Sunday, November 30, 2014

အသက်ပြန်မရှင်ချင်ပါနဲ့အဖေ တမလွန်မှာပဲ ခြံစိုက်ပါ စာရေးပါ ဒီမှာ ဂဠုန်စောလိုလူတွေများတယ်

အသက်ပြန်မရှင်ချင်ပါနဲ့အဖေ
တမလွန်မှာပဲ ခြံစိုက်ပါ စာရေးပါ
ဒီမှာ ဂဠုန်စောလိုလူတွေများတယ်

အသက်ပြန်မရှင်ချင်ပါနဲ့အဖေ
ဒီကလူတွေဆယ်သက်စားမကုန်တဲ့
စည်းစိမ်တွေနဲ့စံစားနေချိန်
ခင်ဗျားကသူများပေးတဲ့လောင်းကုတ်ကြီးနဲ့အဟုတ်လုပ်နေတာ

အသက်ပြန်မရှင်ချင်ပါနဲ့အဖေ
ပဲပြုတ်နဲ့နံပြားလောက်ကို ရမှစားချင်တယ်လို့
စာတတန် ပေတတန် နဲ့ ပူဆာနေရချိန်
ဒီကလူတွေ ဘာကိုမှဂရုမစိုက်
တောတွေ့ရင် ခုတ်|မြစ်တွေ့ရင်ရောင်း
သယံဇာယဆိုတူးလို့ အကုန်လက်ညှိုးထိုးရောင်းစားလိုက်ကြတာ
တိုင်းပြည်လည်း ခင်ဗျားပြောတဲ့
ိဟို…နိုင်ငံဖြစ်ရတော့မဲ့ကိန်းဆိုက်နေပြီ

အသက်ပြန်မရှင်ချင်ပါနဲ့
ငါးမူးတန်းလောက်ကကြည့်ပြီး
ခင်ဗျားသဘောကျနေချိန်
ဒီမှာအာဏာရှင် သား သမီး မြေးတွေ
တရုံလုံးကလူတွေကို မောင်းထုတ်လို့
မောင်ပိုင်စီးလုပ်လိုက်ကြတယ်

အသက်ပြန်မရှင်ချင်ပါနဲ့အဖေ
သမီးလေးခမည်းပေးဖို့ အမေအိုကိုလက်ဖျန့်တောင်းနေရချိန်
ဒီက အာဏာရူးသားသမီးတွေ
ဖိနပ်ကိုစိန်စီလို့ မင်္ဂလာဆောင်ကုန်ကြပြီ

အသက်ပြန်မရှင်ချင်ပါနဲ့အဖေ
ခင်ဗျားသိပ်ချစ်ခဲ့တဲ့တပ်မတော်
ခင်ဗျားတည်ထောင်ခဲ့တဲ့ တပ်မတော်က
ခင်ဗျားရဲ့တဦးတည်းသောသမီးကို
သတ်ဖို့အကြိမ်ကြိမ် ကြိုးစားခဲ့တာ
ခင်ဗျားမြင်ရင် ရင်ထုမနာဖြစ်လို့နောင်တရနေမယ်

အသက်ပြန်မရှင်ချင်ပါနဲ့အဖေ
သမိုင်းကို လမ်းဘေးချရပ်
သမိုင်းကို အမှောင်ဖုံးလို့
ငွေစက္ကူထဲက ခင်ဗျားရုပ်ပုံတောင်
ဖယ်ရှားဖို့ကြိုးစားနေကြတာ
ခင်ဗျားကို ကျုပ်တို့မျက်နှာပူတယ်

အသက်ပြန်မရှင်ချင်ပါနဲ့
ဗြိတိသျှအင်ပါယာကြီးရဲ့ ဧကရာဇ်နဲ့
နေ့လည်စာ အတူတူစားခဲ့တဲ့ခင်ဗျား
ဘတ်ကင်ဟမ်နန်းတော်ထဲရောက်ခဲ့ဖူးတဲ့
တဦးထဲသောမြန်မာ့စစ်ဗိုလ်ချုပ်ခင်ဗျား
အခုခေတ်ဗိုလ်ချုပ်တွေအဲ့လိုလေးစားခံရဖို့ဆိုတာဝေးလို့
Black Listစာရင်းသွင်းခံထားရတာသိရင်
ခင်ဗျားမျက်နှာပူနေရလိမ့်မယ်

အသက်ပြန်မရှင်ချင်ပါနဲ့
စနေမှာမွေးလို့ စနေမှာသေခဲ့ရတာလား
၁၃ရက်မှာမွေးလို့ ကျည်၁၃ထောင့်မှန်ခဲ့ရတာလား
ဒါပေမဲ့
ကျုပ်တို့ရင်ထဲမှာခင်ဗျားသေမသွားဘူး
ဓူဝံကြယ်မြောက်အရပ်ကောင်းကင်မှာအမြဲရှိသလို
ကျုပ်တို့ရင်ထဲမှာခင်ဗျားအမြဲရှိတယ် အောင်ဆန်းအဖေ………

အဖဗိုလ်ချုပ်ဆောင်ဆန်းနှစ်(100)ပြည့်အမှတ်တရ

အရှေ့တောင်အာရှရဲ့မာနမင်းသာ

No comments:

Post a Comment