Saturday, November 29, 2014

ကချင်မြေမှာ ရှမ်းနီပါတီ ဘာ့ကြောင့် ပေါ်ပေါက်လာခဲ့သလဲ ?

ကချင်မြေမှာ ရှမ်းနီပါတီ ဘာ့ကြောင့် ပေါ်ပေါက်လာခဲ့သလဲ ?

28.11.2014 ကချင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အစိုးရတပ်နှင့် KIA တို့ကြား တင်းမာနေဆဲ ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ အချို့ကလည်း အစိုးရတပ်မတော်က KIA ကို ထိုးစစ်ဆင်ခြင်းဟု ၀ါဒမှိုင်းမိ နေကြသောလေသံဖြင့် ပြောနေကြပါသည်။ ဗိုလ်လောင်း ၂၃ ယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး အစိုးရတပ်မတော် ဘက်က လွန်သည်ဟု စွပ်စွဲနေကြပါသည်။ ကချင်ပြည်နယ်မှာ နေဖူးတဲ့(ကချင်ကလွဲရင်)ဒေသခံရှမ်း၊ ဗမာ၊ လီဆူး၊ ရ၀မ်၊ ပလောင်စတဲ့ တိုင်းရင်းသားအားလုံး KIA အကြောင်း ကောင်းကောင်း သိကြပါသည်။ KIA အဖွဲ့၏ အနိုင်ကျင့်စော်ကားမှုများကို မခံမရပ်နိုင်ဖြစ်ပြီး ရှမ်းနီ(တိုင်းလိုင်)လူမျိုးများ၏ အကျိုးစီးပွားနှင့် လူနေမှု ဘ၀လုံခြုံရေးအတွက် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် KIA ကို ပြန်လည်တော်လှန်ရေးအတွက် ပါတီထောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုပါက ပိုပြီးမှန်ပါလိမ့် မည်။ ရှမ်းနီလူမျိုးများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွင် ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက မြို့ပြ ပြည်ရွာများတည်ထောင်၍ အခြေချနေထိုင်ခဲ့သော လူမျိုးဖြစ်ပါသည်။ မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ ၀န်းသိုဟူသော ရှမ်းမြို့(၄)မြို့မှာ မြန်မာ့သမိုင်းတွင် အထင်ရှားရှိခဲ့ပါသည်။ ထို့ကြောင့် လက်ရှိ ကချင်ပြည် နယ်သည် ရှမ်းနီလူမျိုးများ ပိုင်ဆိုင်ခဲ့ကြောင်း အထောက်အထားခိုင်လုံနေပါသည်။ သို့သော် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်များဖွဲ့စည်းသည့်အခါ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ ကသာခရိုင်တို့ကို ကချင်ပြည်နယ်အတွင်း သွတ်သွင်းခဲ့သည်။ ရှမ်းနီများအနေနဲ့ ကန့်ကွက်ခဲ့သော် လည်း မြန်မာနိုင်ငံသည် လွတ်လပ်ရေးအတွက် အရေးကြီးဆုံးအချိန်ကို ရောက်နေသည့်အတွက် လွတ်လပ်ရေးရရှိ ရန် ပူးပေါင်းပါဝင်ဆောင်ရွက်ရင်း လက်ခံခဲ့ပါသည်။ သို့ပေမယ့် လူနည်းစုဖြစ်သော ကချင်လူမျိုးတို့သည် ပင်လုံစာချုပ်ချုပ်ဆိုမှုတွင် အခွင့်အရေးယူပြီး ကချင်ဝမ်ပေါင် နိုင်ငံထူထောင်ရန် ကြိုးပမ်းနေကြပါသည်။ ပြည်ထောင်စုမှ ခွဲထွက်၍ ကချင်ဝမ်ပေါင်သမ္မတနိုင်ငံ ထူထောင်ရေးကို လုံးဝလက်မခံနိုင်ပါ။ ယခုလည်း ရှမ်းနီတိုင်းရင်းသားများအပေါ် KIA အဖွဲ့က လူသစ်အဓမ္မစုဆောင်း၊ ဆက်ကြေး ကောက်၊ ရိက္ခာတောင်းမှုများ လုပ်ဆောင်လားသည့်အတွက် သမ္မတထံထိ တိုင်ကြားထားပြီး ဖြစ်ပါသည်။ ကချင်ပြည်နယ်မှာ KIA ဗိုလ်ကျစိုးမိုးခြင်းကို ရှမ်းနီလူမျိုးများက တွန်းလှန်ကာကွယ်ရန်အချိန်တန်ပြီဟု ယူဆပါ သည်။ ဒေသခံရှမ်းနီများ၏ အသက်အန္တရာယ်နှင့် ဒေသလုံခြုံကာကွယ်ရေးများကို အစိုးရတပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ခွင့်ရရှိရေး တောင်းဆိုသွားပါမည်။ KIA ကို အားလုံးက မြှောက်ပင့်ပြီး ဆရာတင်ထားတာ ကြောင့် အပစ်မရပ်တာပဲ နမူနာကြည့်ပါ။ ထို့ကြောင့် KIA အပစ်မရပ်ရင်တော့ ရှမ်းနီတိုင်းရင်းသားများက ကိုယ့်နည်းကိုယ့်ဟန်နှင့် ကာကွယ်တော်လှန်ရန် ရှမ်းနီပါတီပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ပြောလိုခြင်းဖြစ်ပါသည်။ စိုင်းမင်းဝင်း 

No comments:

Post a Comment