Friday, January 2, 2015

မူဆလင်ညီနောင်များအဖွဲ့ခေါင်းဆောင်မှ အလ္လာဟ်မှတစ်ပါး အခြားဘုရားမရှိ၊ ဗုဒ္ဓသည် အလ္လာဟ်၏ တမန်တော်ဖြစ်သည်ဟု ကြေငြာ

မူဆလင်ညီနောင်များအဖွဲ့ခေါင်းဆောင်မှ အလ္လာဟ်မှတစ်ပါး အခြားဘုရားမရှိ၊ ဗုဒ္ဓသည် အလ္လာဟ်၏ တမန်တော်ဖြစ်သည်ဟု ကြေငြာ မူဆလင်ညီနောင်များအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ထင်ရှားသော မူဆလင်သာသနာပြု တာရက် အယ်လ်ဆူဝေဒန် (Tareq Al-Suwaidan) က မူဆလင်များအား 'ဗုဒ္ဓကို အလ္လာဟ်၏ တမန်တော်တစ်ဦး' အဖြစ် ယုံကြည်ကြရန် ဆော်သြလိုက်သည်။ ဖော့ဘ်စ်မဂ္ဂဇင်း၏ အဆိုအရ အယ်လ်ဆူဝေဒန်သည် မူဆလင်ကမ္ဘာ၌ ဒုတိယမြောက် နှစ်ပတ်လည် ဝင်ငွေအမြင့်ဆုံး အစ္စလမ္မစ်တရားဟောဆရာဖြစ်သည်။ ၎င်းသည် ရုပ်သံ၌လည်း ထင်ရှားသူတစ်ဦးဖြစ်ကာ များစွာသော အစ္စလမ္မစ်ရုပ်သံများအတွက် အစ္စလမ္မစ် ဘာသာရပ်များကို အစီအစဉ်တင်ဆက်ခဲ့ဖူးသည်။ မြင့်မြတ်သော ကုရ်အာန်ကျမ်းအကြောင်းမှသည် တမန်တော်မြတ်၏ ဇာတ်ကြောင်း၊ မှတ်သားဖွယ် အမျိုးသမီးများ နှင့် အန်ဒယ်လူရှန်း သမိုင်းတို့ကို အသံလွှင့်ခဲ့ဖူးသည်။ ၎င်း၏ပြောဆိုမှုများကို ကူဝိတ်ရုပ်မြင်သံကြား၊ ဖာ့စ် ချန်နယ် နှင့် MBC တို့၌ ထုတ်လွှင့်ခဲ့သည်။ အယ်လ်ဆူဝေဒန်သည် ယခင်က ဆော်ဒီစီးပွားရေးသမား မင်းသား အယ်လ်ဝါလိဒ် ဘင် တာလယ်လ်၏ အာဘော် အယ်လ်ရီဆာလာ ရုပ်သံ၏ အထွေထွေမန်နေဂျာ ဖြစ်သည်။ သို့သော် အယ်လ်ဆူဝေဒန်သည် ကူဝိတ်မူဆလင်ညီနောင်များအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေသည့်အတွက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် မင်းသား တာလယ်လ်မှ ၎င်းကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ တာရက်ခ် အယ်လ်ဆူဝေဒန်သည် "မူဆလင်ညီနောင်များအဖွဲ့ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဟု ဝန်ခံခဲ့သဖြင့်" ၎င်းကို ထုတ်ပယ်လိုက်သည်ဟု မင်းသားတာလယ်လ်မှ ၎င်း၏တွစ်တာအကောင့်၌ ရေးသားခဲ့သည်။ မူဆလင်များက ဘာသာတရားနှစ်ခုကို နီးနီးကပ်ကပ်ဖြစ်လာစေရန် ဆက်သွယ်မှုများကို မျှော်လင့်နေသည်။ ဗုဒ္ဓစာပေများကိုလည်း တတ်ကျွမ်းသော ထင်ရှာလှသော မူဆလင်ပညာတတ်ဖြစ်သူ ဟူစိန် ယီးက ဗုဒ္ဓသည် တမန်တော်တစ်ပါးပင်ဖြစ်ပြီး မုဟမ္မဒ်ကဲ့သို့ပင် အလ္လာဟ်မှ ချီးမြှင့်ခြင်းကို ရခဲ့သူဟု ကြေငြာခဲ့သည်။ ထို့ပြင် ဗုဒ္ဓသည် အလ္လာဟ်၏ တမန်တော်များထဲ၌ တစ်ပါးအပါအဝင်ဖြစ်သည်ဟု အခိုင်အမာပြောကြားခဲ့သည်။ အစ္စလာမ်သည် ဗုဒ္ဓဘာသာနှင့် တစ်နေနေ့တွင် ပေါင်းစပ်နိုင်လိမ့်နိုး မျှော်မှန်းချက်ထား ကြိုးစားနေသည်။ 'ဒါဝါ' (အစ္စလာမ် ကြွေးကြောသံ) သည် အစ္စလာမ်သို့ လူများဘာသာကူးပြောင်းဝင်ရောက်စေရန် ကြိုးစားစေဖို့ မူဆလင်များအား တွန်းအားဖြစ်ပြီး ယခုအချိန်၌ မူဆလင်များသည် အခြားဘာသာကြီးတစ်ခုဖြစ်သော ဗုဒ္ဓဘာသာနှင့် ပူးပေါင်းနိုင်ရန် မျှော်လင့်နေကြသည်။ ယနေ့အခါများ၌ များစွာသော မူဆလင်ခေါင်းဆောင်များသည် မူဆလင်များ အစ္စလာမ်ကိုသာ လက်ခံရုံမျှမက ဘာသာစစ်ဘာသာမှန် တစ်ခုအဖြစ် ဗုဒ္ဓဘာသာကိုပါသွတ်သွင်းရန် ပြုလုပ်လာကြသည်။ ၎င်းမှာ ကုရ်အာန်နှင့်လည်း မဆန့်ကျင်ချေ။ "နိုင်ငံတိုင်းအတွက် တမန်တော်ရှိသည်။" (ကုရ်အာန် ၁၀:၄၇ ရ။ ကုရ်အာန် ၁၆:၃၆၊ ကုရ်အာန် ၄၀:၇၈ လည်းရှု)။ ကုရ်အာန်တွင် ဖော်ပြသကဲ့သို့ နိုင်ငံတိုင်း၌ တမန်တော်မိုဟာမက် ရှိခဲ့ပါလျှင် ကမ္ဘာ့ အရှေ့ဖျားနှင့် အရှေ့တောင်အာရှအတွက် တမန်တော်မှာ မည်သူနည်း။ ဗုဒ္ဓဘာသာနှင့် မက္ကာ ဆက်စပ်မှုရှို သီရိလင်္ကာအစိုးရအတွက် အလုပ်လုပ်ပေးနေသော Perera the Encyclopedia of Buddhism ၏ တွဲဖက်အယ်ဒီတာဖြစ်သူက သကြာမုနိဗုဒ္ဓ၏ တပည့်သာဝကတစ်ဦးဖြစ်သော ပုဏ္ဏထေရ်၏ မွေးရပ်မြေသည် အစ္စလမ္မစ်မတိုင်မီက ဆော်ဒီအာရေဗီးယား ဖြစ်သည်ဟု ဖော်ထုတ်ထားသည်။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က အရှင်ပုဏ္ဏထေရ်၏ ပင့်လျှောက်မှုဖြင့် ဆော်ဒီရှိ အထွတ်အမြတ်မြို့ မက္ကာ၌ ဗုဒ္ဓ၏မွေတော်တစ်ခုကို ဌာပနာထားခဲ့သည်ဟု ဆရာတော် ပညာနန္ဒ နာယကထေရ်မှ နောက်တစ်ဆင့်တက်၍ ဖော်ပြခဲ့သည်။ ဆရာတော် ပညာနန္ဒထေရ်၏ သုတေသနစာတမ်း၌ ဆော်ဒီအာရေးဗီးယား၌ ဗုဒ္ဓမြတ်စွာ၏ သာဝက အရှင်ပုဏ္ဏမှ သံဃာများအတွက် ကျောင်းလေးကျောင်း ဆောက်လုပ်ခဲ့ပြီး ထိုကျောင်းများသို့ မြတ်စွာဘုရားကိုယ်တော်တိုင် မဇ္ဇိမဒေသမှ အာရေးဗီးယားသို့ ကောင်းကင်ခရီး ကြွချီ၍ စံပါယ်ခဲ့သည်ဟု ဖော်ပြထားသည်။ မူဆလင်ဆူဖီများနှင့် ဗုဒ္ဓဘာသာများ ရင်းနှီးပတ်သက်မှု ရှိကြ အလယ်အာရှ၌ အစ္စလာမ်ကြီးထွားလာမှုသည် လွန်စွာရှုပ်ထွေးသည်။ အလယ်အာရှသားများ အစ္စလာမ်သို့ ကူးပြောင်းရသော အဓိကကျသော အကြောင်းတစ်ရပ်မှာ ဆူဖီဝါဒ၏ ဆွဲဆောင်မှုကြောင့်ဖြစ်သည်။ အနည်းငယ်မျှသောသူများသာ နားလည်သဘောပေါက်သည့် ကျင့်ကြံမှုများနှင့် စိတ်ကူးသစ်များကို လက်ခံသည့် ဆူဖီဝါဒကို သဘောတရားရေးရာအရ မကွဲပြားလက်ခံနိုင်သည်ဟု ယူဆကြပြီး ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာဝင်များ အစ္စလာမ်ဘာသာဝင် ဖြစ်လာသည်။ အကြောင်းရင်းခံအစစ်မှာမူ ထိုသို့ကူးပြောင်းမှသာ အနေအစားအဆင်ပြေမည်ဖြစ်သဖြင့် အနီးစပ်ဆုံးဝါဒ ဆူဖီသို့ ကူးပြောင်းခြင်းဖြစ်သည်။ ဆူဖီသဘောတရားများ နှင့် ဗုဒ္ဓဘာသာတို့၌ တူညီမှုများစွာရှိသည်။ ဈာန်ဝင်စား၊ ပီတိဖြင့်နေခြင်းမှာ ဆူဖီနှင့် တန္တရ ဗုဒ္ဓဘာသာဝင်တို့ကြား တူညီသည်။ အထူးသဖြင့် ဝီဂါဒေသ၌ ဆူဖီများမှာ ဗုဒ္ဓဘာသာများကဲ့သို့ ခေါင်းတုံးတုံးလေ့၊ မျက်နှာပေါ်ရှိအမွှေးများကို ရိတ်သိမ်းခြင်းများ ပြုလုပ်ပေးလေ့ရှိသည်။ ဗုဒ္ဓမြတ်စွာ၏ သံသရာမှ လွတ်မြောက်ကြောင်းဖြစ်သည့် "အဝိဇ္ဇာအား ပယ်သတ်ခြင်း" သည် "ဖာနာ" တနည်းအားဖြင့် "အတ္တမာနကို ပယ်သတ်ခြင်း" နှင့် ဆင်တူသည်။ ထိုမှသည် ဗုဒ္ဓဝါဒဖြစ်သော "အနတ္တ" သို့မဟုတ် "ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ...မရှိ" သို့ ဦးတည်သွားစေသည်။ ထိုသို့ ဆူဖီနှင့် ဗုဒ္ဓဘာသာများကြား အသုံးအနှုန်း၊ သဘောတရား နှင့် အကျင့်အကြံများ တူညီကြသည်မှာ အံ့သြမကုန်နိုင်အောင် ဖြစ်ရသည်။ ဆူဖီတစ်ယောက်ဖြစ်သော အစ်ဒ်ရိစ် ရှားမှ ဇင်ဗုဒ္ဓဘာသာ နှင့် ဆူဖီဝါဒကြား တူညီမှုများကို မှတ်ချက်ရေးသားခဲ့သည်။ "ဆူဖီအတွေးအမြင်၊ ကျင့်ကြံမှုများ နှင့် ဂျပန်ရှိ ဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ခုဖြစ်သော ဇင်ဗုဒ္ဓဘာသာဝင်များကြား တူညီမှုများမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဇင်နှင့် ဆူဖီတို့၏ ပညာရပ်ဝေါဟာရ၊ ပုံဝတ္ထုများ နှင့် ဘာသာရေးဆရာများ၏ ပြုမူပုံများ တူညီမှုများမှာ စဉ်းစားဖွယ်ပင်။ ဆူဖီရှုထောင့်ကကြည့်လျှင် ဇင်ဗုဒ္ဓဘာသာဝင်များ၏ ကျင့်ကြံမှုများသည် ဆူဖီဝါဒ၏ နည်းလမ်း(ဇာ့ဘ်)နှင့် တူညီလွန်းနေသည်။" အစပြန်ကောက်ရလျှင် ဆဲလ်ဂျက်ခေတ်က ထင်ရှားသော ဆူဖီနှစ်ဦးဖြစ်သည့် အယ်လ်ရှဟရာစတန်နီ နှင့် အယ်လ်ဘီရူနီတို့က ဗုဒ္ဓကို တမန်တော်ဟု ပြောဆိုရည်ညွှန်းခဲ့ကြသည်။ ဆူဖီများသည် အဘာဆစ်ခေတ်ကတည်းက ဗုဒ္ဓဘာသာထံမှ သင်ယူလာခဲ့ကြသည်။ အလယ်ခေတ်က ဗုဒ္ဓသည် ပါရှားနှင့် အလယ်အာရှ၌ မူဆလင်များက လွန်စွာလေးစားကြည်ညိုရသူတစ်ဦး ဖြစ်ခဲ့သည်။ အစ္စလာမ်သည် ၎င်းကိုယ်ကို ဘာသာရပ်အားလုံး၌ အသန့်စင်ဆုံးအဖြစ် ပုံဖော်လိုနေသည်။ ဤနေရာ၌ ထိုသို့သောပုံရိပ်ကို ဖန်တီး၍ အခြားဘာသာတရားများမှာလည်း အစ္စလာမ်ပင် ဖြစ်သယောင် ဖန်တီးလိုနေခြင်း ဖြစ်ပေသည်။ http://shoebat.com/2014/12/31/muslim-brotherhood-leader-declares-no-god-allah-buddha-messenger/

No comments:

Post a Comment