Tuesday, November 25, 2014

ဖားကန့်မြို့နယ်တွင် ဘိန်းဖြူ ၁၀၈ ဂရမ် ဖမ်းဆီးရမိ

ဖားကန့်မြို့နယ်တွင် ဘိန်းဖြူ ၁၀၈ ဂရမ် ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၂ ရက်က ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ တောမှော်ကျေးရွာ၊ ရွာအဝင်တွင် ကုဋေ ကျေးရွာဘက်မှ တောမှော်ကျေးရွာဘက်သို့ သန်းဇော် မောင်းနှင်ပြီး ထွန်းနိုင် လိုက်ပါလာသည့် ဆိုင်ကယ်အား ရှာဖွေရာ ၎င်းတို့ ၂ ဦးကြားတွင် ညှပ်၍ တင်ဆောင်လာသည့် အနီရောင်စောင်အိတ်အတွင်း မှ ဘိန်းဖြူ ဆပ်ပြာခွက် ၈ ခွက် ၊ အလေးချိန် ၁၀၄ ဂရမ် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ဖားကန့်မြို့နယ်၊ ကုဋေ ကျေးရွာ၊ မြေစာပုံကျူးကျော်တဲနေ မအေးမို့မို့ဖြိုး ၏နေအိမ်ကို ရှာဖွေရာ ၎င်းအား နေအိမ်တွင်အသင့်တွေ့ရှိရပြီး တဲအရှေ့တိုင်ခြေရင်းမြေကြီးအတွင်းမှ ရေသန့်ဗူးဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၄ ဂရမ် ထပ်မံသိမ်းဆည်းရမိသဖြင့် သန်းဇော် (၃၂ နှစ်)၊ ထွန်းနိုင် (၂၉ နှစ်)နှင့် မအေးမို့မို့ဖြိုး(၂၆ နှစ်)တို့ (၃) ဦးအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


No comments:

Post a Comment