Monday, December 8, 2014

KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ


ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၄

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ရွာမှ ဒေသခံတစ်ဦးသည် ဒီဇင်ဘာ ၅ ရက်နေ့တွင် ငါးမျှားသွားစဉ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ၎င်းသည် ရွာနှင့် ၆ မိုင်ခန့်အကွာ မြွေတောင်လယ်ကွင်းအနီး နန်စခွန်ချောင်းသို့ ငါးမျှားသွားစဉ် နံနက် ၁၁ နာရီ မိနစ် ၂၀ ချိန်ခန့်တွင် မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်း ဖြစ်ပါသည်။

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသူမှာ မိုင်းနောင်ရွာနေ ဦးတာမောင် ၏ သား ကိုကျော်သန်း(၃၈)နှစ်ဖြစ်ကြောင်း သိရသည်။

“ ဒီဒေသမှာက ရှမ်းနီတွေ နေတာများတယ်၊ အရင်ကလည်း လယ်တောယာတောသွားရင် KIA ထောင်ထားတဲ့ မိုင်းတွေ နင်းမိနေတာပါပဲ၊ မိုင်းနင်းမိလို့ လျော်ကြေးမရမယ့်အပြင် KIA ကိုတောင် အဲဒီမိုင်းအတွက် ပြန်လျော် ပေး ရတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ရွာနီးချုပ်စပ်နှင့် လယ်ကွင်းများအနီးတွင် မိုင်းများလာရောက်ထောင်ထားမှုကြောင့် အန္တရာယ်များ ကြောင်း၊ ယခုကာလသည် စပါးရိတ်သိမ်းချိန်ဖြစ်၍ လယ်တောသွားရန် ဒေသခံများလည်း မိုင်းအန္တရာယ်ကို စိုးရိမ် ထိတ်လန့်နေကြကြောင်း သိရှိရပါသည်။

ဇော်မိုင်

No comments:

Post a Comment