Monday, November 17, 2014

ငြိမ်းချမ်းရေးနောက်ကွယ်က အင်းအားဓမ္မစု တပ်သားသစ် KIA စုဆာင်းနေ *


KIA ခေါ် ကချင်လွတ်မြောက်ရေးတပ်မတော်သည် ဒေသခံ ကချင်မဟုတ်သူများကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းလျှက်ရှိကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် ကချင်လူဦးရေထက်စာလျှင် သျှမ်းလူမျိုးအများဆုံးဖြစ်၍ အဆိုပါ အေအိုင်အေများက သျှမ်းလူမျိုးများအပေါ် တပ်သားသစ်စုဆောင်းပြီး လျှင် ၎င်းတို့တပ်ထဲတွင်လည်း ခွဲခြားဆက်ဆံမှုများရှိသည်ဟု သိရသည်။
ယမန်နေ့က မြန်ပြည်မြောက်ပိုင်း၊ ဗန်းမော်မြို့နယ်၊ တာမိုင်းလုံရွာမှ အဖ-ဦးသောင်းဌေး၏ သမီးဖြစ်သူ မအိအိဖြူ အသက်(၁၈)နှစ်၊ ရှမ်း၊ ဗုဒ္ဓကို (၂၇-၁၀-၂၀၁၄)ရက်နေ့တွင် လိုင်ဇာအနီးရှိ ငှက်ပျောခြံတွင် KIA မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

မအိအိဖြူသည် အသက်၄၆ နစ်အရွယ် မိခင်ဖြစ်သူနှင့်အတူ သားအမိနှစ်ထဲနေ ထိုင်လျှက်ကြောင်းသိရသည်။ အဆိုပါကိစ္စနှင့်ပါတသက်၍ မြန်မာပြည် မြောက်ပိုင်း (S.E.A) သျှမ်းရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က အမြန်ဆုံး ပြန်လွတ်လာအောင် သက်ဆိုင်ရာတွေဆီ အကြောင်းကြားပြီး၊ လူမှုရေးအရ၊ ဥပဒေနှင့် လူအခွင့်အရေး မူဘောင်တွေအရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဇန်န၀ါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သော လောခီးလား တိုင်းရင်းသားညီလာခံမှာ KIA ဒုတိယစစ်ဦးစီး ဗိုလ်ချုပ်ဂွန်မော်အား သတင်းသမားများက တိုင်းလိုင်သျှမ်းနီများအား စုဆောင်းရေးစွဲပါတယ် ဆိုတာဟုတ်ပါလားဟု မေးပြန်ရာ ဂွန်မော်မှ တိုင်းလိုင်မကဘူး အားလုံးကိုစွဲတယ်ဟု ဖြေဆိုခဲ့သော ဗွီဒီယိုမှတ်တမ်းများရှိသည်။

ကျားနီလေး

No comments:

Post a Comment