Friday, January 2, 2015

မူးယစ်ရမ်းကားပြီး ဆိုင်ရှင် အား ခြိမ်းခြောက်သော KIA တပ်ဖွဲ့ဝင် နှစ်ဦးအား မတရား အသင်း ဥပဒေ ပုဒ်မဖြင့် အမှုဖွင့် 

မူးယစ်ရမ်းကားပြီး ဆိုင်ရှင် အား ခြိမ်းခြောက်သော KIA တပ်ဖွဲ့ဝင် နှစ်ဦးအား မတရား အသင်း ဥပဒေ ပုဒ်မဖြင့် အမှုဖွင့်

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ “ကျော်”ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် လူငယ်နှစ်ဦးမှ မူးယစ်ရမ်းကားပြီး ဆိုင်တံခါးများအား ထုရိုက်၍ ဆိုင်ရှင်အား ခြိမ်းခြောက်နေကြောင်း ဖုန်းဆက်တိုင်ကြားလာသဖြင့် မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှရဲမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

မူးယစ်ရမ်းကားနေသော လူနှစ်ဦးကို ရဲများက ဖမ်းဆီးခဲ့ပြီး ၄င်းတို့ထံမှ အမ်-၂၂ ကျည်ဆံ အမျိုးအစား ၉ တောင့်အား တွေ့ရသောကြောင့် စစ်ဆေးမေးမြန်းရာမှ KIA တပ်မဟာ၂ ၊ တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်များဖြစ်နေကြောင်းသိရသည်။
ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူတာနှင့်ပတ်သက်ပြီး ဧရာရပ်ကွက်တွင်နေ ထိုင်သူ ဒေသခံများမှ “KIA တပ်ဖွဲက လူတွေ လက်နက်ကိုင်ပြီး မတရားအနိုင်ကျင့်တာ ကျနော်တို့တွေ ခဏခဏခံနေရတယ်။ ကျနော် တို့က မပြောရဲလို့သာ ငြိမ်ခံနေရတာ၊ အခုလို ရဲကဖမ်းသွားတယ် ဆိုတာ ကောင်း တာပေါ့၊ စံပြအဖြစ် မှတ်လောက်သားလောက်အောင်ကို ထိထိရောက်ရောက် အရေးယူသင့်တယ်” လို့ ဧရာရပ်ကွက်မှာ နေထို င်တဲ့ ဒေသခံတွေ က ပြောနေကြသည်။

ကေအိုင်အေထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ ရွာတွေမှာ KIAကိုဆက်ကြေးငွေတွေ ပုံမှန်ပေးနေရတဲ့ အကြောင်း မကြာခဏ ကြားသိရပြီး ယခုလို မြို့ပေါ် ရပ်ကွက်တွေ အထိ မတရားအနိုင်ကျင့်တာတွေ ဖြစ်လာ တဲ့အ တွက် ကေအိုင်အေ ရဲ့ အန္တရာယ်ဟာ ကြီးမားလာကြောင်း၊ ဒေသခံပြည်သူတွေ အနေနှင့် ကေအိုင်အေ တပ်ဖွဲ့ဝင်တွေကို ကြောက်နေရပြီး သတိထား ဆက်ဆံနေ ရကြောင်း သိရပါသည်။

ယင်းကဲ့သို့ တရားမ၀င် လက်နက်/ခဲယမ်းကိုင်ဆောင်ကာ မူးယစ်ရမ်းကားပြီး ဆိုင်ရှင်အား ခြိမ်းခြောက် သော KIA တပ်ဖွဲ့ဝင်နှစ်ဦးအား မတရားအသင်း ဥပဒေပုဒ်မ၁၇(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြို့နယ်ရဲစခန်းမှ သိရှိ ရပါသည်။

အောင်ဇော်(မြစ်ကြီးနား)






No comments:

Post a Comment