Tuesday, November 25, 2014

ကေအိုင်အေ(ကချင်)အဖွဲ့မှ လက်နက်မဲ့ဝင်ရောက် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®

ကေအိုင်အေ(ကချင်)အဖွဲ့ တပ်ရင်း (၄)မှ တပ်သားအဆင့်ရှိ ခင်မောင်ဝင်း (၂၆)နှစ်သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီ မိနစ် ၄ဝ တွင် တပ်မတော် စစ်ကြောင်းသို့လက်နက်မဲ့ဝင်ရောက်ခဲ့သည်။ ခင်မောင်ဝင်းသည် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် မြစ်ကြီးနားမြို့နယ် မရှီယန် ရွှေမှော်မှ အလုပ်ထွက်ခဲ့ပြီး မြစ်ကြီး နားမြို့သို့ ဂွေထော်လမ်းအတိုင်း ပြန်လာစဉ် ကေအိုင်အေ(ကချင်)အဖွဲ့မှ အဓမ္မဖမ်းဆီးစုဆောင်းခြင်း ခံရကာ မေလတွင် ကေအိုင်အေ (ကချင်)အဖွဲ့တပ်ရင်း(၄)သို့ ရောက်ရှိ ပြီး စစ်သင်တန်း နှစ်လခန့် တက် ရောက်ခဲ့ရကြောင်း၊ သင်တန်းဆင်းပြီး နောက် ၎င်းတပ်ရင်းတွင် ပြည်သူ့စစ် တာဝန်ထမ်းဆောင်ရကြောင်း၊ ကေအိုင်အေ(ကချင်)အဖွဲ့တွင် နေလိုစိတ်မရှိသဖြင့် ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး ကေအိုင်အေ(ကချင်)အဖွဲ့ တပ်ရင်း (၄)လက်အောက်ခံ (၁၇) မိုင် စခန်းသို့ရောက်ရှိစဉ် ထွက်ပြေး၍ တပ်မတော် စစ်ကြောင်းသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

No comments:

Post a Comment