မနောပွဲမှ ၀ိရောဓိများ
 ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၅ (၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ဇန်န၀ါရီ ၅ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပလျက်ရှိပါ သည်။ စတင်ဖွင့်လှစ်ခဲ့သော ဇန်န၀ါရီ ၅ ရက်နေ့တွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းရှိ မဂျယ်ခန်းမ၌ မနောပွဲ တစ်ခုလုံး အတွက် ဆုတောင်းပွဲကျင်းပခဲ့သည်။ ယေဘုယျအားဖြင့် ကချင်တိုင်း ရင်းသားများအနေဖြင့် ရိုးရာမနောပွဲပြန်လည်ကျင်း ပ ပေးခြင်းအတွက် ၀မ်းသာမဆုံး တပြုံးပြုံး ဖြစ်နေကြမှာ အမှန်ပင်။ သို့သော် မနောပွဲနှင့် ပတ်သက်၍ အမြင်ကွဲလွဲမှုများလည်း ရှိနေပါသည်။ အစဉ်အလာပွဲတော်အတွက် တူညီသောအမြင် မရှိခြင်းက ၀မ်းနည်းစရာကောင်း လှသည်။ ရိုးရာပွဲတော်အပေါ် သဘောထားအမြင် အမျိုးမျိုးရှိနေခြင်းက ကချင်တိုင်းရင်း သားများအကြား စိတ်ဝမ်းကွဲစေသော လမ်းစဟု ဆိုနိုင်ပါသည်။ မည်သို့သော ပယောဂဖြင့် မနောပွဲအပေါ် အမှန်မမြင်နိုင် တာလဲ ဟူသော မေးခွန်းကလည်း ဆန်းစစ်ကြည့်ရန် လိုအပ်နေပြီဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အသွင်ကူးပြောင်းလာခဲ့သော ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ်များတွင် ကချင်ပြည်နယ်၌ ဖြစ်ပွား ခဲ့သော စစ်ပွဲများကြောင့် မနောပွဲကို ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ ကျင်းပခြင်းသည် အပစ်အခတ်အနည်းငယ်လျော့နည်းလာပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန် စည်းလုံးခြင်း အမှတ် လက္ခဏာဖြစ် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော သွေးချင်း ညီအစ်ကိုများ သိန်းနှင့် ချီ၍ စစ်ပြေးဒုက္ခသည်စခန်းများ တွင် အိုးပစ်အိမ်ပစ် နေကြရသည့်အချိန် တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးမရသေးသောကာလ၌ ယခုကဲ့သို့ ပျော်ရွှင်စရာ မနောပွဲတော်ကို မကျင်းပသင့်ကြောင်း ကချင်ပြည်နယ်ရှိ ဒေသခံလူမှုအဖွဲ့အစည်းများမှ ကချင်ပြည်နယ်အစိုးရထံ စာဖြင့် အကြောင်းကြားမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မနောပွဲတော် တစ်ကြိမ်ကျင်းပလျှင် ကုန်ကျငွေ သိန်းတစ်ထောင်ခန့် ကုန်ကျသည်ဖြစ်ရာ ထိုပွဲတော်အတွက် ကုန်ကျမည့်ငွေများကို စစ်ဘေးရှောင် ဒုက္ခသည်များအတွက် သုံးစေချင်သူများလည်း ရှိကြောင်း သိရသည်။ သို့ပေမယ့် ဒုက္ခသည်စခန်းများသည် KIO/KIA ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများကို သွားလာခွင့် ကန့်သတ်ထား၍ ကူညီထောက်ပံ့ခွင့်မရခြင်းဖြစ်ကြောင်း၊ အကယ်၍ မနောပွဲ ကုန်ကျစရိတ် မဟုတ်ပေမယ့် ဒုက္ခသည်များကို ကူညီရန် အသင့်ရှိပါကြောင်း ဌာနဆိုင်ရာ ၀န်ထမ်းများကလည်း ဆိုကြသည်။ မြစ်ကြီးနားမြို့ပေါ်ရှိ စီးပွားရေးသမားများ၊ စားသောက်ဆိုင် ပိုင်ရှင်များနှင့် တည်းခိုခန်းပိုင်ရှင်များကမူ မနောပွဲသည် သူတို့ အတွက် လာဘ်ကောင်ဖြစ်ကြောင်း၊ မနောပွဲကာလတွင် အရောင်း အ၀ယ်ကောင်းသောကြောင့် မနောပွဲကို ကြိုဆိုပါ ကြောင်း ၀မ်းသာအားရ ပြောဆိုနေကြသည်။ မည်သို့ပင်ဆိုစေ၊ ဇန်န၀ါရီ ၅ ရက်နေ့မှ စတင်ကျင်းပနေသော မနောပွဲသည် အကောင်းမြင်ခြင်းနှင့် အကောင်းမမြင်ခြင်း ကြားထဲမှာ ၀ိရောဓိ များဖြင့် ပြည့်နှက်နေတာတော့ အမှန်ပင် ဖြစ်ပါသည်။ သို့သော်ငြားလည်း မနောပွဲသည် ကချင် တိုင်းရင်းသားအားလုံး၏ ဂုဏ်သိက္ခာကို ဖော်ညွှန်းနေသော ပွဲတော်ဆိုတာ ငြင်း၍ မရသော အဖြေမှန် ဖြစ်ပါသည်။ နော်မိုင်
No comments:
Post a Comment