Sunday, November 30, 2014

 KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဖားကန့် ဒေသခံ(၂)ဦး စိုးရိမ်ဖွယ်ဒဏ်ရာများ ရရှိ

 KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဖားကန့် ဒေသခံ(၂)ဦး စိုးရိမ်ဖွယ်ဒဏ်ရာများ ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေး၇ွာ၊ ဘော်ဇာဒီးရပ်ကွက်နေ ဒေသခံ လင်မယားနှစ်ဦးသည် နိုင်ဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲချိန်ခန့်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲခဲ့ရာ ပြင်းထန်စွာဒဏ်ရာများရရှိခဲ့ကြောင်း ယင်း ဒေသခံများမှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ ယင်း လင်မယားနှစ်ဦးသည် ကံဆီးကျေးရွာအနီး တောစပ်အတွင်းသို့ ဟင်းသီး ဟင်းရွက်မှာဖွေရန် သွားရောက်စဉ် မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ရရှိသော ဒဏ်ရာများမှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း သိရသည်။ KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးဂျေယောထာ(၆၀)နှစ်၊ တောင်သူ၊ လီဆူး/ ခရစ်ယာန်နှင့် ဒေါ်အားလီ(၆၀)နှစ်၊ လီဆူး/ခရစ်ယာန်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်ဟု ရွာခံတစ်ဦး က ပြောသည်။ “ ဒဏ်ရာက အရမ်းပြင်းတယ်၊ ဘော်ဇာဒီးရပ်ကွက်မှာနေတဲ့ ရွာသူရွာသားတွေ သူတို့ကို တောထဲက သယ်လာပြီး ကံဆီးတပ်စခန်းကိုသွားပို့ပေးရတယ်။ အဲ့ဒိတပ်စခန်းကနေ ဖားကန့်ပြည်သူများရုံးကို ထပ်မံပို့ပေး ခဲ့ပါတယ်” ဟု လိုက်ပါပို့ဆောင်ပေးခဲ့သူတစ်ဦးက ဆိုသည်။ ယင်း ဆေးရုံတွင်ကုသနေစဉ် ရရှိဒဏ်ရာများမှာ စိုးရိမ်ရအခြေအနေဖြစ်လာသဖြင့် ဖားကန့်မြို့၊ မေတ္တာရှင် လူမှုကူညီရေးအသင်းမှ နန့်ယား-ကာမိုင်း-မိုးကောင်း-နမ္မတီး လမ်းကြောင်းအတိုင်း မြစ်ကြီးနား ပြည်သူ့ ဆေးရုံသို့ ဆက်လက်ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရပါသည်။ ထွန်းနေအောင်(ဖားကန့်)

No comments:

Post a Comment