Tuesday, November 25, 2014

“ဒေသခံတွေရဲ့ ဘဝကို သတ်နေဦးမှာလား KIA”

ကချင်ပြည်နယ်ကြီး ကောင်းစားရေးဆိုပြီး ကြွေးကြော်နေတဲ့ KIA တွေရဲ့ ဟစ်ကြွေးသံတွေ ဟာ လေထုထဲမှာပဲ ပျောက်သွားရှာတယ်… အခုလည်း ကြည့်ဦး… မနေ့က ညနေပိုင်း ၅ နာရီ ကျော်က မိုးမောက်မြို့နယ် လွယ်ရင်း အစိုးရတပ်စခန်းကို လက်နက်ကြီးတွေနဲ့ လာရောက် ပစ်ခတ်ခဲ့သလို ဒီနေ့ နံနက် ၄ နာရီခန့်ကလည်း အစိုးရတပ်စခန်းကို လက်နက်ကြီးတွေနဲ့ လာရောက် ရန်စပစ်ခတ်ခဲ့တယ်လို့ ဒေသခံများမှ ပြောပြထားပါတယ်။ အစိုးရတပ်မှလည်း သတိပေး ပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ ခုလုပ်ရပ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လမ်းဖောက်တဲ့ယန္တရားအား လုံခြံရေးယူနေတဲ့ အစိုးရတပ်ကို KIA တွေ ရန်စပစ်ခတ်ခဲ့မှုကို အစိုးရတပ်မှ တန်ပြန် သတိပေးပစ်ခတ်ခဲ့သဖြင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ သေဆုံးမှုအတွက် လက်တုန့်ပြန်လိုတဲ့ အနေနဲ့ လုပ်ဆောင်ခြင်း ဖြစ်နိုင်တယ်… ဒါပေမဲ့ စခန်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ အစိုးရတပ်ကို ရန်စပစ်ခတ် တာဟာ တိုက်ပွဲ တောထဲကို ဒေသခံတွေကို တွန်းပို့ချင်နေတာပါပဲ… ဒေသခံလူထုကို ဘယ်တော့ မှ မငဲ့ကွက်တဲ့ KIA တွေရဲ့ လုပ်ရပ်ပါပဲ… ကျွန်တော်တို့ မျှော်လင့်တဲ့ ငြိမ်းချမ်းရေးက ဘယ်ဆီကို ရောက်နေပြီလဲ… KIA တွေ အခြား လက်နက်ကိုင်တွေလို အမြန်ဆုံး အပစ်အခတ် ရပ်စဲသင့်ပြီ… KIA တွေရဲ့ ခုလို တစ်ဖက်သတ် ရန်စပြီး ဒေသမတည်မငြိမ်ဖြစ်အောင် ဖန်တီးမှုဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို သတ်နေတာနဲ့ အတူတူပါပဲ… ဘယ်ဒေသခံကမျှ အားမပေးဘူး… KIA ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး လမ်းကို တည့်မတ်စွာ လျှောက်လှမ်းသင့်ပြီလို့ နယ်မြေခံ ကျေးရွာနေ လူထုကိုယ်စား ပြောလိုက်ပါရစေ။ Written By တူးဂျာ 

No comments:

Post a Comment