Thursday, November 13, 2014

ဗိုလ်ချုပ်မှူးကြီးအိမ်ကို ငှားထားခြင်းမဟုတ်ကြောင်း WHO ရှင်းလင်း

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ရန်ကုန်ရုံးဟာ ငှားခ ဒေါ်လာ ၇၉,၀ဝ၀ ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် တလ သိန်း ၈ဝဝ ပေါ့။       DAI အဖွဲ့ဟာ သူတို့ရဲ့ ရန်ကုန်ရုံးအတွက် အဆောက်အအုံကို ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့် ဆွေမျိုးတွေဆီက ငှားထားပါတယ်  (Photo: Jonathan Hulland)  ရန်ကုန်ထုံးစံအတိုင်း ဆိုရင်တော့ အိမ်ခြံမြေငှားခကို တနှစ်စာ ကြိုပေးရမယ်။ WHO က ကာလ ဘယ်လောက်အတွက် ငွေကြိုပေးထားရသလဲ ဆိုတာ စိတ်ဝင်စားစရာပဲ။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ အဆောက်အအုံပိုင်ရှင် ဘယ်သူလဲ ဆိုတာပါပဲ။ ပိုင်ရှင်ဟာ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိသားစု နဲ့ ဆက်စပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို  WHO ရဲ့ ဌာနေကိုယ်စားလှယ်အဖြစ် ယာယီတာဝန်ယူထားသူ  Krongthong Thimasarn က ငြင်းဆိုပါတယ်။ ဒီအဆောက်အအုံပိုင်ရှင်ဟာ ဗိုလ်ချုပ်မှူးကြီးလည်း မဟုတ်ဘူး၊ သူ့သမီးလည်း မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ပိုင်ရှင်အမည်ပေါက်က ဒေါ်ခင်နွယ်မာထွန်း လို့ ဆိုတယ်။  ဒေါ်ခင်နွယ်မာထွန်း ဘယ်သူလဲ ဆိုတာကို သတင်းသမားတွေ လိုက်လံ စုံစမ်းပေမယ့် ဘယ်သူမှန်း မသိရသေးပါဘူး ဆိုတဲ့အကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ သတင်းတပုဒ် http://www.irrawaddy.org/burma/aid-groups-burma-trip-links-elite.html မှာ ရေးထားပါတယ်။ သူတို့ရုံးငှားခ တနှစ်ကို ဒေါ်လာ တသန်းနီးပါး ဖြစ်ကြောင်း Krongthong Thimasarn က ပြောပါတယ်။ ဒါဟာ ကလေးအရေအတွက် သုံးသောင်းကို ပိုလီယို၊ အသည်းရောင်အသားဝါ ဘီ စတာတွေအတွက် ကာကွယ်ဆေးများ ထိုးပေးဖို့ ကုန်ကျငွေနဲ့ ပမာဏ တူနေပါပြီ။ တခြား နိုင်ငံတကာအဖွဲ့တခုဖြစ်တဲ့  Development Alternatives Inc. (DAI) က   ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့် ဆွေမျိုးတွေဆီက ရုံးနေရာငှားထားပါတယ်။ အမေရိကန်  အကူအညီပေးရေးအဖွဲ့  USAID  ရဲ့  ဒေါ်လာ သန်းပေါင်းများစွာသော အကူအညီပေးရေး လုပ်ငန်းတွေကို ကန်ထရိုက် ရရှိထားတဲ့အဖွဲ့ပါ။ အခုတော့ DAI က ရုံးနေရာ ပြောင်းဖို့ ပြင်ဆင်နေပါပြီ တဲ့။ မြန်မာပြည်မှာ အကူအညီပေးရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတဲ့ ဥရောပသမဂ္ဂရဲ့ ရန်ကုန်ရုံးက ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ လှည်းတန်းစင်တာမှာပါ။ အဲဒီမှာ ငှားရမ်းခအတွက် တနှစ်ကို ဒေါ်လာ တသန်းဝန်းကျင် ကုန်ကျပါတယ်။  လှည်းတန်းစင်တာက ယခင် ဘိန်းဘုရင်ဟောင်း ဦးလော်စစ်ဟန်ရဲ့မိသားစု ပိုင်ပါတယ်။ မူလ မြေပိုင်ရှင်များနဲ့ ပြဿနာ တက်နေတဲ့နေရာပါ။ ဥရောပသမဂ္ဂရုံးလည်း အဲဒီနေရာကနေ ပြောင်းမယ်လို့ ဆိုပါတယ်။ ဇာနည်ဝင်း ကိုးကား - Aid Groups in Burma Trip Over Links to Elite http://www.irrawaddy.org/burma/aid-groups-burma-trip-links-elite.html ဆက်စပ် - သူ့အရပ်နဲ့ သူ့ဇာတ် http://burma.irrawaddy.org/article/2014/09/05/64177.html /

No comments:

Post a Comment