အီရတ်တွင် ယာဇီဒီအမျိုးသမီး နှင့် မိန်းကလေး ၅၀၀၀ လိင်ကျွန်များအဖြစ် ရောင်းစားခံရ
အကြမ်းဖက်အိုင်ဆစ်စစ်သွေးကြွများက လူနည်းစု ယာဇီဒီမျိုးနွယ်စုဝင် အမျိုးသမီး နှင့် မိန်းကလေး ၅၀၀၀ ကျော်ကို ကျွန်ဈေးကွက်များ၌ ရောင်းစားခဲ့သည်ဟု အီရတ် လူ့အခွင့်အရေးဝန်ကြီး မိုဟာမက် အာမက် အယ်လ်ဘာယာတီက ပြောကြားသည်။ အကြမ်းဖက်အုပ်စုမှ ထောင်ပေါင်းများစွာသော ယာဇီဒီမိသားစုများကို ဘဝပျက်သွားစေခဲ့ပြီး ယာဇီဒီကလေးငယ်များကို အသေခံဗုံးဖေါက်ခွဲခြင်းများ၌ အဓမ္မခိုင်းစေအသုံးချခဲ့ကြကြောင်း ၎င်းမှ ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း အိုင်ဆစ်စစ်သွေးကြွများက အဓမ္မလိင်ကျွန်ပြုခြင်းခံရသော ယာဇီဒီအမျိုးသမီးနှင့် မိန်းကလေးများအကြောင်း ထုတ်ပြန်ခဲ့ပြီး မိန်းကလေးတစ်ဦးစီကို ဒေါ်လာ ၂၀၀ တည်းနှင့်ပင် ရောင်းစားခဲ့ကြောင်း ဖော်ပြခဲ့သည်။ အိုင်ဆစ်စစ်သွေးကြွများက လိင်ကျွန်ပြုခြင်းခံခဲ့ရသော ယာဇီဒီအမျိုးသမီး နှင့် မိန်းကလေးများသည် သူမတို့ကိုယ်ကိုသတ်သေ (သို့မဟုတ်) သတ်သေရန်ကြိုးစားခဲ့ကြသည်ဟု နိုင်ငံတကာရင်းနှီးချစ်ကြည်ရေးအဖွဲ့ကြီးက ဖော်ပြခဲ့သည်။ " အိုင်ဆစ်တို့ရဲ့ လိင်အကြမ်းဖက်မှု၊ လိင်ကျွန်ပြုမှုတွေ ခံရပြီးနောက်မှာ အိုင်ဆစ်လက်တွင်းကျရောက်ခဲ့တဲ့ ရာပေါင်းများစွာသော ယာဇီဒီအမျိုးသမီးများ နှင့် မိန်းကလေးတွေရဲ့ ဘဝတွေက ညက်ညက်ကျေ စုတ်ပြတ်သတ်သွားခဲ့ရတယ်" ဟု အီရတ်မြောက်ပိုင်း၌ အိုင်ဆစ်လက်တွင်းမှ လွတ်မြောက်ခဲ့ရသော ယာဇီဒီမိန်းကလေးများအား တွေ့ဆုံမေးမြန်းမှုပြုပြီးနောက် နိုင်ငံတကာချစ်ကြည်ရင်းနှီးရေးအဖွဲ့ကြီး၏ ထိပ်တန်းပြန်ကြားရေးအကြံပေး ဒိုနာတယ်လာ ရိုဗီရာက ပြောကြားသည်။ "လိင်ကျွန်ပြုခံရသူအများအပြားက ကလေးတွေ ရှိလှမှ ၁၄ နှစ်၊ ၁၅ နှစ်ပေါ့ ဒိထက်ငယ်သူတွေလည်း ပါတယ်" ဟု ရိုဗီရာက ပြောကြားခဲ့သည်။ အိုင်ဆစ်စစ်သွေးကြွများက ခရစ်ယာန်လူနည်းစုများကိုလည်း အကြမ်းဖက်ရက်စက်မှုများ ကျူးလွန်နေကြောင်း အီရတ်ဝန်ကြီး ဘယာတီက ပြောကြားသည်။ အိုင်ဆစ်စစ်သွေးကြွများက အီရတ် နှင့် ဆီးရီးယားတလွှား နယ်မြေအများအပြားကို ထိန်းချုပ်ထားပြီး ရှီးဟိုက်၊ ကာ့ဒ်နှင့် ခရစ်ယာန်များကို လူမြင်ကွင်း၌ ခေါင်းဖြတ်သတ်ခြင်း၊ လက်ဝါးကပ်တိုင်ကပ်၍ကားစင်တင်သတ်ခြင်းများကို ပြုလုပ်လေ့ရှိသည်။ See more at -- http://www.abna.ir/english/service/middle-east-west-asia/archive/2015/01/06/662972/story.html 
No comments:
Post a Comment