြူနစ်နိုင်ငံတွေနဲ့ အာဏာရှင် လောင်းရိပ်အောက်က နိုင်ငံတွေ တစ်နေ့ကို အမေရိကန် ဒေါ်လာ သန်းပေါင်း ( ၅၀)ကနေ သန်းပေါင်း ၄၀၀ လောက်ထိ နစ်နာနေကြပါပြီ…လို့ ဒေါက်တာ ဖရယ်မင် (မနီလာ စီပွားရေးတက္ကသိုလ်)မှ ဧည့်ပါမေက္ခမှ ဆိုပါတယ်။ ယနေ့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်က တရုတ်နဲ့ပြသနာတက်ပြီးကတည်းက တရုတ် လောက်စာဆီ ဈေးကွက်ကို လက်ရှောင်ထွက်ခဲ့တာမို့ အတော် သက်သက်သာသာကလေး ဖြစ်နေရတာပါ။ ဒါမှမဟုတ်ရင် ကောက်ခါငင်ခါကြီးကို ကမောက်ကမ ဖြစ်နိုင်တယ်ဗျ ..လို ပြောပါတယ် ။ ဗီယက်နမ်နိုင်ငံ အမျိုးသား စီးပွားရေး တက္ကသိုလ်မှ ဒေါက် ငုထင်ဟင်းက… လက်ရှိ ဖြစ်နေတာက လက်ဝါးကြီးအုပ်ပြီး ချုပ်ကိုင်တတ်တဲ့ အရင်းရှင် စီးပွားရေး နိုင်ငံတွေကို သွားမှီလိုက်တဲ့ နိုင်ငံတွေကတော့ မကြာခင်မှာ ဒဏ်မခံနိုင်တော့လို့ အမေရိကန် လောင်စာဆီ ဈေးကွက်ထဲကို ဦးရာလူ စနစ်နဲ့ ပြေးဝင်လာဖို့ ကျိမ်းသေနေပြီ…လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ အားလုံးကို ပြန်ပြီး ချုံကြည့်သော် အမေရိကန်ပြည်ထောင်စု၏ တစ်နေ့တာ ရေနံနှင့် အခြားသော လောင်စာဆီ ထုတ်လုပ်မှုမှာ (၁) ပီပါ ၄၈ဂါလံဆန့်သော အဆိုပါ ပီပါပေါင်း ၁၀ သန်းကနေ ၁၂ သန်းထုတ်လုပ်ပေးနေပြီး အမေရိကန်၏ လောင်စာဆီ မဟာမိတ်နိုင်ငံများ ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား နှင့် အခြားသော ပင်လယ်ကွေ့ နိုင်ငံများက တစ်နေ့လျင် ပီပါ သန်းပေါင်း ၁၈ မှ ၂၂ သန်း အထိ ထုတ်လုပ်၍ ရေနံဈေးကွက်ကြီးတွင် အပိတ်ဆို့ခံထားရသော ရုရှားကို ဆုံးမနေကြပြီး ရုရှားမှလည်း ၄င်း၏ ကြီးမားသော နေ့စဉ် လောင်စာ သုံးစွဲမှုအား ရုတ်တရက် လျော့ချရန် ခက်ခဲနေခြင်းကြောင့် ပေါက်တဲ့ နဖူး မထူးဇာတ်ခင်း၍ တရုတ်ပြည်မှပင် တရုတ်၏ ပေဂျင်းမာကက် ပေါက်ဈေးနှင့် ရသလောက် ၀ယ်ယူကာ အကြွေးများ နေ့စဉ်နှင့် အမျှ ခေါင်းပေါ်ရွက်၍ ဖြတ်သန်းနေရပြီး ကမ္ဘာ လောင်စာဆီ အများဆုံးယနေ့ အသုံးပြုနေသော တရုတ်ပြည်မှာလည်း ရုရှားကို ဘယ်မျှလောက် ကြာကြာ သီးခံ၍ အကြွေးစနစ်ဖြင့် ပေးနေသော ၄င်း၏ တစ်ကိုယ်စာ လောင်စာဆီ အား ဘယ်မျှလောက် ထိန်းထားနိုင်မည်လည်းဆိုသည့် နိုင်ငံတကာ ပညာရှင်များ၏ တွက်ကိန်းထဲတွင် အမေရိကန် ရုရှား လောင်စာ လက်ဝှေ့ပွဲကြီးက အတော်ပင် ကြည့်ကောင်းနေပါပြီ။ မြန်မာပြည်မှာလည်း ရေနံနဲ့လောင်စာဆီ လက်ရှိ ကမ္ဘာ္ကရေနံဈေးဖြစ်တဲ့ (၁)ပီပါလျင် အမေရိကန် ဒေါ်လာ ၄၇ ဒေါ်လာ ၉၃ သုံးပြားသာ ရှိနေပြီ မြန်မာပြည်အစိုးရမှ တရုတ်ဆီက ရေနံ (၁)ပီပါအား စာချုပ်အရ ၈၅ ဒေါ်လာဖြင့် ချုပ်ဆိုထားတဲ့ ယခင်ဈေးနုန်းအတိုင်း ဆက်လက် ဆောင်ရွက်နေခြင်းကြောင့် ပြည်တွင်း လောင်စာဆီဈေးနုန်းမှာ လက်ရှိ ကမ္ဘာ့ လောင်စာဈေးနုန်းနှင့် ထက်ဝက်မျှ ကွာဟ နေပါပြီ။ အဆိုပါ ဈေးနုံန်း ကြီးမြင့်မှု ဒဏ်အား မြန်မာအစိုးရမှ ဈေးကွက်ပြင်ဆင်ပြောင်းလဲနိုင်သော အမေ၇ိကန် ရေနံဈေးကွက်သို့ ၀င်ရောက်နိုင်လျက်သားနှင့် ဆက်လက်၍ ၄င်းတို့၏ အာဏာအတွက် တရုတ်ပြည်အား ဈေးနုံန်းကြီးမြင့်သော ယခင်ပမာန အတိုင်း အားနာ၍ပေးချေနေပြီး မြန်မာပြည်သူများအဖို့ မဆီမဆိုင် ကြားထဲတွင် ကုန်ဈေးနုန်းအရာရာ မြင့်တက် ရိုက်ခတ်မှုဒဏ်ကြီးအား ခရိုနီများနှင့် အာဏာရှင် ဟောင်းများ၏ မိသားစုတို့၏ လူပါးဝ ဖိနှိပ်၍ တရုတ်ပြည်အား မျက်နှာလို မျက်နှာရ လုပ်နေခြင်းကြောင့် မြန်မာပြည်သူပြည်သားများအဖို့ တရုတ်၏ လောင်စာဈေးကွက် အတက်နုံန်းဖြင့် ဖိနင်း ခံနေရကြောင်းပါ ခင်ဗျာ….. မှတ်ချက် …..ယခုနောက်ဆုံး ဇန်နာ)၀ရီလ (၆)ရက် ညနေ ၅ နာရီ သတင်းအရ အမေရိကန် ပေါက်ဈေးနုံန်း ၄၈ ဂါလံ ရေနံစိမ်း တစ်ပီပါ ၄၇ ဒေါ်လာ ၉၃ ပြားသာ ဖြစ်ပြီး မြန်မာ တရုတ် ပေါက်ဈေးနုံန်းမှာ ၄၈ ဂါလံ ရေနံစိမ်း တစ်ပီပါ ၈၅ ဒေါ်လာဖြင့် တိုင်းပြည်သူ ပြည်သားများ အား ဆက်လက် အမြတ်ထုတ် ဂုတ်သွေး စုပ်နေပါ၏။ သတင်းအမှန် ဂိုလ်ရှယ်လေး…………………….. ဖြန့်ဝေနိုင်ပါသည် __________________ Aung N Htwe's status 
No comments:
Post a Comment