KIA (ကချင်)အဖွဲ့ တပ်ရင်း(၄)မှ တပ်သား အဆင့်ရှိ ခင်မောင်ဝင်း ၂၆ နှစ်သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီ ၄ဝ မိနစ် အချိန်တွင် တပ်မတော် စစ်ကြောင်းသို့ လက်နက်မဲ့ ဝင်ရောက် ခဲ့သည်။
ခင်မောင်ဝင်းသည် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် မြစ်ကြီးနားမြို့နယ် မရှီယန်ရွှေမှော် မှ အလုပ်ထွက်ခဲ့ပြီး မြစ်ကြီးနားမြို့သို့ ဂွေထော်လမ်း အတိုင်း ပြန်လာစဉ် KIA (ကချင်)အဖွဲ့မှ အဓမ္မဖမ်းဆီး စုဆောင်းခြင်း ခံရကာ မေလတွင် KIA (ကချင်)အဖွဲ့၊ တပ်ရင်း(၄)သို့ ရောက်ရှိပြီး စစ်သင်တန်း ၂ လခန့် တက်ရောက်ခဲ့ ရကြောင်း၊ သင်တန်းဆင်း ပြီးနောက် ၄င်းတပ်ရင်းတွင် ပြည်သူ့စစ် တာဝန် ထမ်းဆောင် ရကြောင်း၊ KIA (ကချင်)အဖွဲ့တွင် နေလိုစိတ် မရှိသဖြင့် ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး KIA (ကချင်) အဖွဲ့ တပ်ရင်း(၄) လက်အောက်ခံ ၁၇ မိုင်စခန်းသို့ ရောက်ရှိစဉ် ထွက်ပြေး၍ တပ်မတော် စစ်ကြောင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
The Myawady Daily
KIA လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာပြီး တပ်မတော်စစ်ကြောင်းကို အကူအညီတောင်းကာ .....
ပြည်သူ့ရင်ခွင်သို့ ပြန်လည်ခိုလှုံခွင့်ရခဲ့သူပါ ...... ။
သူရဲ့ ပြောဆိုချက်အရ ......
KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ သူကဲ့သို့ ထွက်ပြေးရန် ကြိုးစားနေသူအများအပြားရှိကြောင်းလည်း သိရပါတယ် ...... ။
မူးယစ်ဆေးဝါးများ တိုက်ကျွေးထားပြီး ထွက်ပြေးနိုင်ခြင်းမရှိအောင်လည်း မိသားစုများကို ခြိမ်းခြောက်ခြင်းများလည်း ပြုလုပ်ထားပါတယ် ဟု သိရပါတယ် ... ။
No comments:
Post a Comment