Thursday, November 13, 2014

ဝန်ထမ်းလစာနဲ့ ကချင်ပြည်နယ်က ဘန်ကာများ

နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီလောက်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ Facebook စာမျက်နှာ မှ Status တစ်ခုကို မိတ်ဆွေတစ်ယောက်က Share လိုက်လို့ ဖတ်လိုက်ရပါတယ်။ ရေးထားတာက.. ကြံ့ခိုင်ရေး အမတ် မြင်းခြံ အမျိုးသား လွှတ်တော် ကိုယ်စာလှယ် ဦးဇော်မြင့်ဖေ မှ လစာတိုးပေးဘို့ အရေးကြီး အဆိုတင်ပါတယ် ။ good တယ်ဗျ ။သူက ဝန်ကြီး လစာနဲ့ အခြေခံဝန်ထမ်းလစာ အဆ ၂၀ ကွာနေတာကို ထောက်ပြတယ်ဗျာ။ တပ်ကဗိုလ်မှုး တယောက်အမေက သူ့သားဗိုလ်မှုး ဖြစ်နေပြီ ငွေပို့ပေးနေရတုံး ရှိသေး တယ်တဲ့။ တိုးရင်ကောင်းတယ်ဗျို့။ ဆိုတဲ့ စာသားလေးပါပဲ။

လစာတိုးခြင်း/မတိုးခြင်းဟာ ကျွန်တော်နဲ့တိုက်ရိုက် မသက်ဆိုင်ပေမယ့်မုဒိတာတော့ ပွားနိုင်ပါတယ်။ ကိုယ့်မိတ်ဆွေ အသိုင်းအ၀ိုင်းက ၀န်ထမ်းတွေ တကယ်ကိုအဆင်မပြေကြတာကိုတွေ့နေရတာကိုး။ ဒါပေမယ့် ဗိုလ်မှူးတစ်ယောက်ဟာ လစာ ၂ သိန်းကျော်ရပါလျှက် အိမ်ကငွေပို့ပေးနေရတုံး ဆိုတာကိုတော့ တွေးစရာပါပဲ။

နောက်တစ်ခုက ခောတ်ကတော့ဗျာ။ ကချင်ပြည်နယ်မှာ တပ်မတော်စခန်းမှာ ဘန်ကာ ၅ လုံးဆောက်ဘို့ ကို ကျားဖြူရှမ်းပါတီက နန်းဝါနု က ကန့်ကွက်လို့ မဲခွဲ နေရသဗျ ။ဘန်ကာဆိုတာ ခံစစ်အတွက်လေ သူတို့လာ တိုက်မှာ မှမဟုတ်ဘဲ ။တော်သေးတာပေါ့ဗျာ ဘန်ကာဆောက်မယ့်ဘက်က ထောက်ခံ ၄၁၂ သဘောမတူတဲ့ အုပ်စုက ၆၀ ကြားနေ ၁၄ တဲ့။ ဆိုပြီး ရေးထားတာပါ။ အဲဒီ Status အောက်မှာပဲ အဲ့ ဘန်ကာတွေ က နိုင်ကာတကာအဆင့်မှီတရုတ်နယ်စပ်မှာဆောက်မှာမို့ ဘတ်ဂျက်တောင်းနေရတာပါ ။ ရှေ့တန်း ဘန်ကာ ဆိုတာကတော့ ဘော်ဘော်တွေကိုယ့်ဟာကိုယ်ဆောက်ကြရတာပါဘဲ။နားမလည်ဘဲ ဘာလာလာကန့်ကွက်ဆို ဘယ်ကောင်းမလဲ။ဝေထားတဲ့ဘတ်ဂျက် စာအုပ်တွေသေချာမဖတ်လို့ဖြစ်မယ်။ ဆိုပြီး ရေးထားတာကိုလည်း တွေ့လိုက်ရ့ပါတယ်။

ခုနက လစာတိုးတာထက်ကို ကချင်ပြည်နယ်က ဘန်ကာ ၅ လုံးက ကျွန်တော့်အတွက် ပိုပြီး စိတ်ဝင်စားစေပါ တယ်။ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ဘန်ကာတွေက နှစ်ပေါင်းများစွာ ကြာနေတဲ့အပြင် အရည်အသွေးအရရော ၊ ပုံသဏ္ဍာန် အရပါ ခံ့ညားမှုမရှိလို့ ဒါတွေကို ပြင်ရင်ကောင်းမှာပဲ ဆိုပြီး လွန်ခဲ့တဲ့ ၅ နှစ် လောက်ကတည်းက ဖြစ်စေ ချင်ခဲ့တာပါ။ ဒီလုပ်သင့်တဲ့ အရာတွေကိုတောင်မှ ကန့်ကွက်တယ်ဆိုမှတော့ ဒေါ်နန်းဝါနုဟာ သူများတွေရေးကြသလို လက်နက်ကိုင်တွေရဲ့ အမာခံလား (ဒါမှမဟုတ်) ဦးလှဆွေ ပြောသလို ဘာလာလာ စစ်တပ်နဲ့ပတ်သက်လာလျှင် ကန့်ကွက်မယ်ဆိုတဲ့ လွှတ်တော်အမတ် တစ်ယောက်လားဆိုပြီး တွေးစရာပါပဲ။

Happy GoD

No comments:

Post a Comment