မြိတ်မြို့ပြည်သူ့လွတ်တော်အမတ် ယုဇနကုမ္ဗဏီပိုင်ရှင် တရုတ် ဦးဌေးမြင့်သည်
စင်ကာပူနိင်ငံထက် ၂ ဆကြီးသည့်မြေပမာဏကို မြန်မာနိင်ငံအတွင်းပိုင်ဆိုင်ထားပြီးဖြစ်သည်။ ယုဇန ဦးဌေးမြင့်ပိုင်ဆိုင်သည့် မြေများမှာ ရန်ကုန်တိုင်း တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊သာကေတမြို့နယ်၊လှိုင်မြို့နယ် တို့တွင်လည်းကောင်း၊ တနင်္သာရီတိုင်းအတွင်းမှ ဆီအုန်းခြံ ဧက ၂ သိန်းကျော်သည်လည်းကောင်း၊ ကချင်ပြည်နယ်တနိုင်းတွင် ပီလောပီနံ စိုက်ခင်း ဧက သိန်းကျော်တို့သည်လည်းကောင်း၊ ဧရာဝတီတိုင်း မှ လယ်ဧက သောင်းကျော်သည်လည်းကောင်း ယုဇနဦးဌေးမြင့်၏ ပိုင်ဆိုင်မှုများအနက်မှ ထင်ရှားသည့်ပိုင်ဆိုင်မူများဖြစ်ပါသည် ________________________________ ရမည်းသင်းမြို့မှ ၀မ်းတွင်းမြို့အထိ မော်တော်ကားလမ်းကြေးများမှာ ယုဇန ဦးဌေးမြင့်ပိုင် ကုမ္ဗဏီအတွက်ဖြစ်ပြီး လမ်းအသုံးပြုခ ကောက်ခံရမူ တစ်နေ့ဝင်ငွေမှာ သိန်းရာကျော်ဝန်းကျင်ဖြစ်ပါသည်။ အဆိုပါကားလမ်းဖေါက်လုပ်စဉ်က ယုဇနဦးဌေးမြင့်၏ စိုက်ထုတ်ရင်းနှီးမှု တစ်ကျပ်မျှပင်ပါဝင်ခြင်းမရှိဘဲ ဒီဇယ်ပါမစ်နှင့် စက်ယန္တရားပါမစ်များ ကိုလက်လွဲရောင်းချသည့် ငွေများဖြင့်ဖေါက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ __________________________________ န၀တနှင့် နအဖ လက်ထက်တွင် ဓာတ်မြေသြဇာပါမစ်လောကတွင် ပါမစ် ၀င်းမြင့်(ယခု စီးပွားကူးသန်းဝန်ကြီး)နှင့် ပါမစ် ဌေးမြင့် ခေါ် ယုဇနဌေးမြင့် တို့သည် ပါမစ်အများဆုံးရသူမျာဖြစ်သည်။ ယုဇန ဦးဌေးမြင့်သည် တနိုင်း ပီလောပီနံစိုက်ခင်းကုန်ကျစရိတ်အ၀၀ကို ဓာတ်မြေသြဇာပါမစ်တစ်မျိုးတည်းလက်လွဲရောင်းချကာ အကောင်အထည်ဖေါ်သွားသည့် ခရိုနီကြီးတစ်ဦးဖြစ်သည်။ _________________________________- https://www.facebook.com/myanmarbreakingnews2015 
No comments:
Post a Comment