ဒီစာကို အချိန်လေး ခဏ ပေးပြီး ဖတ်ကြည့်လိုက်ပါ။
ဒါက ကျုပ်ရဲ့ နောက်ဆုံးစာပါ။ Mind Fuck ဖြစ်စရာ၊ မယုံနိုင်စရာအဖြစ်အပျက်တွေမို့ မယုံချင်လဲ နေကြ။ ခင်ဗျားတို့ ဒီစာကို ဖတ်ပြီးချိန်မှာ ကျုပ် အသက်နဲ့ ကိုယ်နဲ့ အိုးစားကွဲနေလောက်ပြီ။ အကြောင်းကတော့ မြန်မာနိုင်ငံရဲ့ လျှို့ဝှက်သမိုင်းကိုဖော်ထုတ်မှာမို့ပဲ။ ======================= ကျုပ်နံမယ် ရေခဲ. ဗမာ. ဘာသာမဲ့. အသက် ၃၅. ငယ်ငယ်ထဲက နယ်တကာလှည့်ပြီးနေခဲ့ရတယ်။ ကျုပ်သိသမျှ ကြုံခဲ့ရတာတွေကို မှတ်မိသလောက် ပြောပြခဲ့မယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကို လျို့ဝှက် အဖွဲ့အစည်းတခုက ထိန်းချုပ်နေတယ်ဆိုရင် ခင်ဗျားတို့ လုံးဝ ယုံမှာမဟုတ်ဘူး။ အဲ့အဖွဲ့အစည်းနံမယ်က "Illuminati" ======================= "Illuminati" တွေဟာ Freemasons တွေရဲ့ လက်ကျန်လို့ပြောလို့ရတယ်။ ပထမ စထောင်တော့ Freemasons ငါး ယောက်နဲ့ ထောင်ခဲ့တယ်။ ဒီကောင်တွေက Freethinker တွေဗျ။ Science နဲ့ ပတ်သတ်ရင် အင်မတန်ဂျွတ်တယ်။ တော်တော်များများ နံမယ်ကြီး Scientist တော်တော်များများလဲ ဒီကောင်တွေထဲကပဲ။ ဥပမာ အိုင်းစတိုင်းတို့ ဒါဝင်တို့လဲပါတယ်။ နိုင်ငံရေးမှာဆိုလဲ နံမယ်ကြီး လူပုဂ္ဂိုလ်တွေပါတယ်။ ဂျော့ဘုရှ်တို့ ဘာညာပေါ့ဗျာ. ထားပါတော့ ပြောချင်တာက ဒီကောင်တွေ ဝိဇ္ဇာရော သိပ္ပံရော သိပ်အစွမ်းထက်ပုံကိုပဲ။ တချို့ illuminati ရဲ့ ကျင့်စဉ်တွေမှာ ပစ္စည်းတွေကို လေထဲမှာ ဗောလော ပေါ်နေအောင်တောင် လုပ်တဲ့ Telekinesis လို နည်းတွေတောင်ရှိတယ်။ ဟိုဘဲ ရုရှားက ရပ်ပုတင်လဲ ဒီအဖွဲ့ထဲကပဲ။ ဒါပေမဲ့ ထွက်သွားတာလို့ပြောတယ်။ မင်းက ဒါတွေ ဘယ်လိုသိတာလဲ လို့ ခင်များမေးလိမ့်မယ်။ ကျုပ် နယ်တကာ လှည့်သွားနေတုန်း ဒီအဖွဲ့သား တယောက်နဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ သူက ထုတ်မပြောပေမဲ့ ကျုပ်က ဒီဘဲ ညည ထွက်နေတာ သိပ်မသင်ကာတာနဲ့ လိုက်ချောင်းရင်း သူတို့ စုံညီပွဲနဲ့ သွားတိုးတာဘဲ။ အတင်းဝင်ချင်တယ်ပြောတော့မှ အဖွဲ့ထဲရောက်ပြီး တသက်လုံး သိလာသမျှ ဟာတွေ အကုန်မှားမှန်း သိလာတယ်။ ======================= မြန်မာနိုင်ငံမှာ Illuminati စရောက်နေတာ အနော်ရထာ ကျန်စစ်သားလက်ထက်ကထဲကပဲ. ကျန်စစ်သားဟာ မြန်မာနိုင်ငံမှာ Illuminati ကို စပြီး အသက်သွင်းခဲ့တဲ့ ပုဂ္ဂိုလ်ပဲ။ လှံထောက်ပြီး ခုန်ရင် ရေတွင်းဖြစ်တယ်။ လှံတချက်ပစ်ရင် လူ ၇ ယောက် သေတယ်ဆိုတာ Science ကို သုံးသွားတာပဲ။ သူ့လှံက Illuminati ဂိုဏ်းက စီရင်ပေးထားတာ. ဒါကြောင့် အနော်ရထာဆီက ခိုးလာတာပဲ။ အနော်ရထာလဲ ဘယ်လိုရလဲ ? သိကြားမင်းပေးတယ်လို့ အဆိုရှိတယ်မဟုတ်လား. အဲ့ဒါသမိုင်းကိုလိမ်ခဲ့တာ။ တကယ်က Illuminati က စီရင်ပေးခဲ့တာ။ ဒါပေမဲ့ အနော်ရထာက ဗုတ်ဒ ဘာသာဖြစ်သွားတော့ Illuminati နဲ့ သိပ်အဆက်အဆံမလုပ်တော့ဘူး။ အဲ့မှာ ဟို ဗျက်ဝိ ဗျက်တ ညီနောင်ကလဲ အဲ့လိုပဲ။ ဇော်ဂျီ ဖိုဝင်သားဆိုတာ အခြားမဟုတ်ဖူး။ Illuminati မှာ လျို့ဝှက်အားတိုးဆေးတမျိုးရှိတယ်။ အားအင် အဆ ၅၀ တိုးစေတယ်။ ရေပေါ်မှာပြေးနိုင်တယ်။ အဲ့ဆေးကို ဟိုညီအကို နှစ်ကောင် မြင်အောင် ဆိတ်ကင်ပေါ်မှာ ဖြန်းပြီး ချပေးခဲ့တာ။ တခြားထိန်းချုပ်ခဲ့တာလဲ အများကြီးရှိသေးတယ်။ ပုဂံမှာ ဘုရားတည်ဖို့ ဘိလပ်မြေ ဖော်မြူလာ ပေးတာ။ အခုချိန်ထိ ပုဂံ ဘုရားတွေ တည်တဲ့ ဘိလပ်မြေ ဘယ်လို ဖော်လဲ ဘယ်သူမှ မရှင်းနိုင်သေးဘူး။ illuminati အဲ့ဒါတွေ ဘာလုပ်ဖို့လုပ်တာလဲ ဆိုတော့ ပထမ မြန်မာနိုင်ငံကြီး ဖြစ်လာအောင်လို့။ ဒီတော့မှ အင်မတန်တော်တဲ့လူတွေချည်းပဲ သူတို့ ဂိုဏ်းထဲ ဆွဲထည့်တယ်။ ဘာလို့ အဖွဲ့ထောင်ထားတာလဲဆိုတော့ ကမ္ဘာကြီးကို ကာကွယ်ဖို့။ သူတို့ ကာကွယ်ထားတဲ့ ဟာတွေ အများကြီးပဲ။ ဥပမာ သွေးစုတ်ဖုတ်ကောင်လို လူမျိုးစုရန်ကပေါ့။ ဒီကောင်တွေ မရှိဘူး မထင်နဲ့နော်။ အပြင်မှာ တကယ်ရှိတယ်။ မြန်မာနိုင်ငံမှာပြောတာ။ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာက ဂူအောင်းလူသားတွေ တွေ့တယ်ဆိုတာ သူတို့ပေါ့။ illuminati နဲ့ ဒီကောင်တွေနဲ့ ရန်ဖြစ်နေခဲ့တာ ကြာပြီ။ မြန်မာနိုင်ငံကို လူမျိုးစုလိုက်ပါ လွှတ်ထားသေးတယ်။ အခု ယောနယ်ဘက်ကပေါ့. မောင်ရင်တို့ စုန်းလို့ ခေါ်တဲ့အတတ်က တကယ်တော့ Telekinesis ကျင့်စဉ်ပဲ။ အိမ်သွားလည်ရင် ဖင်မှာ ဖျာကပ်နေတယ်ဆိုတာ ဖျာကို လေထဲ မြောက်နေအောင် Telekinesis Power သုံးပြီး ကပ်ထားတာ။ နောက် ဒီဂိုဏ်းသားတွေမှာ Psychic တွေများတယ်။ လက်တဖျောက် အတွင်းမှာ အိပ်မွေ့ ချနိုင်တယ်။ ခိုင်းချင်တာ ခိုင်းနိုင်တယ်။ တခြားဟာတွေရှိသေးတယ်။ ဗြိတိလျတွေ လက်အောက်က လွတ်ဖို့ သူတို့ အများကြီးကူညီခဲ့တာပေါ့ဗျာ။ ဗိုလ်ချုပ်တို့ကို ဗိုလ်မိုးကြိုးတို့နဲ့ တွေ့ပေးတာ၊ ဗိုလ်ချုပ်က သူတို့ အမိန့်မနာခံတော့ ဦးစောကို Psychic Power သုံးပြီး လုပ်ကြံခိုင်းခဲ့တာ စတာတွေပေါ့။ နောက်ပြီး ပုဂံခေတ်က ရှင်အဇ်ဇဂေါဏ ကို Philosopher Stone ခေါ် ဓာတ်လုံး လုပ်နည်းပေးလိုက်တာ။ တကယ်တော့ ဓာတ်လုံးထိုးနည်း အဲ့ပုရပိုက်က အစောထဲက ဒီကောင်တွေဆီမှာရှိတယ်။ ပေးလိုက်တော့ လုပ်နည်းထဲက စာတလုံးဖျက်ပေးလိုက်တာကလား။ လုပ်နည်းထဲမှာ မစင်ပါတယ်။ မစင်ရှေ့က မကို ဖျက်ပေးလိုက်တယ် "*စင်" ဆိုပြီး။ ရွှေစင်ထင်လို့ ရွှေတွေထည့်ပြီးထိုးရာက ဘုရင်ဆီမှာ အလှူခံ မအောင်မြင်ရင် မျက်စိအဖောက်ခံမယ် နောက်ဆုံး မျက်စိထိုးဖောက် အိမ်သာထဲ ဓာတ်လုံး ပစ်ချရာက ဓာတ်လုံးအောင်မြင်သွားတဲ့အထိ ကျန်တာတွေတော့သိမှာပေါ့။ ထပ်ပြောရရင် ကနောင်မင်းသားကြီးလဲ ဒီဂိုဏ်းဝင်ပဲ။ ရေမြုတ်ဗုံးလုပ်နည်းကလဲ ဒီကောင်တွေပေးတာပဲ။ ဘာမှ အဆန်းကြီးတော့မဟုတ်ဖူး။ မဖောက်ထုံးတွေကို ပုံးထဲမှာအလုံပိတ် အထဲမယ် သံတွေ ခဲတွေထည့်ပြီး အပေါက်သေးသေးလေးဖောက်ပေးလိုက်တယ်။ ရေထဲပစ်ချလိုက်တော့ ရေမြုတ်ဗုံးဖြစ်သွားတယ်။ ဒီကောင်တွေမှာ ဘာနည်းပညာတွေ ထပ်ရှိသေးလဲတောင် မရေနိုင်ဘူးဗျို့။ အဆန်းကြယ်ဆုံးကတော့ UFO ပဲ။ UFO ဆိုတာ နံမယ်လျှောက်တပ်ထားတာဗျ. Man in Black ဆိုတာလဲ ဒီကောင်တွေပဲ. လူတွေကြောက်အောင် ခြောက်တာပေါ့ဗျာ. ကျုပ်တခါလိုက်စီးဖူးတယ်. အဆန်းဗျို့. ပြဒါးတော့ သိပ်နိုင်တဲ့ကောင်တွေဗျာ. UFO အလယ်မှာ ဘာရှိလဲ သိလား။ ပြဒါးအရည်လုံးကြီးဗျာ။ ဘေးမှာ မီးအပူပေးတဲ့ အပြားတချပ်ရှိတယ်။ တော်တော်တော့ ပူတယ်။ ယာဉ်မောင်းတဲ့ အတံနဲ့ အဲ့ဒီ့ အပြားချိတ်ထားတယ်။ ဟယ်လီကော်ပတာလိုပဲ။ ပြဒါးက သိပ်အပူကြောက်တာကိုး။ အပူနဲ့ ဝေးတဲ့ဘက်ကိုပြေးတယ်။ အပေါ်တက်ချင်ရင်တော့ အောက်ကနေ အပူပေးလိုက်တယ်။ အဲ့နည်းနဲ့ ပျံနေတာဗျ. အံသြလို့ မဆုံးဘူး။ နောက်ပြီး ဟိုတခေါက် ခေါင်းလောင်းဖော်တဲ့မောင်စံလင်း။ အဲ့ဘဲက illuminati ကပဲ။ မယုံရင် illuminati တံဆိပ် ( ပူးတွဲပါ ပုံတွင် ရှု ) ဒီဘဲ ကျောကုန်းမှာ တက်တူးထိုးထားတယ်. မယုံရင် ပြန်လှန်လိုက်။ အခု ဒီဘဲ ခေါင်းလောင်းရလို့ ပျောက်သွားပြီ။ အခု ကျုပ်က ဘာလို့ ဒီဟာပြောနေရလဲဆိုတော့ ဒီကောင်တွေက လူကောင်းတ၀က် ဆိုးတ၀က်တွေ။ ယုံရတာမဟုတ်ဖူး။ အခု ဒီဂိုဏ်းရဲ့ ပုရပိုက်တွေ ကျုပ် အကုန်ခိုးလာတယ်။ ဒါပေမဲ့ ကျုပ်ကိုယ်တိုင် လေ့လာဖို့လဲ အသက်ကြီးသွားပြီဆိုတော့ နောင်လာ နောင်သားတွေနဲ့ ကျုပ်တို့ မြန်မာနိုင်ငံတော်ကြီး ပြန်လည် ထွန်းကားစေချင်လို့ပဲ၊၊ ဒါတွေ အကုန်လုံးကို လက်ပတောင်းတောင်မှာ ဖွက်ထားခဲ့တယ်။အခု လက်ပတောင်းတောင်ကို ဖြိုနေကြပြီ၊၊ ဆက်မလုပ်ဖို့ နောက်ဆုံးအကြိမ် တားချင်တယ်၊ အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်။ သေရှင်ရွှေထီး ရှင်ရင် မြေကြီး။ ညဏ်တူရင် ယူကြလော့။ ချစ်တဲ့ ရေခဲ ယော 
ပရာနာရာမ ကျင့်စဥ်ကိုသိလား
ReplyDelete