ကေအိုင်အေအဖွဲ့များ မူးယစ်ရမ်းကား၍ အချင်းချင်းပစ်သတ်ကာ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး 
ကချင်ပြည်နယ်၊မန်စီမြို့နယ်၊အင်ဘာပါစခန်းတွင် ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းက ကေအိုင်အေ အဖွဲ့ဝင်များ မူးယစ်သောက်စားပြီး ခိုက် ရန်ဖြစ် ပွားရာမှ တပ်ဖွဲ့ဝင်တစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ ကြောင်း ယင်းအဖွဲ့၏ နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။ ဖြစ်ပွားပုံမှာ ဇန်နဝါရီလ ၆ ရက် ညနေပိုင်းတွင် မန်စီမြို့နယ်၊ အင်ပါဘာ စခန်း ရှိ ကေအိုင်အေတပ်ရင်းတွင် ညစာ စားပွဲပြုလုပ်ခဲ့ကြောင်း၊ ထိုပွဲ တွင် ကေအိုင်အေတပ်ဖွဲ့ဝင်များ မူးယစ်သောက်စားကာ အချင်းချင်းခိုက် ရန် ဖြစ်ပွားရာတွင် သေနတ်ဖြင့်ပစ်သတ်သောကြောင့် တပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းသေနတ်ကျည် ဒဏ်ရာဖြင့် နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ “ ကေအိုင်အေအဖွဲ့တွေက မူးယစ်သောက်စားပြီး လက်နက်အားကိုး နဲ့ သောင်းကျန်းနေတာတွေ ရပ်တန့်သင့်ပြီ၊ သူတို့အဖွဲ့တွေက ဘုရားကျောင်းနှင့်စားသောက်ဆိုင်တွေမှာလည်း မူးယစ်သောက်စားပြီး အချင်းချင်း ပစ်ရင်ပစ်၊ မပစ်ရင် အရပ်သားတွေကို ပစ်ခတ်ကြ လို့ ဒေသခံတွေ လဲ ဘယ်မှ မသွားရဲ၊မလာရဲ ကြတော့ဘူး ” ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။ ကေအိုင်အေအနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မူးယစ် ရမ်းကားမှုကြောင့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး ခဲ့သလို နောင်အီခူးဝတ်ပြုကျောင်းဆောင်သစ် ဖွင့်ပွဲတွင်လည်း လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေအဖွဲ့သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ် စဲရေးစာချုပ်တွင်လည်း လက်မှတ်ရေး ထိုးခြင်းမရှိသေးကြောင်းနှင့် တပ်ဖွဲ့ဝင် များမှာ လည်း ဒေသခံပြည်သူများအပေါ် နှိပ်စက် ညှင်းပန်းမှု များကြောင့် ဒေသ ခံများမှာ ငြိမ်းချမ်းရေးအတွက် လိုလားတောင့်တနေကြောင်း မန်စီမြို့ခံ စီးပွားရေး လုပ် ငန်းရှင်တစ်ဦးက ပြောကြားသွားခဲ့သည်။ စိုင်းလု
No comments:
Post a Comment