Wednesday, November 26, 2014

ဟုတ်ပမလားဗျာ

မှတ်တမ်း
ရေကြီးလို့ ပြည်သူတွေ ဒုက္ခရောက်နေရင် သူတို့ပဲ ကူညီခဲ့ကြတယ်...

ငလျင်လှုပ် လို့ ပြိုကျပျက်စိးပြီး ပြည်သူတွေ ဒုက္ခ ရောက်နေရင် သူတို့ပဲ ကူညီခဲ့ကြတယ်...

မုန်တိုင်းတွေ တိုက်လို့ လမ်းတွေပိတ်နေရင် လမ်းတွေဖောက်ဖို့လို အပ်နေရင် သူတို့ပဲ ပြည်သူတွေကို ကူညီ ခဲ့ကြတယ်...

မီးတွေ ဟုန်းဟုန်းတောက် လောင်နေလို့ ပြည်သူတွေ ဒုက္ခ ရောက်နေရင်လဲ သူတို့တွေ အငြိမ်နေလို့ မရခဲ့ပြန်ဘူး...

လေယာဉ်ပြတ်ကျလို့ ပင်လယ်ပြင်မှာ လှေမှောက်လို့ စတာတွေ က အစ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို သူတို့တွေ တတ်အားသရွေ့ ကူညီပေးခဲ့ကြတယ်...

ဒါပေမယ့်လေ... သူတို့တွေ ဒုက္ခရောက်နေရင်... အနေစုတ်.. အစားစုတ်နဲ့ တိုင်းပြည်ကို ကာကွယ်ပြီး ရှေ့တန်းမှာ ရန်သူက သတ်လို့ ခွေးသေ ၀က်သေ သေသွားရင် လမ်းသူ့ ပန်းခွေချပေးဖို့ မပြောနဲ့... သနားဂရုဏာ စုတ်တချက် သတ်ပေးမယ့် သူတောင် မရှိခဲ့ဘူး...

သွေးသစ္စာ

No comments:

Post a Comment