Wednesday, January 7, 2015

တောင်ကြီး မွတ်ဆလင်ဘက်မှရှေ့နေလိုက်ပေးနေသူ ဒေါ်ခင်မိုးမိုးမှ ၉၆၉ ဂုဏ်တော်အား ရက်စက်သောစွမ်းအားရှင်ဟု ခိုင်းနှိုင်း သုံးစွဲလိုက်ခြင်း။ ။

တောင်ကြီး မွတ်ဆလင်ဘက်မှရှေ့နေလိုက်ပေးနေသူ ဒေါ်ခင်မိုးမိုးမှ ၉၆၉ ဂုဏ်တော်အား ရက်စက်သောစွမ်းအားရှင်ဟု ခိုင်းနှိုင်း သုံးစွဲလိုက်ခြင်း။ ။

။ DVB မေးမြန်းချက် ။ ။ ။ တရားရုံးချိန်းတွေမှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)နဲ့ ဘယ်လို ကြုံရတာမျိုးရှိလဲ။ ဒေါ်ခင်မိုးမိုး ဖြေကြားချက်။ ။ ။ “ကြုံရတယ်ရှင့်။ ရုံးချိန်းနေ့တွေမှာ တရားရုံးက လုံခြုံရေးကို ထိထိရောက်ရောက် တားမြစ်ထားတယ်။ လုံခြုံရေးအရ တခြားသူတွေ ၀င်ခွင့်မပေးဘဲကို တားမြစ်ထားတယ်။ ဘယ်လောက်အထိ တရားရုံးက လုံခြုံရေးကို ဂရုစိုက်လည်းဆိုရင် တခြားအမှုက ရပ်ကွက်သက်သေပေါ့နော်၊ ရပ်ကွက်လူကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်သေတွေကိုတောင် အဲဒီရက်တွေ ၀င်ခွင့်မပေးဘူး။ အဲဒီအမှုရှိတဲ့ရက်တွေ။ အမှုရှိတာလည်း ၁ ပတ်မှာ ၂ ရက်ရှိတာကို တနင်္လာနဲ့ ကြာသပတေး။ အဲဒီနေ့တွေမှာ အပြင်လူကို၊ အမှုနဲ့ မသက်ဆိုင်တဲ့သူကို လုံးဝ ၀င်ခွင့်မပေးဘူး။ အဲဒီလောက်ထိ စည်းကမ်းတကျလုပ်ထားတယ်။” “ဒါပေမယ့် အပြင်မှာ မဘသ ရဟန်းဆိုတဲ့ပုဂ္ဂိုလ်တွေ၊ ၉၆၉ ဆိုတဲ့ ရပ်ကွက်ထဲက စွမ်းအားရှင်တွေ အဲဒီလိုလူတွေက တရားရုံးရှေ့က လက်ဖက်ရည်ဆိုင်မှာ အုပ်စု လိုက်ထိုင်တယ်။ ဖုန်းတွေ ဟိုဆက်၊ ဒီဆက်လုပ်တယ်။ ကျမကိုကျတော့ ပါတီဥက္ကဋ္ဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ်) ဆိုတာနဲ့ တိုက်ခိုက်တာကျတော့ ဖေ့စ်ဘွတ်ခ် တွေမှာ တင်တယ်။ ဦးဝီရသူရဲ့ ၀က်ဘ်ဆိုက်တွေမှာ ဒီအမှုကို ဇောင်းပေးပြီးတော့ကို တင်ထားတာတွေ ရှိတယ်။ နောက်ပြီးတော့ အစောပိုင်းကဆိုရင် အဲဒီ မဘသ ရဟန်းအုပ်စုကနေပြီးတော့ စာရွက်တွေ ဝေသွားတာတွေ ရှိတယ်။ အဲဒီတော့ ကျမက တနေ့ကပဲ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) က အကြီးအကဲတွေကိုရောပေါ့နော်။ အမိန့်ချတဲ့နေ့ကျရင် လုံခြုံရေးကို အထူးသဖြင့် လုပ်ထားပေးပါ။ မလိုအပ်တဲ့ဟာတွေ ဖြစ်မှာစိုးလို့။ အဲဒီ ဘုန်းကြီး၊ ရဟန်းတွေကတော့ ရုံးထဲကို ၀င်ချင်တယ်၊ ရုံးက တားလို့သာ မ၀င်ရတာ။ မ၀င်ရတော့ ရှေ့က လက်ဘက်ရည်ဆိုင်မှာ စုရုံး၊ စုရုံးလုပ်တာတွေ ရှိတယ်။ ၄ ချိန်းလောက် သူတို့ လာဖူးတယ်ရှင့်။” DVB မေးမြန်းချက် ။ ။ ။ အန်တီကို စာရေးတာပဲဖြစ်ဖြစ်၊ ဖေ့စ်ဘွတ်ခ်ကပဲ ဖြစ်ဖြစ်။ တယ်လီဖုန်းနဲ့ ဖြစ်ဖြစ် အသက်အန္တရာယ်၊ ဂုဏ်သိက္ခာ ခြိမ်းခြောက်တာမျိုး၊ သတိပေးတာမျိုး ကြုံရလား။ ဒေါ်ခင်မိုးမိုး ဖြေကြားချက် ။ ။ ။ “ရှိတယ်ရှင့်၊ ဖေ့စ်ဘွတ်ခ်ကရော၊ မေးလ်နဲ့ ပို့တာတွေရောပေါ့နော်။ ‘ဒီ မွတ်စလင်ကိစ္စတွေပဲ လုပ်နေတယ်။ ဘာညာ ဆိုပြီးတော့ အဲဒီလို ခြိမ်းခြောက်တာတွေ ရှိပါတယ်။ ကျမတို့လည်း ဘာပဲဖြစ်ဖြစ်ပေါ့။ ရဲတပ်ဖွဲ့တို့ ဘာတို့ကိုလည်း အသိပေးပါတယ်။ အသိပေးပြီးတော့ ကျမ အမှုသည်တွေကိုလည်း မထင်မှတ်တဲ့ ထောင်ချောက်ထဲ ၀င်သွားမှာစိုးလို့ တရားခံတွေရဲ့မိသားစုတွေဆို ကျမ ရုံးချိန်းတွေမှာကို မလာဖို့ တားထားတယ်။ သူတို့ ထမင်းကျွေးရုံလောက်လေးပဲ လာတယ်။ ထမင်းနဲ့ ဟင်းဘူးလေးတွေပို့ပြီးရင် သူတို့ ပြန်ကြတယ်။ နောက်တခါ အမိန့်ချမယ့်နေ့ဆို သူတို့ကို မလာပါနဲ့လို့ပဲ မှာထားတယ်။” DVB အေးနိုင်မှ ထုတ်နှုတ်တင်ပြထားခြင်း ဖြစ်ပါသည်။ 

No comments:

Post a Comment