Monday, November 17, 2014

မြန်မာနိုင်ငံရှိ ခရိုနီ (၁၀) ဦးတွင် တိုင်းရင်းသား (၅)ဦးခန့် ပါဝင်ကြောင်း ဦးအောင်မင်းဆို

မြန်မာနိုင်ငံတွင် ရှိသော လူချမ်းသာ စီးပွားရေး သမား ခရိုနီ ဆယ်ဦးခန့်တွင် တိုင်းရင်းသား သူဌေး (၅) ဦးခန့်သာ ပါဝင်ကြောင်း Myanmar Peace Centre အထူး အကြံပေး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ပုသိမ် ဟော်တယ်တွင် ပြုလုပ်သော လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ် နောက်ဆုံးနေ့ နိုဝင်ဘာလ (၁၆) ရက် နေ့က လူငယ်များ မေးမြန်းသော မေးခွန်းများကို ဖြေကြားရင်း ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ မှာရှိတဲ့ ခရိုနီ အားလုံး (၁၀) လောက် အထဲမှာ တိုင်းရင်းသား သူဌေးတွေ ငါးယောက် လောက်ပါတယ်။ အခွင့်အရေးတွေ အားလုံးပေး ထားပြီးသား၊ ပေးထား ပြီးသား အခွင့်အရေးကို မယူတတ်လို့ ဒီလို ဖြစ်နေတာ ဟု ၎င်းက ဆိုသည်။ ကျွန်တော်က ရှမ်းသွေးနဲနဲ ပါတယ်။ ကျွန်တော့် ဆွေမျိုးသားချင်းတွေ ရှမ်းပြည်မှာ ရှိပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေ လှုပ်ရှားတဲ့ နယ်မြေ ထဲမှာ ရှိပါတယ်။ သူတို့က ရန်ကုန် ရောက်တဲ့ အခါ ကျွန်တော့်ကို လာပြောတယ်။ ဘယ်လို ပြောလည်းဆို ဦးအောင်မင်း ၊ မင်းကျတော့ ရန်ကုန် မြို့မှာ နေပြီးတော့ တိုက်နဲ့ ကားနဲ့ ရေနဲ့ မီးနဲ့ ပြည့်ပြည့်စုံစုံနဲ့၊ ငါတို့ ကျတော့ ရေလည်းမရ မီးလည်းမရ လမ်းလည်း မကောင်း၊ ငါတို့ ကျတော့ တန်းတူ ညီတူ အခွင့်အရေး မရဘူးလို့ သူက ပြောတယ်။ အဲတော့ ကျွန်တော် ပြောလိုက်တယ်။ အဲဒါ Geo Politic ပဲဖြစ်တယ်လို့။ ကျွန်တော့်ကို ပြောတဲ့ ကျွန်တော့် အကို ရန်ကုန်မြို့မှာ လာနေရင် ကျွန်တော်ရတဲ့ အခွင့်အရေးတွေ သူရရမယ်၊ ရန်ကုန်မြို့မှာ နေတဲ့ ဦးအောင်မင်းက အဲဒီ တောထဲမှာ နေရင် ရေ လည်းကောင်းမှာ မဟုတ်ဘူး။ လမ်းလည်း ကောင်းမှာ မဟုတ်ဘူး၊ အခွင့်အရေးတွေ အားလုံးကို တန်းတူပေး ပြီးသားပါ ဟု ဦးအောင်မင်းက ပြောသည်။ အဆိုပါ လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်ကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ဟိုတယ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး အတွင်း ငြိမ်းချမ်းရေး စိတ်ဝင်စားသူ လူငယ် (၅၀၀) ကျော်ခန့် တက်ရောက် ဆွေးနွေးခဲ့ ကြသည်။ တစ်နိုင်ငံလုံး အပစ်အခပ် ရပ်စဲရေးကို ၂၀၁၄ ဒီဇင်ဘာလကုန် (သို့ )၂၀၁၅ ဇန်န၀ါရီလတွင် လက်မှတ် ရေးထိုးသွား နိုင်ဖွယ် ရှိကြောင်း Myanmar Peace Centre မှ အကြံပေး ဦးလှမောင်ရွှေက နိုဝင်ဘာလ (၁၂) ရက်နေ့ ပုသိမ်မြို့တွင် ပြောကြား ထားသည်။

No comments:

Post a Comment