Friday, January 9, 2015

KIA အောက်ခြေတပ်ဖွဲ့ဝင်များစားဝတ်နေရေးကြပ်တည်းမှုကြောင့် ဒေသခံများထံမှ တောင်းရမ်း စားသောက်နေရ

KIA အောက်ခြေတပ်ဖွဲ့ဝင်များစားဝတ်နေရေးကြပ်တည်းမှုကြောင့် ဒေသခံများထံမှ တောင်းရမ်း စားသောက်နေရ

ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၅ ခုနှစ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့ရှိ အောက်ခြေတပ်ဖွဲ့ဝင်များ အနေဖြင့် တောတွင်း တွင်အမြဲတမ်း လှုပ်ရှားသွားလာနေရပြီး စားနပ် ရိက္ခာနှင့်ငွေကြေး အပြည့်အ၀ထောက်ပံပေးခြင်း မရှိခြင်းကြောင့် ဒေသခံများ ထံမှ တောင်းရမ်းစားသောက် နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အခြေချစခန်းများနှင့် ဌာနချုပ်များမှ အချို့သောKIAအဖွဲ့ဝင်များမှာ အဆင်ပြေနေသောကြောင့် အချင်းချင်း ကြေနပ်မှုမရှိဘဲ စိတ်ဝမ်းကွဲမှု များ ဖြစ်ပေါ်နေခြင်း၊ KIA အဖွဲ့ဝင်များသည် အချင်းချင်း ဆက်ဆံရေးပြေလည်မှု မရှိကြကြောင်း ဖားကန်မြို့နယ် နန့်စန်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။ တောတွင်းတွင်အမြဲတမ်း လှုပ်ရှားသွားလာနေသော KIA အဖွဲ့များအနေဖြင့် ၄င်းတို့နယ်မြေအတွင်းရှိ တောင်ယာနှင့် ရွှေကျင်လုပ်ကိုင်နေသူများထံမှ တောင်းရမ်းစားသောက် နေမှုအပေါ် ဒေသခံများ အနေဖြင့် လည်း စီးပွားရေးပြေလည်မှု မရှိသဖြင့် KIA အဖွဲ့၏ တောင်းရမ်းမှုများအား စိတ်ပျက်နေကြကြောင်း သိရသည်။ KIA ဌာနချုပ်အနေဖြင့် တောတွင်းလှုပ်ရှား သွားလာနေသော KIA အဖွဲ့များအား ထိုကဲ့သို့ တောင်းရမ်း စားသောက်မှုများ မပြုလုပ်ရန် မှာကြားထားသည်ဟု သိရသော်လည်း KIA အဖွဲ့အနေဖြင့် စားသောက်ရေး အခက်အခဲကြုံနေ ရသောကြောင့် ရွာသားများထံမှ တောင်းရမ်းစားသောက်နေရပြီး အဆင်မပြေမှုများကြောင့် အချို့သော KIA အဖွဲ့ဝင်များမှာ KIAအဖွဲ့မှ ထွက်ပြေးရန် ကြိုးစားနေကြကြောင်း ယင်းရွာသားများ၏ ပြောပြချက်အရ သိရသည်။ တောင်ယာလုပ်ကိုင် စားသောက်နေသော ဒေသခံများမှာလည်း စား ၀တ်နေရေး ပြေလည်မှုမရှိသည့်ကြားထဲ KIA အဖွဲ့၏ အတင်း အကြပ် တောင်းရမ်းမှုများကြောင့် ဆင်းရဲဒုက္ခ ရောက်နေရကြောင်းနှင့် အခြားမြို့ရွာများသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ယင်းဒေသခံများ ၏ ပြောပြချက်အရ သိရသည်။ အောင်ဇော်(မြစ်ကြီးနား) Kachin Daily News 

No comments:

Post a Comment