Tuesday, November 25, 2014

ပညာရေး

သိပ္ပံနည်းပညာဝန်ကြီး ဌာနနှင့် ဟွာဝေး ပူးပေါင်း၍ အိုင်စီတီ ထူးချွန်လူငယ် တစ်သောင်းကျော် မွေးထုတ်မည် Wednesday, November 26, 2014 သိပ္ပံနှင့်နည်းပညာ ၀န် ကြီးဌာနနှင့် Huwei Technologies (Yangon) ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ဆောင်မည့် မြန်မာ နိုင်ငံ အိုင်စီတီထူးချွန်လူငယ်မွေး ထုတ်ရေး စီမံကိန်းတစ်ခု ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ အိုင်စီတီထူးချွန်လူ ငယ်မွေးထုတ်ရေးစီမံကိန်းတွင် အခြေခံပညာရေး နယ်ပယ်အ ဆင့်၊ လူမှုရေးနယ်ပယ်ကျွမ်းကျင် မှုအဆင့်နှင့် နိုင်ငံတော် အိုင်စီတီ အရင်းအမြစ်အဆင့် စသည့်အ ခန်းကဏ္ဍသုံးခု ပါဝင်မည်ဖြစ်ပြီး Huawei ကုမ္ပဏီသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက် အောက်ရှိ တက္ကသိုလ်များနှင့် ပူး ပေါင်း၍ အိုင်စီတီဆက်သွယ်ရေး သင်တန်း၊ အိုင်စီတီစမ်းသပ်ခန်း၊ လေ့ကျင့်ရေးစင်တာ၊ အိုင်စီတီ လူငယ်ပညာသင်ဆု အစီအစဉ် များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၊ စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းက အထက်ပါ စီမံကိန်းမှတစ်ဆင့် ထူးချွန်လူ ငယ်များစွာ မွေးထုတ်ကာ နိုင်ငံ တော်၏ ဆက်သွယ်ရေးအခန်း ကဏ္ဍ ပိုမိုတိုးတက်အောင်မြင် လာမည်ဟု မျှော်လင့်ထား ကြောင်း နားလည်မှုစာချွန်လွှာ ရေးထိုးပွဲတွင် ပြောသည်။ မြန်မာနိုင်ငံအတွက် အိုင်စီ တီထူးချွန်ပညာရှင်များ မွေးထုတ် ပေးခြင်းဖြင့် နိုင်ငံတော်၏ ဆက် သွယ်ရေး အခန်းကဏ္ဍကို စဉ် ဆက်မပြတ် တိုးတက်စေရန်နှင့် e- Government လုပ်ငန်းအတွက် များစွာ အထောက်အကူပြုစေရန် ဆောင်ရွက်ရခြင်းဖြစ် ကြောင်းHuawei ကုမ္ပဏီအရှေ့တောင် အာရှဒေသတွင်းဌာနချုပ် ဥက္ကဋ္ဌ Mr.Yang Shu က ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက် က နေပြည်တော်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ် လီကီကျန်းတို့ရှေ့တွင် အိုင်စီတီ ထူးချွန်လူငယ် မွေးထုတ်ရေး စီမံကိန်းအတွက် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနနှင့် Huawei Technologies (Yangon)ကုမ္ပဏီလီမိတက်တို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ခြင်းဖြစ်သည်။ 7Day Daily

No comments:

Post a Comment