Tuesday, November 25, 2014
ကယ်တော်မူကြပါ
အစိုးရတပ်နှင့် ကေအိုင်အေကြား တင်းမာနေခြင်းကိုစိုးရိမ်၊ ဒေသခံများအား အကာအကွယ်ပေးရန် ကုလတောင်းဆို
Wednesday, November 26, 2014
အစိုးရတပ်နှင့် ကေအိုင် အေတို့ကြား လက်နက်ကိုင်ပဋိ ပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေတင်းမာလာ ခြင်းအပေါ် စိုးရိမ်မိကြောင်းနှင့် ဒေသခံပြည်သူများအား လိုအပ် သည့်ကာကွယ်မှုများပြုလုပ်ပေး ရန် ကုလသမဂ္ဂက တောင်းဆို လိုက်သည်။
ကေအိုင်အေဗိုလ်လောင်း သင်တန်းကျောင်းလက်နက်ကြီး ဖြင့်ပစ်ခတ်ခံရပြီးနောက် စစ်ရေး တင်းမာမှုများ ဖြစ်ပွားလာခြင်း ကြောင့် အရပ်သားများအား ကာကွယ်ပေးရန် ကုလသမဂ္ဂက တောင်းဆိုကြောင်း Press TV သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြသည်။
‘‘ကချင်ပြည်နယ်မှာ လက် နက်ကိုင်ပဋိပက္ခတွေပြန်ဖြစ်လာ တဲ့အပေါ် အထူးသဖြင့် ကျေးရွာ တွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်စခန်း အနီးဝန်းကျင်တွေကို
လက်နက်ကြီးကျည်ဆန်တွေ ကျရောက်တယ်ဆိုတဲ့ သတင်းများအပေါ် ကျွန်တော်တို့များစွာ စိုးရိမ်ပူပန်ခဲ့ပါတယ်’’ဟု UNOCHA ပြောရေး ဆိုခွင့်ရှိသူ Pierre Peron က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်၌ မြန်မာ့ တပ်မတော်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန် ကေအိုင်အေ ဗိုလ်လောင်းသင်တန်း ကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့မှ၂၃ ဦး သေဆုံးပြီး ၂၀ ဦးဒဏ်ရာ ရရှိခဲ့သည်။
ယင်းနောက်ပိုင်းလိုင်ဇာနှင့် မိုင်ဂျာယန်ဝန်းကျင် ဒေသများ တွင် လက်နက်ကြီးပစ်ခတ်မှုအပါ အ၀င် ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်များ စစ်ရေးပြန် လည်တင်းမာနေခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်ဘက်က မူ ဗိုလ်လောင်းသင်တန်းကျောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ကေအိုင် အေဘက်က လာရောက်ပစ်ခတ် မှုများကြောင့် သတိပေးသည့် အနေဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခြင်း မဟုတ်ကြောင်း ပြောကြားထား သည်။ နိုဝင်ဘာ ၁၉ ရက်နောက် ပိုင်းပြန်လည်ဖြစ်ပွားခဲ့သော ထိ တွေ့တိုက်ပွဲများသည်လည်း မြန်မာ့တပ်မတော်စခန်းများကို ကေအိုင်အေက လာရောက်ပစ်ခတ်ခြင်းများကြောင့် ခုခံကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကေအိုင်အေနှင့် ဒေသတွင်း လူမှုအဖွဲ့အစည်းအချို့ကမူ နိုဝင် ဘာ ၂၂ ရက်နှင့် ၂၃ ရက်များတွင် မြန်မာ့တပ်မတော်ဘက်က လိုင်ဇာနှင့် မိုင်ဂျာယန်အနီးဒေသများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဂျေယန်းနှင့် အင်ခေါင်းပါစစ်ဘေး ဒုက္ခသည်စခန်းအနီးတွင် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း ပြောသည်။
စစ်ရေးတင်းမာမှုများ ဖြစ် ပွားနေမှုအပေါ် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့အစိုးရဘက်တာ ၀န်ရှိသူများက တွေ့ဆုံဆွေးနွေး ရန် ကေအိုင်အိုဘက်သို့ အ ကြောင်းကြားထားပြီး ကေအိုင်အို ကမူ ချင်းမိုင်မြို့တွင် ပြုလုပ်နေ သည့် NCCT အစည်းအဝေးပြီးမှ သာ ဆုံးဖြတ်မည်ဟုဆိုသည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment