Sunday, November 30, 2014

KIA ဆိုတာဘာလဲသိလား မသိရင်ဖတ်ပါဗျာ

KIA ရဲ့သမိုင်းကြောင်းမသိသေးသူများအတွက် အဏ္ဏ၀ါစစ်သည် ရဲ့ဆောင်းပါး ကိုပြန်လည်တင်ပြ လိုက်ရပါတယ်။ ---------------------------------------------------------------------------------------------------- ကေအိုင်အေနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွေ့အကြုံများ တကယ်တော့ ကေအိုင်အေနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုသမိုင်းတစ်လျှောက်တွင် ကေအိုင်အေက ကတိမတည် ဗလောင်းဗလဲအမြဲ လုပ်ဆောင်ခဲ့သည်သာဖြစ်သည်။ ထို အဖြစ်အပျက်များကို အများသိနိုင်အောင် မိမိမှတ်သားထားသောအချက်အလက်များ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင်ပါဝင်ခဲ့သော ကချင်ပြည်နယ်ကောင်စီ(လမ်းစဉ်ပါတီ ခေတ်) က မိတ်ဆွေများအား ပြန်မေးပြီး စုစည်းတင်ပြလိုက်ရပါသည်- ကေအိုင်အို သောင်းကျန်းမှု ============== ကေအိုင်အိုသောင်းကျန်းမှုသည် ဦးနု၏နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးကတိပြုချက် ကြောင့်အစပြုခဲ့ခြင်းဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်တွင် ကေအင်န်ယူ အဖွဲ့တွင်းရောက် နေပြီးကွတ်ခိုင်ဒေသတွင် မြေအောက်စည်းရုံးရေးလုပ်ရန် ပြန်ရောက်နေသော ဇော် ဆိုင်း၊ ၎င်း၏ညီ တက္ကသိုလ်ကျောင်းသားများဖြစ်သည့် ဇော်တူး၊ ဇော်ဒန်ဆိုသော ဇော် ညီအကိုသုံးယောက်နှင့် ကေအင်ယူမှ စစ်ရေးအကြံပေးအဖြစ်ထည့်ပေးလိုက် သည့် ဇော်ဘောက်ခေါ် ဂျီလစ်လင်း၊ အစိုးရတပ်မှထွက်လာသည့် တပ်ကြပ်အဆင့်ရှိ လမုန်တူးဂျိုင်တို့ပေါင်းပြီး စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ကေအိုင်အို ( Kachin Independent Organization ) ကိုပထမဖွဲ့ပြီးနောက်တော့ ကေအိုင်အိုလက်အောက်ခံ ကေအိုင်အေ( Kachin Independent Army)ကိုဖွဲ့စည်း ခဲ့သည်။ စတင်ဖွဲ့စည်းစက ကေအိုင်အိုတွင်လူနှစ်ဆယ်ကျော်သာရှိသော်လည်း ၁၉၆၁ ခုနှစ် သြဂုတ်လတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်း ပြီးချိန် တွင်မူ အင်အားသုံးရာကျော်အထိတိုးလာခဲ့သည်။ ထိုနှစ်တွင်ပင်တရုတ်-မြန်မာနယ် နမိတ်စာချုပ်ကိုလက်မှတ်ရေးထိုးရာတွင် ကချင်ပြည်နယ်အတွင်းမှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖာသုံးနယ်ကို တရုတ်ကို ပေးအပ်ခဲ့ရပြီး တရုတ်ဘက်မှ နမ်းခမ်းဘက်မှ နယ်ြေ မ အချို့၊ ၀ဒေသနယ်မြေအချို့ကို အပြန်အလှန်ပေးခဲ့သည်။ သို့သော် ဦးနု အစိုးရက ကချင်ခေါင်းဆောင်များနှင့်တိုင်ပင်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ သဖြင့် ကချင်လူထုအတွင်း မကျေနပ်မှုများပိုမိုများပြားလာကဗန်းမော်၊မြစ်ကြီးနားဒေ သများတွင်ပါ ကေအိုင်အေတပ်ဖွဲ့များဖွဲ့စည်းနိုင်ခဲ့သည်။ (ထိုသုံးနယ်ကို ပေးလိုက် ရသည့်အတွက် ပြန်ရသည့်ဒေသများက ပိုကောင်းသော်လည်း ကချင်ပြည်သူများ၏ သဘောမပါသဖြင့် နာကျည်းဖွယ်ဖြစ်ခဲ့ရသည့်သင်ခန်းစာယူပြီး ယခုအခြေခံဥပဒေ တွင် ပြည်နယ်၊ တိုင်းဒေသတစ်ခု ၏ နယ်နမိတ်ကိုပြင်ဆင်ရန်လိုအပ်ပါကသက်ဆိုင် ရာဒေသ ပြည်သူများ၏ ဆန္ဒခံယူပြီးမှလုပ်ရမည်ဟုထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ ) ကေအိုင်အိုနှင့် ပထမအကြိမ် ဆွေးနွေးမှု ===================== ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေး ကောင်စီ၏ ကမ်းလှမ်း ချက်ကိုထုတ်ပြန်ခဲ့သည်။ တပ်မတော်တပ်ဖွဲ့များကို စစ်ဆင် ရေးများရပ်ဆိုင်းထားပြီး လက်ရှိနေရာများ၌ တပ်စွဲထားရန်၊ တောတွင်းလက်နက် ကိုင်တပ်ဖွဲ့များကလာရောက်ဆက်သွယ်ပါက အကူအညီပေးရန်၊ ရန်ကုန်သို့ လာရောက်နိုင်ရေး စီစဉ်ပေးရန်ညွန်ကြားခဲ့သည်။ ထိုသို့လာရောက်ဆွေးနွေးရာတွင် ကေအိုင်အိုဘက်က ဇော်ဒန်ဦးစီးသောအဖွဲ့ လည်း လာရောက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုကို ၁၉၆၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ခဲ့သည်။ ထိုဆွေးနွေး ပွဲတွင် ကေအိုင်အိုက အောက်ပါအချက် များကို တရားသေစွဲကိုင်တင်ပြခဲ့သဖြင့် တော်လှန်ရေးကောင်စီဘက်က နိုဝင်ဘာ လ ၁၅ ရက်နေ့တွင်ဆွေးနွေးပွဲကိုရပ်ဆိုင်းခဲ့ရသည်။ (၁) တိုင်းရင်းသား လူမျိုးများ အားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရန်နှင့် ခွဲထွက် ခွင့်ပြုရန်။ (၂) သီးခြားလွတ်လပ်သော ကချင်ပြည်နယ် ထူထောင်ခွင့်ပြုရန်။ (၃ ) ဗမာပြည်နှင့် ကချင်ပြည်အကြား နှစ်ပြည်ထောင် ဆက်ဆံရေးစာချုပ် လက်မှတ် ထိုးရန်။ ကေအိုင်အိုနှင့် ဒုတိယအကြိမ် ဆွေးနွေးမှု ===================== ဒုတိယအကြိမ် ဆွေးနွေးမှုမှာ လမ်းစဉ်ပါတီလက်ထက်ဖြစ်သည်။၁၉၆၈ ခုနှစ်၌ မြန် မာနိုင်ငံအရှေ့မြောက်ဘက်ရှမ်းပြည်နယ်အတွင်းသို့တရုတ်နိုင်ငံ၏အားပေးထောက် ခံမှုဖြင့် ဗကပတပ်ဖွဲ့များဝင်ရောက်လာပြီးနောက် ဗကပနှင့်ကေအိုင်အေတို့ ကြား ကွတ်ခိုင်၊ တာမိုးညဲ ဒေသတွင် နယ်မြေလုတိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ကေအိုင်အိုအဖွဲ့အတွင်း ဂျင်းဖောမျိုးနွယ်စုများ၏ လူမျိုးကြီးဝါဒကျင့် သုံးမှုကို မကျေနပ်သဖြင့် ဦးစခုန်တိန်ယိန်း ခေါင်းဆောင်သည့် မရူနှင့်လချိတ်အုပ်စု များခွဲထွက်ပြီး ဗကပနှင့်ပူးပေါင်းသွားသဖြင့် မြစ်ကြီးနား၊ ၀ိုင်းမော်ဒေသတွင်ပါ ဗကပနှင့် ကေအိုင်အေကြားနယ်မြေလုတိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ ဗကပ ဘက်က ဖိအားများလာချိန်တွင် ၁၉၇၂ ခုနှစ် နှစ်ဦးပိုင်းတွင် ကေအိုင်အေက တပ်မ တော်နှ င့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန်ကမ်းလှမ်းခဲ့သည်။ ထို့ကြောင့် တပ်မေ တ်ာက ယာယီအပစ်အခတ်ရပ်စဲရေးကို လက်ခံပြီး ၇၂ ခုနှစ် မေလတွင် ကေအိုင်အို ဗဟိုကော်မတီအစည်းအဝေးကျင်းပနိုင်ရန်အတွက် ကေအိုင်အိုခေါင်းဆောင်များ နှင့် တပ်ဖွဲ့များကို တပ်မတော်ထိန်းသိမ်းထားသည့် နယ်မြေများမှ ဖြတ်သန်းပြီး တရုတ် နယစပ်သို့ခရီးသွားခွင့်ပြုခဲ့သည်။ သို့သော် ကေအိုင်အိုက ထိုခွင့်ပြုချက်ကို အခွင့်ကောင်းယူ၍ ဖားကန့်ဒေသမှကျော က်စိမ်းများနှင့် မေခ၊မလိခကြား တြိဂံဒေသမှ ဘိန်းများကိုပါသယ်ယူသွားပြီး ရန်ပုံေ ငွရှာဖွေခြင်း၊ တပ်မတော်ထိန်းချုပ်ထားသည့်နယ်မြေများအတွင်းဝင်ရောက် ကာ ကျေးရွာကာကွယ်ရေးအဖွဲ့များဖွဲ့စည်းခြင်းတို့ ပြုလုပ်ခဲ့သည့်အပြင် တပ်မဟာ(၄) ကိုလည်းတိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထိုကဲ့သို့ဂတိမတည်ဘဲအပစ်အခတ်ရပ်စဲရေးကို အသုံးချပြီး ငြိမ်းချမ်းရေးအတွက်ဆက်လက်ဆွေးနွေးရမည့်အစားတပ်တိုးချဲ့ရေးကို သာ လုပ်ဆောင်လာခဲ့သည့်အတွက် ထိုနှစ်အောက်တိုဘာလတွင် တပ်မတော်ဘက် က အပစ်အခတ်ရပ်စဲရေးကိုဖျက်သိမ်းခဲ့ရပြန်သည်။ ကေအိုင်အိုနှင့် တတိယအကြိမ် ဆွေးနွေးမှု ====================== လမ်းစဉ်ပါတီလက်ထက် နိုင်ငံတော်ကောင်စီ အမိန့် ၂/ ၈၀ နဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ကြေညာပေးပြီးနောက်ပိုင်းတွင် ကေအိုင်အေက ကြားလူကြီးများကတဆင့်လာ ရောက်ဆက်သွယ်သည့်အတွက် ၁၉၈၀ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့မှ ၁၉၈၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အစပိုင်း တွင် မြစ်ကြီးနားမြို့၌တွေ့ဆုံခဲ့ပြီးနောက် အောက်တိုဘာ ၁၈ ရက်နေ့တွင် ကေ အိုင်အို ဥက္ကဌ ဦးဘရန်ဆိုင်း ခေါင်းဆောင်သောအဖွဲ့ကို ရန်ကုန်မြို့သို့ ဖိတ်ခေါ်ပြီး ပါတီဥက္ကဌနှင့် နိုင်ငံတော်သမ္မတကြီး ဦးနေ၀င်းကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သည်။ ရန်ကုန်နှင့် မြစ်ကြီးနားမြို့များတွင် လေးကြိမ်ထပ်ဆွေးနွေးပြီးသည့်နောက် ၁၉၈၁ ခုနှစ်မတ်လ ၁၀ ရက်နေ့တွင် အောက်ပါအချက်များကိုသဘောတူညီခဲ့ကြသည်။ ထိုကာလအတွင်း ယာယီအပစ်အခတ် ရပ်စဲမှုကို ပြုလုပ်ထားခဲ့သည်။ နိုင်ငံတော်အစိုးရဘက်မှ သဘောတူညီခဲ့သည့် အချက်များ ============================= (၁) ကေအိုင်အို တပ်ဖွဲ့များ၏ လက်နက်များအား ဗကပရန်ကို ကာကွယ်နိုင်ရန်အ တွက် အချိန်ကာလအကန့်အသတ်ဖြင့် ဆက်လက်ကိုင်ဆောင်ခွင့်ပြုရုံသာမက လို အပ်ပါက အဆင့်ဆင့်ညှိနှိုင်းပြီး၊ နိုင်ငံတော်က ကေအိုင်အိုအဖွဲ့တွင်ပါဝင်ခဲ့သူများ ကို ပြည်သူ့စစ်အဖွဲ့တွင်လည်းကောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့တွင်လည်းကောင်း၊ လုံ ထိန်း တပ်ရင်းတပ်ဖွဲ့ဝင်များ အဖြစ်လည်းကောင်းပြောင်းလဲတာဝန်ပေးမည်။ (၂) ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲ များတွင်ပါဝင်အရွေးခံ၍ ဒေသဆိုင်ရာအရေးကိစ္စများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက်ခွင့်ရရှိလာအောင် ဆောင်ရွက်ခွင့်ပြု မည်။ (၃) လမ်းစဉ်ပါတီနှင့်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော တောင်သူ လယ်သမားနှင့် အလုပ်သမားအစည်းအရုံးတွင်ပါဝင်လှုပ်ရှားခွင့်ပြုမည်။ (၄) ကေအိုင်အို၊ ကေအိုင်အေအဖွဲ့အစည်းဝင်များအတွက် စားဝတ်နေရေးကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမည်။ (၅) ငြိမ်းချမ်းရေးရပြီး အေးချမ်းသည်နှင့်အမျှ ကချင်ပြည်နယ်၏ စီးပွားရေး၊ကျန်းမာ ရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမို ဦးစားပေးဆောင်ရွက်မည်။ (၆) ကေအိုင်အို အဖွဲ့မှ ငြိမ်းချမ်းရေးရယူပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်နှင့်မဆန့်ကျင်စေဘဲလျက် ကချင်ပြည်နယ်အတွက် တည်ဆောက်ရေး လုပ်ငန်း များတွင် ပါဝင်ပူးပေါင်းဆောင်ရွက် ခွင့်ပြုမည်။ (၇) ကေအိုင်အို အဖွဲ့ဝင်မသန်မစွမ်းဖြစ်သူများကိုပါ ဆေးဝါးကုသပေးမည်။ (၈) ပုဂ္ဂိုလ်အလိုက်တတ်ကျွမ်းထားသော အရည်အချင်းအလိုက် သင့်လျော်မည့်နေရာ များတွင် ပြန်လည်တာဝန်ပေးအပ်မည်။ (၉) ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အစည်းထဲမှပညာကိုဆက်လက် သင်ကြားလိုသူ များအတွက် (၁၀) တန်းအောင်မူလရရှိထားသော အတန်းထက်နှစ်တန်းတင်၍ သင် ကြားယူခွင့်ပြုမည်။ (၁၀) ကေအိုင်အေကိစ္စနှင့်ပတ်သက်၍ မတရားအသင်း ဥပဒေပုဒ်မ ၁၇/၂ နှင့် ဖမ်း ဆီးထားသူများကိုလည်း နိုင်ငံတော်ကောင်စီ အမိန့် (၂/၈၀)လွတ်ငြိမ်းချမ်းသာခွင့် တွင်မပါသေးပါက ထပ်မံလွှတ်ပေး မည်။ (၁၁) ကေအိုင်အိုအဖွဲ့တွင် ကိုယ်ပိုင်ငွေကြေးရှိနေလျှင် နိုင်ငံတော်ဘဏ်တွင်ထည့် သွင်း၍လိုအပ်သလို လွပ်လပ်စွာသုံးစွဲခွင့်ပြုမည်။ (၁၂) ငြိမ်းချမ်းရေးရသည့်အခါ ကေအိုင်အိုနှင့် ကေအိုင်အေအဖွဲ့အစည်းထဲမှ ပြည် တွင်းပြည်ပရှိသူများမြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန်စီစဉ်ပေးမည်။ ကေအိုင်အေအဖွဲ့ဘက်မှ သဘောတူညီခဲ့သောအချက်များ ============================== (၁) သီးခြားကချင်ပြည်သူ့သမ္မတနိုင်ငံထူထောင်ရေးဟူသောလမ်းစဉ်ကိုစွန့်လွှတ် သည်။ (၂) ဆိုရှယ်လစ်စနစ်ကို လက်ခံယုံကြည်သည်။ (၃) တစ်ပါတီစနစ်ကို လက်ခံသည်။ မတ်လ ၁၀ ရက်နေ့မှာ အစိုးရ၊ ကေအိုင်အိုနဲ့ ကြားလူကြီးတွေက အခုသဘောတူ ညီချက်တွေရပြီးဖြစ်တဲ့အတွက် ဧပြီလ ၁၀ရက်နေ့ မြစ်ကြီးနားမှာသဘောတူ လက် မှတ်ထိုးရန်၊ ပြီးပါက တိုင်းပြည်သို့ထုတ်ပြန်ကြေညာရန် သဘောတူညီခဲ့ကြသည်။ ထို့နောက် ကေအိုင်အေ ဥက္ကဌ ဦးဘရန်ဆိုင်းနှင့်အဖွဲ့ ကေအိုင်အိုဌာနချုပ်ရှိရာ ပါဂျို သို့ပြန်သွားခဲ့သည်။ ဦးဘရန်ဆိုင်းအဖွဲ့ပြန်သွားပြီးနောက် လက်မှတ်ထိုးမည့် အချိန်ကို မေလ ၁၅ ရက် နေ့အထိ တိုးမြှင့်ပေးရန်အကြောင်းကြားခဲ့သည်။ ထိုအချက်ကို အစိုးရဘက်မှ သ ဘောတူညီခဲ့ပြီးနောက် မေလ ၁၁ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့က ကချင်ပြည်နယ် အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ်သတ်မှတ်ပေးရေးအတွက် နိုင်ငံရေး ပြေလည်မှုရသည်အထိ ဆက်လက်ဆွေးနွေးရန်ဆိုသည့်အချက်ကို ထပ်မံဖြည့်စွက် ပေးမှသာ မူလသဘောတူညီချက်ကိုလက်ခံနိုင်မည်ဖြစ်ကြောင်းပြင်ဆင်အကြောင်း ကြားလာခဲ့သည်။ ထိုအချိန်တွင် ကြားလူကြီးများက ကိုးလကြာဆွေးနွေးခဲ့သော ငြိမ်းချမ်းရေုးလုပ်ငန်း များမပျက်ပြားစေရန်အတွက်အချိန်တိုးပေးရန် နိုင်ငံတော်ကို တင်ပြသည့်အတွက် နိုင်ငံတော်ဘက်က မေလ ၃၁ ရက်နေ့အထိ တိုးပေးခဲ့ပြီး နှစ်ဘက်တွေ့ဆုံဆွေး နွေးမှုကို မေလ ၂၅ ရက်နေ့တွင်ထပ်မံပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ကချင် ကြားလူကြီးများက ကေအိုင်အိုမှတင်ပြသည့် ကိုယ်ပိုင် အုပ်ချုပ်ရေး (သို့) ကိုယ်ပိုင် စီမံခန့်ခွဲရေး ပြည်နယ် သတ်မှတ်မှုမှာ အခြားပြည်နယ် များနှင့်ပါသက်ဆိုင်နေသဖြင့် လွှတ်တော်မှတဆင့် ပြည်သူ့ဆန္ဒခံယူပြီး လုပ်ဆောင် ရမည့် အခြေအနေရှိကြောင်း၊ ထို့ကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ပြီးသည့်နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉ ၊ ၃၁ နှင့် အခန်း ၁၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကချင်ပြည်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်ဟု အမည်သတ်မှတ်ရေးနှင့် ပတ်သက်ပြီး ဆက်လက်ဆောင် ရွက်သွားရန်မူအားဖြင့် သဘောတူညီသည်ဟုဆုံးဖြတ်သင့်ကြောင်းအကြံပြုခဲ့သည်။ ထိုအကြံပြုချက်ကို အစိုးရကိုယ်စားလှယ်အဖွဲ့မှလက်ခံခဲ့သော်လည်း ကေအိုင်အို ဘက်မှဗဟိုသို့ပြန်လည်တင်ပြမည်ဟုသာဆွေးနွေးပြီးပြန်သွားခဲ့သည်။ ထို့နောက် ထပ်မံလာရောက်ဆက်သွယ်ခြင်းမရှိသည့်အတွက် ဇွန်လ ၁ ရက်နေ့တွင် ယာယီ အပစ်အခတ်ရပ်စဲထားမှုကိုပယ်ဖျက်ကြောင်းအစိုးရဘက်က အကြောင်းကြားခဲ့သည်။ ဗကပနှင့် ကေအိုင်အို ပူးပေါင်းဆောင်ရွက်မှု ====================== ထိုကဲ့သို့အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင် ကေအိုင်အိုသည် တစ်ဘက်က လည်း ဗကပနှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဗကပ ဥက္ကဌ ဘသိန်းတင်နှင့် ကေအိုင်အိုဥက္ကဌ ဘရန်ဆိုင်း၊ ကေအိုင်အေစစ်ဦးစီးချုပ် ဇော် မိုင်တို့တွေ့ဆုံဆွေးနွေးခဲ့ပြီး ကေအိုင်အေနယ်မြေအတွင်းသို့ ဗကပများဝင်မလာ ရန်၊ ဗကပများဖြတ်သန်းလိုက ကေအိုင်အေခွင့်ပြုချက်ရယူရန်နှင့် ကေအိုင်အို အဖွဲ့ အတွက် ဗကပကလက်နက်ထောက်ပံ့ပေးရန် သဘောတူညီခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်း အင်းတော်၊ ဗန်းမောက်ဒေသ(ယခင်ဗကပ မြစ်ဖျားတိုင်း) သို့ပြန်လည်ခြေကုတ်ယူရန် ဝင်ရောက်လာသည့် ဗကပ ရင်း ၁၈၀၊ အင်အား နှစ်ရာ ကျော်ကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကိုင်းတိုင်း အင်းတော်ဒေသ ရောက်သည် အထိ ရွှေလီမြစ်ကို ဖြတ်ကူးရာတွင်လည်းကောင်း၊ ဧရာဝတီမြစ်ကို ဖြတ်ကူးရာတွင် လည်းကောင်း၊ မန္တလေး မြစ်ကြီးနား ရထားလမ်းကိုဖြတ်ကူးရာတွင်လည်းကောင်း ကေအိုင်အေ ဝတ်စုံများဝတ်ဆင်စေပြီး ကေအိုင်အေ တပ်ဖွဲ့များက အပစ်အခတ် ရပ်စဲထားမှုကို အခွင့်ကောင်းယူကာ လက်ဆင့်ကမ်းပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် တပ်မတော်၏ သဘောတူညီချက်ဖြင့် ကေအိုင်အေဗဟိုတွင် အစည်းအဝေး တက်ရန် ရောက်ရှိနေသော ကေအိုင်အေ တပ်မဟာ ၁၊ ၂၊ ၃ နှင့် ၄ တို့မှ တပ်မဟာ မှူးများနှင့် တပ်ဖွဲ့များ မိမိတို့ ဒေသသို့ပြန် ရာတွင် တပ်မတော်မှထိန်းချုပ်ထားသည့် နယ်မြေများကို ဖြတ်သန်းသွားခဲ့သည်။ ထိုအဖွဲ့များခရီးသွားရာတွင် စစ်သည်တစ်ဦး လျှင်သေနတ်နှစ်လက်နှုန်း၊ အထမ်းသမားတစ်ဦးလျှင် သေနတ် လေးလက်နှုန်းဖြင့် ဗကပမှ ထောက်ပံ့သည့် လက်နက်ခဲယမ်းများကို ပြန်လည်သယ်ဆောင်သွားသည် ကို တပ်မတော်တပ်ဖွဲ့များကတွေ့ရှိခဲ့ရသည်။ ဆွေးနွေးပွဲကာလတွင်ပင် နာဂသောင်းကျန်းသူခေါင်းဆောင် အိုက်ဇက်ကို ကေအိုင် အို ဗဟိုသို့ခေါ်ယူပြီး ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ရန်ဆွေးနွေးခြင်း၊ တပ်မဟာ ၂ မှ တဆင့် လက်နက်များ ထောက်ပံ့ခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုနှင့် ၂၀၁၁ ဆွေးနွေးမှုများနဲ့ ပတ် သက်သည့်အချက်များကိုသတင်းစာရှင်းလင်းပွဲတွင်ပါပြီးဖြစ်သည့်အတွက် ထပ် မရေးတော့ပါ။ဖြစ်ပြီးခဲ့သည့် သမိုင်းများကို ပြန်လည်ဖတ်ရှုပြီး ငြိမ်းချမ်းရေးအတွက် အစိုးရဘက်မှသာတာဝန်ရှိသည်မဟုတ် တစ်ဘက်အဖွဲ့အစည်းများဖက်ကလည်း စေတနာမှန်ဖို့လိုသည်ကို သိရှိစေရန်အတွက် ရေးသားလိုက်ရပေသည်။ (အဏ္ဏ၀ါစစ်သည်)

No comments:

Post a Comment