Thursday, December 11, 2014

ကချင်ရိုးရာမနောပွဲမူဆယ်တွင်ကျင်းပ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®

ကချင်ရိုးရာမနောပွဲမူဆယ်တွင်ကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®

မူဆယ် ဒီဇင်ဘာ ၁ဝ

ကချင်ရိုးရာမနောပွဲ (HARIDIP MANAU) ကို ဒီဇင်ဘာ ၉ ရက်နှင့် ၁ဝ ရက် တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၄၅ ကုန်းရှိ မနောကွင်းတွင် ကျင်းပခဲ့ရာ မူဆယ်မြို့နှင့် မြန်မာနိုင်ငံအနှံ့အပြားမှ ကချင်တိုင်းရင်းသားများ လူမျိုးစုများ၏ အကြီး အကဲများ၊ ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ခေါင်းဆောင် များပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဒူးဝါးဇုပ်ဒေါင် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကချင်တိုင်းရင်း သားများနှင့်အတူ မြန်မာ၊ ရှမ်း၊ ပလောင်၊ လီဆူးစသည့် တိုင်းရင်းသားများ၏ ရိုးရာအကအဖွဲ့များပါ ပါဝင်ကပြခဲ့ကြောင်း တွေ့ရ သည်။

မနောပွဲနှင့် မနောတိုင်သည် စည်းလုံး ညီညွတ်ခြင်းဟု အဓိပ္ပာယ်ရပြီး ပွဲတော်ဆင်နွှဲရာ တွင် နံနက်ပိုင်းတွင် ပါဝင်ဆင်နွှဲက ညနေပိုင်းတွင်လည်း ပါဝင် ဆင်နွှဲရခြင်း၊ ပထမနေ့တွင် ပါဝင်ဆင်နွှဲပါက ဒုတိယနေ့တွင်လည်း ပါဝင်ဆင်နွှဲရခြင်း၊ ပထမနှစ်တွင် ပါဝင်ဆင်နွှဲခဲ့ပါက ဒုတိယနှစ်တွင် လည်း ပါဝင် ဆင်နွှဲရခြင်းဟု မဂဏန်း မကျင်းပရဘဲ စုံဂဏန်းသာ ကျင်းပရသော ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

မနောပွဲတွင် ခေတ်အဆက်ဆက်က ကချင်လူမျိုးများထဲမှ ထူးချွန်ထင်ရှားသော၊ ကြည်ညို လေးစားကြသော ပုဂ္ဂိုလ်များ၏ ဓာတ်ပုံပြခန်း၊ ကချင်ပြည်နယ်မှထွက်ရှိသော ဆေးဖက်ဝင်သစ်ဥ သစ်ဖုများပြခန်းများနှင့် ကချင်ရိုးရာအသုံးအဆောင်ပစ္စည်းများပြခန်းတို့ကို ပြသထားကြောင်း တွေ့ရသည်။ ကချင်တိုင်းရင်းသားရိုးရာ ဝတ်စုံများကို ရောင်းချသည့်ဆိုင်များလည်း အများအပြားတွေ့ရပြီး ပွဲတော်လာရောက်သူများက အမြတ်တနိုး ဝယ်ယူဝတ်ဆင်ကာ ပွဲတော်တွင် ပါဝင်ဆင်နွှဲကြကြောင်း တွေ့ရသည်။

အေးမြ(မန္တလေး)

No comments:

Post a Comment