Wednesday, November 12, 2014

KIA ဆက်ကြေးကောက်ခံမှု ဖြေရှင်းပေးရန် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ထံ တိုင်ကြား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု၊ တာမခန်ကျေးရွာနေ ရွာသူရွာသားများအား ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့မှ အတင်းကြပ် ဆက်ကြေးကောက်ခံ မှုအပေါ် ဖြေရှင်းပေးရန် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ထံ သို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ မြန်မာပြည် (မြောက်ပိုင်း)က နိုဝင်ဘာ ၇ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါကျေးရွာနေ ဦအောင်ဝင်း၊ ဦးယောကြီးနှင့် ၁၂ ဦးပိုင် သဲကျောက်ကားတစ်စီးလျှင် (၃)သိန်းကျပ်နှုန်း ကောက်ခံ ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားကာ လာရောက်ပေး သွင်းရမည်ဟု KIA မှ ရွာထဲလာရောက် ခြိမ်း ခြောက် ပြောဆို သွားခြင်းဖြစ်ေ ကြာင်း သိ ရသည်။ “ နန့်နားလိုင်မှာ KIA ရှေ့တန်းရုံးရှိတယ်၊ အဲဒီကိုသွားပေးရမှာ သမာအာဇီဝကျကျ လုပ်စားနေတဲ့ ဒေသခံတွေကို ငွေတောင်းတာကတော့ တရားလွန်သွားပြီ၊ ဒါကြောင့် ပဋိပက္ခညှိနှိုင်းဖြေရှင်းပေးရေးအဖွဲ့ဆီကို အသိပေးတိုင်ကြားရတာ ပါ ” ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ KIA အဖွဲ့၏ အဓမ္မဆက်ကြေးကောက်ခံနေမှု၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်အန္တရာယ်ပေးမှုများ ကို နိုင်ငံတော်အစိုးရအနေဖြင့် အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးရန် တင်ပြခံခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ “ KIO ဆက်ဆံရေးရုံးက ဦးဒေါင်းခါးတို့ကို တိုင်လည်း ဘာမှအကြောင်းပြန် တာ၊ ဖြေရှင်းပေး တာမျိုးမရှိဘူး၊ ဒါကြောင့် ပြည်နယ်အစိုးရရုံးက ပဋိပက္ခညှိနှိုင်းဖြေ ရှင်းပေးရေးအဖွဲ့ဆီကို တိုင်ကြားတာပါ၊ ပြီးတော့ နေပြည်တော်ကိုလည်း မိတ္တူ ပေးထားပါတယ် ” ဟု ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောကြားသည်။ KIAအဖွဲ့မှဆက်ကြေးတောင်းခံနေသည့်ကိစ္စအား ဖြေရှင်းပေးရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောငမင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အခြားဌာနဆိုင်ရာအဖွဲ့အစည်းများထံသို့ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment