နိုဝင်ဘာ ၂၆ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ၊ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများအအတွက် နည်းဥပဒေများကို ပြည်ထောင်စုအစိုးရက အမြန်ဆုံး ထုတ်ပြန်ပေးရန် တိုက်တွန်းသည့် အရေးကြီးအဆိုအား ဒုတိယမြောက် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အား ဥပမာပေး၍ ဒေါ်အောင်ဆန်းစုကြည်မှ ‘‘ပြဋ္ဌာန်းပြီးသားဥပဒေတွေ အတွက်တောင်မှ နည်းဥပဒေတွေ စည်းမျဉ်း၊ စည်းကမ်းတွေဟာ မ ထွက်နိုင်သေးဘူးဆိုရင် နောက် ကျွန်မတို့ပြဋ္ဌာန်းမယ့်ဥပဒေတွေ အတွက် နည်းဥပဒေတွေ၊ စည်း မျဉ်းစည်းကမ်းတွေက ဘယ်တော့ မှထွက်နိုင်မလဲဆိုတာ စဉ်းစားစ ရာဖြစ်ပါတယ်.. ဥပမာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကို ကြည့်ပါ..’’ ဟုဒေါ်အောင်ဆန်းစုကြည်မှ ပိုင်ပိုင်နိုင်နိုင်ဆွေးနွေးအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်သြဘာပေးလိုက်ရာ အောင်နိုင်သူအပြုံးဖြင့် နေရာတွင်ထိုင်ခဲ့သည်။ ဒေါ်စုထိုင်ပြီးနောက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်မှ ဒေါ်အောင်ဆန်းစုကြည် ဥပမာပေးပြောသွားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို ၂၀၁၃ ကတည်းက ရေးဆွဲပြီးဖြစ်ကြောင်း။ သက်မှတ်ရက်အတွင်း အချိန်မီ ထုတ်ပြန်ပေးပြီးဖြစ်ကြောင်း ရက်စွဲ၊ အချိန် အတိအကျဖြင့် အထောက်အထားပြ၍ ပြန်လည်တုံ့ပြန်ခဲ့ရာ လွှတ်တော်အတွင်း တီးတိုးလှောင်ရယ်သံများ ထွက်လာပြီး အရေးကြီးအဆိုတင်သွင်းသူ ဒေါ်အောင်ဆန်းစုကြည်မှာ အရှက်ဗြန်းဗြန်းကွဲခဲ့ရသည်။ ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မိမိအဆိုတင်သွင်းမည့် နည်းဥပဒေများမှာ ပြဌာန်းပြီးလား၊ မပြဌာန်းရသေးဘူးလား ဆိုသည်ကို ကြိုတင်မလေ့လာဘဲ ရမ်းတုတ်ခဲ့ခြင်းမှာ ရှက်ဖွယ်လိလိဖြစ်သည်။ နိုင်ငံတကာရှိ လွှတ်တော်အမတ်များသည် ယခုကဲ့သို့ ရှက်စရာဖြစ်စဉ်နှင့် ကြုံတိုင်း နှုတ်ထွက်လေ့ရှိကြသည်။ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရှက်တက်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ မိမိသဘောဖြင့် မိမိ နှုတ်ထွက်သင့်ကြောင်း မြန်မာ့အရေး စောင့်ကြည့်သူများက တောင်းဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သတ်တမ်း ၃ နှစ်ရှိသော မြန်မာလွှတ်တော်အတွင်း ပထမဆုံး အရှက်ကွဲခဲ့သည့် လွှတ်တော်အမတ်တစ်ဦးအဖြစ် ၂၀၁၄ ခုနှစ်တွင် စံချိန်တင်နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်တင်သွင်းသည့်အဆိုမှာ မကောင်းမဟုတ်၊ကောင်းသည်။ သို့သော် မိမိ ဥပမာ ပေးမည့် နည်းဥပဒေမှာ ပြဌာန်းပြီးခြင်း ရှိ/မရှိ မသိရှိခြင်းမှာ လွှတ်တော် အမတ် တစ်ဦးအနေဖြင့် များစွာ ရှက်ဖွယ်ကောင်းသည့်ဖြစ်ရပ်ဖြစ်သည်။ကိုယ်တိုင် ဂဃနဏ မသိပဲ တစ်ဦးတစ်ယောက်၏ အကြံပေးချက်အရ(ဥပမာ-ဦးကိုနီ) ထဆွေးနွေးသည့်ပုံစံဖြစ်နေသည်မှာများစွာ ထင်ရှားသည်။လွှတ်တော်အတွင်းဒေါ်အောင်ဆန်းစုကြည် အရှက်ကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်မီဒီယာကမှ အကျယ်တဝင့်ဖော်ပြခဲ့ခြင်းမရှိပေ။ ME
No comments:
Post a Comment