KIA လက်နတ်ကိုင်သောင်းကျန်းသူ အဖွဲ့ တည်မြဲရေးနှင့် တပ်မတော်အပေါ် နိုင်ငံတကာမှ အထင်မြင်လွဲစေရန်အတွက် လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့၏ မိသားစုမှ ကျောင်းသားသူငယ်များအား လူသားတံတား အဖြစ်အသုံးချနေပါပြီ …….. ပဉ္စမတန်းမှ ဒဿမတန်းအထိ ဘော်ဒါတက်ရောက်နေသည့် ကျောင်းသား/သူပေါင်း ၁၅၀ ခန့်ကို အောက်ပါအတိုင်း ခွဲဝေနေရာချထားလိုက်သည်။ ၁- ဗဟိုဌာနချုပ် လိုင်ဇာ အနီး ဝေကြိုင်ရပ်ကွက်၊ KIA သတင်းရယူရေးရုံးဝန်း အတွင်း ကျောင်းသား/သူ ၅၀ ဦးဖြင့်လည်းကောင်း ၂- ဗဟိုဌာနချုပ် လိုင်ဇာရှိ ပဲကြားလော့လောင်းကစားရုံ အစည်းအဝေးခန်းမတွင် ကျောင်းသား/သူ ၅၀ ဦးဖြင့်လည်းကောင်း ၃- တပ်မဟာ(၅)ဌာနချုပ် အနီး မုန်ဆန်ယန်တွင် ကျောင်းသား/သူ ၅၀ ဦးဖြင့်လည်းကောင်း နေရာချထားပြီး လူသားတံတိုင်းကာရံ၍ မိမိတို့၏ တပ်ဖွဲ့ဝင် မိသားစုများအား အသုံးချနေပါသည်။ KIA လက်နတ်ကိုင်သောင်းကျန်းသူအဖွဲ့၏ ဦးစီးချုပ် ဂမ်ရှောင်သည် နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဤသို့ထားရှိရန်နှင့် တပ်မတော်မှ လက်နတ်ကြီး ထပ်မံပစ်ခတ်ပါက ၄င်းကျောင်းသား များအား အကြောင်းပြ၍ ထိခိုက်မှုမရှိခဲ့သည့်တိုင် ၀ါဒဖြန့်ချီရေးကို လုပ်ဆောင်မည်ဟု ပြောကြားခဲ့ပြီး၊ တပ်မတော်၏ တပ်စခန်းများကို အလစ်ငိုက်ယူ ၀င်ရောက်ပစ်ခတ်ခြင်းများ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်ဟု သတင်းရရှိပါသည်။ ၂၀၁၂ ခုတွင်လည်း လိုင်ဇာအား တပ်မတော်မှ သိမ်းယူမည်ဟု သတင်းများကြောင့်၊ စစ်ဘေးဒုက္ခသည် များအား လိုင်ဇာ၏ စည်းရိုးအဖြစ် နေရာချထားခဲ့ဖူးပါသည်။ ၄င်းတို့၏ ခေါင်းဆောင်ပိုင်းများသည် တရုတ်ပြည်သို့ တိမ်းရှောင်နေပြီး သျှမ်းနီမိသားစုများ၊ ကချင်မိသားစုများနှင့် အခြားတိုင်းရင်းသား မိသားစုများကို လူသားတံတိုင်းစည်းရိုးအဖြစ် အသုံးပြုခဲ့ပါသည်။ တပ်မတော်မှ လိုင်ဇာရောက်ခါနီးတွင် ရပ်စိုင်းပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် လက်ကမ်းခဲ့ပါသည်။ အတွင်းသတင်း ....... ME™
No comments:
Post a Comment