Tuesday, November 25, 2014

ထီးချိုင့်မြို့နယ်၊အုပ်ဆုံရွာမှာဆွံ့အနားမ ကြားကလေးမကိုအဓမ္မပြုကျင့်ရန်ကြံ စည်မှုဖြစ်ပွား *******-************-****

ထီးချိုင့်မြို့နယ်၊အုပ်ဆုံရွာမှာဆွံ့အနားမ ကြားကလေးမကိုအဓမ္မပြုကျင့်ရန်ကြံ စည်မှုဖြစ်ပွား *******-************-**** မြန်မာပြည်မှာအမျိုးသမီးတွေရဲ့ဘဝက ပုခက်ထဲကနေသေခါနီးအထိမလုံခြုံသလို ဖြစ်နေတာတွေ့ရတယ်။အခုလည်းဘယ် လိုမှမရေးခြင်ပါဘူး။ဒါပေမဲ့သတိပြုမိ အောင်ရေးလိုက်ပါတယ်။ ၂၄.၁၁.၂၀၁၄နေ့ညနေ၅နာရီခွဲမှာထီးချိုင့် မြို့နယ်၊အုပ်ဆုံကျေးရွာမှဒေါ်ညွန့်ရွှေအိမ်ထဲရှိစဉ်အိမ်ရှေ့မှာကစားနေတဲ့ဆွံ့အနားမကြားသောသမီးအေးမြသီတာ၁၅နှစ်ကိုအမည်မသိလူတစ်ယောက်ခေါ်သွားတယ်လို့အိမ်နီးချင်းကပြောလို့မောင်းကုန်းရဲစခန်း မှာအကြောင်းကြားပြီးရဲတပ်ကြပ်ကြီး ဖိုးကျော်နဲ့အေးမြသီတာကိုလိုက်ရှာရာမှာ ရွာရဲ့မြောက်ဘက်ကိုက်၁၀၀အကွာကြံခင်းတောစပ်မှာဖိုးစီခေါ်နေထက်အောင် ၂၆နှစ်သောင်ကြီးရွာနေသူကကိုယ်တုံးလုံး ချွတ်နဲ့ကလေးမကိုဘောင်းဘီချွတ်ပြီးတွန်း လှဲတာကိုကြံခင်းမှာပေါင်းပေါက်နေတဲ့ အမျိုးသမီးနှစ်ယောက်ကမြင်လို့အော် တော့ဝိုင်းဖမ်းတာမိခဲ့ပါတယ်။ ထီးချိုင်မြို့မစခန်းမှာ(ပ)၃၈၂/၂၀၁၄ပြစ်မှု ပုဒ်မ၃၇၆/၅၁၁နဲ့အရေးယူထားတယ်လို့သိ ရပါတယ်။ဆွံ့အနားမကြားကော၊အရူးမ မကျန်၊ကလေးပေါက်စတွေပါမုဒိန်းကျင့် သူတွေကိုဘယ်လိုပြစ်ဒဏ်ပေးပြီးဆုံးမ သင့်ပါသလဲ။ Aye Lwin Katha

No comments:

Post a Comment