ကေအိုင်အေ ကြောင့် ဆင်းရဲတွင်းပိုနက်လာမယ် ကေအင်န်ယူ ဒုတိယစစ်ဦးစီးချုပ်က - “ကျွန်တော်တို့ရဲ့ရည်မှန်းချက် ၃ ခုရှိတယ် ။ ပထမက အပစ်အခတ်ရပ်ဆဲရေး ၊ ဒုတိယက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီးမှ တတိယက အခြေခံအဆောက်အအုံနဲ့ အကြီးစားဖွံဖြိုးမှုစီမံကိန်းတွေကိုလုပ်ဖို့ဖြစ်တယ် ။ ဒီလိုအကြီးစားစီမံကိန်းကြီးအရင်လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကို အားလုံးပျက်စီးနိုင်တဲ့ အတွက် လက်မခံနိုင်ဘူးလို့ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းနဲ့ ပက်သက်ပြီးပြောကြားခဲ့တယ်” ။ သူပြောသွားတာ ပြတ်သားတယ် ။ ကျွန်တော်တို့လည်း ငြိမ်းချမ်းေ၇းမရမချင်း ဒီလိုစီမံကိန်းကြီးတွေ မစသင့်ဘူးလို့ ယူဆတယ် ။ ကေအိုင်အေလို ဒေသခံလူထုဒုက္ခရောက်မှာစိုးသလိုလို ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှာစိုးသလိုလို ၊ မြစ်အောက်ပိုင်းဒေသလူထုဘဝကို စိုးရိမ်စိတ်ရှိသလိုလိုနဲ့ မဟုတ်မမှန်တဲ့ ပညာမရှိတဲ့ အကြောင်းပြချက် ၊ ပြီးရင် တနိုင်ငံလုံးလူထုကို လိမ်ညာပြီး အသုံးချခဲ့တာကို ကျွန်တော်တို့မကြိုက်ဘူး ။ အဆိုးဆုံးသက်ရောက်မှုက အမှန်တရားကိုဖုံးကွယ်လိုက်ပြီး ကျွန်တော်တို့နိုင်ငံကို အမှောင်ထဲကိုပြန်တွန်းထည့်နေသလိုပဲ ။ ဘဏ်ကိုခြိမ်းခြောက်ပြီး ငွေတောင်းတယ် ၊ ကုမ္ပဏီတွေကိုလည်း အကြိမ်ကြိမ်ဒုက္ခပေးတယ် ၊ တရုတ်ကုန်သည်နဲ့ပေါင်းပြီး သစ်မှောင်ခိုထုတ်တယ် ၊ ရွှေခိုးတူးတယ် စတဲ့လုပ်ရပ်တွေကို လုပ်နေတဲ့ ကေအိုင်အေလက်အောက်ခံတပ်ဖွဲ့တွေကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့က ကေအိုင်အေဘက် ကအရေးတကြီးလုပ်ဆောင်ရမယ့် ကိစ္စပါ ။ မဟုတ်ရင် ကေအိုင်အေ တဖွဲ့တည်းကြောင့် ကျွန်တော်တို့နိုင်ငံငြိမ်းချမ်းရေး မရခဲ့ရင် တနိုင်ငံလုံးဆင်းရဲတွင်းဒီထက်ပိုနက်မှာသေချာတယ် ။ နည်းစနစ်ကျကျအတွေးအခေါ်
No comments:
Post a Comment