Tuesday, November 25, 2014
မမေ့ဘူးကွ

ဘယ်တော့မှ မမေ့ဘူး
KIA က သင်တန်းသား အယောက် ၂၀ ကျဆုံးတာနဲ့ ပက်သက်ပြီး... နိုင်ငံရေး
ပါတီကြီး တွေ၊အရပ်ဖက်အဖွဲ့စည်းတွေက ထုတ်ပြန်ချက်တွေ နဲ့ ပြတ်ပြတ်သားသားပြော
လာပြီ ဆိုတော့ နိုင်ငံရေးလှည်းဘီး ၂ ဘီးတော့ အပြိုင်လည်လာပြီလို့ တော့ထင်တယ် ။ တနည်းအားဖြင့် ဘာကိုဖော်ပြသလဲ ဆိုရင် ...လက်နက်ကိုင် နိုင်ငံရေးနဲ့ လက်နက်မဲ့ နိုင်ငံရေးဟာ တသားတည်းရှိကြောင်းဖော်ပြရာရောက်တယ် ။
လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း လျှော့ချရေး ၊ စစ်ဘက်အရပ်ဘက်ဆက်ဆံရေး ၊ အမျိုးသားရင်ကြားစေ့ ရေး ဆိုပြီး လူကြားကောင်းမဲ့ စကားတွေ ဘယ်လိုပြောနေပေမဲ့တပ်မတော်အနေနဲ့ တော့ စဉ်းစားစရာ
အနေထားဖြစ်ပါတယ် ။
လူသားကိုလူသားလို့မြင်တယ် ၊ ငြိမ်းချမ်းရေး ကို အမှန်တကယ်မြတ်နိုးတယ်ဆိုရင် ... ဘယ်ဘက်က စစ်သည်ကျဆုံးသည်ဖြစ်စေ နှမျောတတ်ရမယ် ။ လူသားတွေသေဆုံးခြင်းကို ၀မ်းနည်းကြရမယ်။ ဘယ်လို အကြောင်းကြောင့်ဖြစ်စေ စစ်ကို စက်ဆုပ်ကြရမယ် ။ ရှုံ့ ချကြရမယ် ။ ဒါသည် လူပေါ် ကို မူမတည်တဲ့ ငြိမ်းချမ်းရေး မူပေါ် မှာ ရပ်တည်ချက်တွေဖြစ်ပါတယ်။ ယခု ဖြစ်ပေါ်နေတဲ့ လှုပ်ရှား မှု များသည် မူ ပေါ် မှာ မူတည်တဲ့ ရပ်တည်ချက်တွေ မဟုတ်ပါဘူး ။ လူပေါ်မှာ မူတည်တဲ့ ရပ်တည်ချက်တွေဖြစ်ပါတယ် ။
၂၀၁၁ က စခဲ့ တဲ့ ကချင်ပြည်နယ်က စစ်ပွဲ များတလျှောက်မှာ .... သိသိသာသာဖားကန့်မှာ Cluster Mine မိပြီး စစ်သည် ၄၈ ဦး on the spot ကျဆုံးခဲ့တယ် ။ လူသားတွေသေဆုံးခြင်းကို ဘယ်သူတွေ နှမျောခဲ့ သလဲ ၊ စစ်ရဲ့ အနိဌာရုံကိုဘယ်သူတွေ စက်ဆုပ်ခဲ့ကြသလဲ ။ ဘယ်သူတွေ က များ စစ်ပွဲတွေ ကို စိုးရိမ်ကြောင်း ကြေငြာချက်ထုတ်ခဲ့သလဲ ။ No ပါ ။ တရားဝင် ရပ်တည်နေတဲ့ အဖွဲ့စည်းတွေ ဘာမှ ထုတ်ပြန်ခြင်းမရှိသလို ... ၄င်းတို့ နဲ့ ဆက်နွှယ်တဲ့ အွန်လိုင်းတက်ကြွသူတွေ " စစ်သားသေတာဆန်းသလား" ဆိုတဲ့ မေးခွန်းမေးခဲ့ကြတယ်။
၁၉၈၈ အခြေနေတွေ ကျွန်တော်တို့ မမှီခဲ့ပေမဲ့ ၂၀၁၄ သင်ခန်းစာတွေ ကို စစ်သားတစ်ယောက် အနေနဲ့ ကျွန်တ်ာတို့ အသေအချာသင်ယူနေပါတယ် ။ ဘယ်သူတွေ ရန်/ငါ စည်းခြားခဲ့သလဲ ဆိုတာ အသေချာ သင်ယူ နေပါတယ် ။ ဘယ်တော့ မှ မေ့ ပစ်မှာ မဟုတ်ပါဘူး ။
ရုပ်ဆိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment