Monday, December 8, 2014

KIA တပ်ဖွဲ့ဝင်တစ်ဦး မိုင်းထောင်စဉ်ပေါက်ကွဲသေဆုံး

 KIA တပ်ဖွဲ့ဝင်တစ်ဦး မိုင်းထောင်စဉ်ပေါက်ကွဲသေဆုံး

ဒီဇင်ဘာလ ၇ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ တက်လက်ရွှေမှော်အနီးတွင် ဒီဇင်ဘာ ၅ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ချိန်ခန့်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး မိုင်းထိသေဆုံးသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ တပ်ကြပ်ကြီး အဆင့်ရှိ အားလီ (၃၇)နှစ်၊ ကချင်စုရပ်ကွက်၊ ညောင်ပင်ကျေးရွာ၊ အင်းတော်ကြီးဒေသ၊ မိုးညင်းမြို့နယ်နေသူဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ “အဲဒီနေရာမှာ မိုင်းတွေထောင်ထားတာ အများကြီးပဲ၊ သူတို့ ထောင်တဲ့မိုင်း သူတို့ ပြန်နင်းမိတာနေမှာပေါ့၊ မနက်အစောကြီး ဘာသွားလုပ်မှန်းမှ မသိတာ၊ အဲဒီမိုင်းတွေကြောင့် ဒုက္ခိတဖြစ်ရတဲ့ ရွာသူရွာသားတွေလည်း မနည်းတော့ပါဘူး” ဟု ညောင်ပင်ရွာသားတစ်ဦးက ပြောသည်။ KIA အဖွဲ့သည် ယင်းနေရာများ၌ ညအချိန်မိုင်းထောင် ၍ နေ့အချိန်များ တွင် ပြန်လည်ဖြုတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း၊ ထိုသို့ ပြုလုပ်စဉ် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ဆိုသည်။ ယင်းအဖွဲ့သည် ညအချိန်တွင် တပ်မတော်စစ်ကြောင်းများ ၀င်ရောက်တိုက်ခိုက်ခြင်းအား ဟန့်တားရန်အတွက် မိုင်းများထောင် ထားခြင်ဖြစ်ပြီး ၎င်းနေရာတစ်ဝိုက်သို့ ရွာသူရွာသားများအား လာရောက်ခြင်းကို တားမြစ်ထားကြောင်း သိရပါသည်။ ဇော်မိုင်

No comments:

Post a Comment