တာမိုင်းလုံသူလေး မအိအိဖြူ KIA အဓမ္မဖမ်းဆီးခြင်းခံရ
17.11.2014
မြန်ပြည်မြောက်ပိုင်း၊ ဗန်းမော်မြို့နယ်၊ တာမိုင်းလုံရွာမှ အဖ-ဦးသောင်းဌေး၏ သမီးဖြစ်သူ မအိအိဖြူ အသက်(၁၈)နှစ်၊ ရှမ်း၊ ဗုဒ္ဓကို (၂၇-၁၀-၂၀၁၄)ရက်နေ့တွင် လိုင်ဇာအနီးရှိ ငှက်ပျောခြံတွင် KIA မှ ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ သိရှိရသည်။
လိုင်ဇာအနီး ငှက်ပျောခြံရှိ ဦးအောင်ကြီး၏ ထမင်းဆိုင်မှာ ဖမ်းဆီးခံရတာပါ၊
စစ်သင်တန်း ပို့ချရန် စုဆောင်းခြင်းခံရတယ်လို့ ပြောတယ်၊ ကလေးမလေးက အသက်(၄၆)နှစ်ရွယ် မိခင်ဖြစ်သူ ဒေါ်ဖြူဖြူဝင်းနှင့် သားအမိ နှစ်ယောက်ထဲ ရှိတာပါ၊ သမီးဖြစ်သူ ဖမ်းဆီးခံရတယ်ဆိုတော့ မိခင်ဖြစ်သူမှာ မ ပဋာမြေလူး သလို ပူပင်သောကတွေနဲ့ အရူးတပိုင်းလို ဖြစ်နေပါတယ်လို့ ဗန်းမော်မြို့ သျှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစံတေက ပြောဆိုသည်။
၎င်း မအိအိဖြူ ဖမ်းဆီးစုဆောင်းခံရခြင်းကိစ္စနှင့် ပက်သက်၍ ကျွန်တော်တို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A)က အမြန်ဆုံး ပြန်လွတ်လာအောင် သက်ဆိုင်ရာတွေဆီ အကြောင်းကြားပြီး၊ လူမှုရေးအရ၊ ဥပဒေနှင့် လူအခွင့်အရေး မူဘောင်တွေအရ ဆက်လက်လုပ်ဆောင်သွားမှာပါလို့ သျှမ်းရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုပါသည်။
KIA ကချင်လွတ်မြောက်ရေးတပ်မတော်အပါဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေး ကြန့်ကြာနေချိန်မှာ စစ်ရှောင်ဒုက္ခသည်များသည် စစ်ဘေးသင့် ကယ်ဆယ်ရေးစခန်းများ၌သာ နေရပ်ပြန် မှုန်ဝါးဝါး မျှော်လင့်ချက်များနှင့်အတူ ဒေသခံပြည်သူများသည်လည်း မကြာခဏဆိုသလို စစ်သားစုဆောင်းခံရခြင်းဒုက္ခကို ရင်ဆိုင်နေကြရဦးမှာလည်း ဖြစ်ပါသည်။
ဧရာဝတီမြစ်ဖျားဆီက

No comments:
Post a Comment