Tuesday, November 25, 2014

ပညာရေးဥပဒေ

အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ မုံရွာတွင် ပြုလုပ် Wednesday, November 26, 2014 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ အဖွဲ့က ဦးဆောင်၍ အမျိုးသား ပညာရေးဥပဒေ ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို မုံရွာမြို့တွင် နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ သည်။ မုံရွာခရိုင် ကျောင်းသား များသမဂ္ဂအဖွဲ့က ဦးဆောင်၍ မုံရွာမြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူ ၅၀ ခန့်သည် အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ချင်းတွင်းရတနာဈေးအနီး ညောင်တပင်လမ်းထိပ်မှ ချင်းတွင်းရတ နာဈေးစုရပ်နေရာသို့ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီခန့် အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ တွင် ကျောင်းသားပြည်သူကိုအခြေမခံသော အမျိုးသားပညာရေး ဥပဒေအလိုမရှိ၊ ဒီမိုကရေစီပညာ ရေးရရှိရေး၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ရရှိရေး၊ ပညာရေးလွတ်လပ်ခွင့်ရရှိရေးစသည့်တောင်းဆိုချက်များတောင်းဆိုခဲ့ကြသည်။ မုံရွာမြို့တွင် အမျိုးသား ပညာရေးဥပဒေနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ရာ ယခုတတိယ အကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင် ကျောင်းသားများသမဂ္ဂကအချက် ငါးချက်ပါ မိဘပြည်သူ များသို့ ပန်ကြားချက် တစ်စောင် ကို အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ တွင်ထုတ်ပြန်ခဲ့သည်။ အမျိုးသားပညာရေး ဥပဒေကို မုံရွာမြို့တွင် ကန့်ကွက်နေစဉ် (ဓာတ်ပုံ− မျိုးမင်းဦး) 7Day Daily

No comments:

Post a Comment