ကချင်ပြည်နယ်တွင်း တိုက်ပွဲသတင်းများကို စိုးရိမ်ကြောင်း ကန်အစိုးရပြော Thursday, November 27, 2014 ကချင်ပြည်နယ်တွင် စစ် ပွဲများပြန်လည်ဖြစ်ပွားနေသည့် သတင်းများအပေါ် အလေးအ နက်စိုးရိမ်ကြောင်း အမေရိကန်သံ ရုံးက ထုတ်ပြန်ကြေညာသည်။ အထူးသဖြင့် ကချင်ပြည် နယ်အတွင်းရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများအနီးတွင် မ ကြာသေးမီက တိုက်ပွဲများဖြစ်ပွား နေသော သတင်းများအပေါ်စိုးရိမ် လျက်ရှိပြီး တိုက်ပွဲများသည် အား နွဲသောဒေသခံများကို အန္တရာယ် ဖြစ်စေလျက်ရှိကြောင်း ဖော်ပြ ထားသည်။ ထို့အပြင် ဒုက္ခသည်စခန်း များသို့ လူသားချင်းစာနာထောက် ထားမှုအကူအညီများပေးပို့ရန် အ ဟန့်အတားဖြစ်နေမှုမှာ ပြဿနာ များမြင့်တက်စေပြီး အယုံအ ကြည်ကင်းမဲ့မှု နက်ရှိုင်းစေမည် ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အားလျော့စေမည်ဖြစ် ကြောင်းထောက်ပြထားသည်။ အမေရိကန်အစိုးရအနေ ဖြင့် ငြိမ်းချမ်းရေးတည်တံ့ရန် အခြေအနေများကို ထိန်းချုပ်ရန်နှင့် စစ်မှန်သောစကားဝိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန် အခိုင်အမာအားပေးပြီး ပဋိပက္ခများကိုရှောင်လွှဲရန် ကချင်ပြည်နယ်အတွင်း ရန်လိုသောစစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန်တိုက်တွန်းလိုက်သည်။ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် လူသား ချင်းစာနာထောက်ထားမှုအကူအ ညီများကို နိုင်ငံတကာစည်းမျဉ်း များနှင့်အညီ အဟန့်အတားမရှိ ပုံမှန်ပေးပို့နိုင်ရေး မြန်မာအစိုးရကိုလည်း တိုက်တွန်းထားသည်။ အစိုးရတပ်နှင့် ကေအိုင်အေ တို့အကြား လက်နက်ကိုင်ပဋိပက္ခ များပြန်လည်ဖြစ်ပွားနေခြင်းကို ကုလသမဂ္ဂကလည်း စိုးရိမ်မိ ကြောင်းနှင့် ဒေသခံပြည်သူများ လိုအပ်သည့် ကာကွယ်မှုများပြု လုပ်ပေးရန် တောင်းဆိုထား သည်။ 7Day Daily
No comments:
Post a Comment