ကချင်ပြည်နယ် နှင့် KIA လက်လှမ်းမှီရာ နေရာဒေသ အများအပြားတွင် ပုံတွင်ပြထားသည့်အတိုင်း KIO မှ ကချင်မဟုတ်သူများအား အတင်းအားအဓမ္မ မတရားငွေကြေးများကို ကောက်ခံနေပါသည်။ မိုးကောင်း မိုးညင်း ဟိုပင် တွင်လည်း လုပ်ငန်းရှင်များကို မိမိတို့လုပ်ငန်းအလိုက် ဆက်ကြေးတောင် ခံနေကြောင်း သိရသည်။။ လယ်သားတစ်ဦးကို ဆန်တစ်တင်းခွဲ တောထဲထင်းခွေသူများလည်း ဆန်တစ်တင်းပေးဆောင် ရကြောင်း။ တာမခံ ဆယ်ဆင်းဖက်တွင်းလည်း သစ်စက်တစ်စက်ကို သိန်းလေးဆယ် ၄၀၀၀၀၀၀ ကျပ် ပေးဆောင် ရ ကြောင်း။ လောလောဆယ် သစ်စက် (၈)စက် က ပေးဆောင်လိုက်ရကြောင်း ဆိုပါသည်။ကချင်ပြည်နယ် အတွင်းတွင်လည်း အသက် ၁၈ နှစ်အထက် လူတစ်ဦးကို ၄၀၀၀ ကျပ် အခွန်ထမ်းဆောင် ရမည်ဟု KIO မှ အ ကြောင်း ကြား ထာသည်ဟုသိရပါသည်။ အင်းတော်ကြီးဒေသ ကျေးရွာ များဖက်တွင် လည်း KIO တိုက်နယ်မူးများက ကချင်ပြည်နယ်တွင် နေသည့်အတွက်ကြောင့် သန်းကောင် စာရင်း ကောက်သည့်အခါတွင် လူမျိုးနေရာတွင် " ကချင်" ဟုထဲ့သွင်းရေးရမည် ဟု ခြိမ်းခြောက်ခံနေရ ကြောင်းကို ထိုကျေးရွာမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းနီအမျိုးသားရေး အစည်းအရုံးသို့ ဖုန်းဆက် အကြောင်းကြားခဲ့ပါသည်။ ယခုလိုမတရား နှိပ်ဆက်နေသမျှ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုများကို မည်သူတွေကဖျက်က်ဆီး နေကြောင်း လူ့အခွင်းအရေးများ ချိုးဖောက်နေကြောင်း ကချင်ပြည်နယ်မှ ပြည်သူများခံနေရ ကြောင်းနှင့် ကချင်ပြည်နယ်တွင် သျှမ်းလူမျိုးများသည် ပြည်နယ်လူဦးရေ၏ ထက်ဝက် ကျော်ရှိကြောင်း တင်ပြလိုက်ပါသည်။ By: သျှမ်းနီအမျိုးသားအစည်းအရုံး
No comments:
Post a Comment