Sunday, December 14, 2014

စားဝတ်နေရေး ကြပ်တည်းမှုကြောင့် KIA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်မှု များပြား

 စားဝတ်နေရေး ကြပ်တည်းမှုကြောင့် KIA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်မှု များပြား

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ KIA ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များသည် စားဝတ်နေရေး ကြပ်တည်းမှုနှင့် အထက်အောက် အခွင့်အရေးများ ကွာဟမှုများကြောင့် ဒီဇင်ဘာလ ပထမပတ်မှ စတင်ကာ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားလာကြောင်း လိုင်ဇာမြို့ခံများ ထံမှ သတင်းရရှိပါသည်။ “သူတို့ အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့လစာက အင်မတန်နည်းပါတယ်။ ပြီးတော့ အချိန်ပြည့် တောထဲမှာပဲ နေရတာ။အစိုးရစစ်တပ် အောက်ခြေရဲဘော်တစ်ယောက်ရဲ့ လစာက တစ်သိန်းကျော်ရနေတာ။ ပြီးတော့ သူတို့က အချိန်ပြည့်တော ထဲ မှာ မနေရဘူး။ သူတို့တပ်တွေ ခဏခဏ ချိန်းကြတယ်။ နေမကောင်းရင်လည်း ကချင်ရိုးရာနဲ့ပဲ ဆေးကုခိုင်းတာ ပိုများတယ်။ အရမ်းကို အရေးပေါ် အခြေအနေဖြစ်နေမှ လိုင်ဇာဆေးရုံကို တင်ပေးတယ်။ လိုင်ဇာဆေးရုံဆိုတာလည်း ရန်ကုန်မှာဆို သာမန်ဆေးခန်းအဆင့်လောက်ပဲ ရှိတာ။ ခေါင်းဆောင်ကြီးတွေ နေမကောင်းရင် တရုတ်နဲ့ ထိုင်းမှာပဲ ကုကြတာ။ ”ဟု ၎င်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။KIA တပ်ဖွဲ့ဝင် ရဲဘော်တွေရော၊ ရဲမေတွေရော လစာအဖြစ် တစ်လ ၁၀၀၀၀ ကျပ် နှင့် ရိက္ခာစရိတ် ၁၀၀၀၀ ကျပ် သာရရှိကြောင်းနှင့် KIA ခေါင်းဆောင်ကြီးတွေအနေဖြင့် လက်အောက်ခံ တပ်ဖွဲ့ဝင် မိသားစုများ၏ နေရေး ထိုင်ရေး၊ စားဝတ်နေရေး ကြပ်တည်းမှုများကို လစ်လှူ ရှုထားပြီး ဖြေရှင်းပေးမှုမရှိကြောင်း သိရှိရပါသည်။ “KIA ခေါင်းဆောင်ကြီးတစ်ယောက်လောက် ရောဂါဖြစ်လို့ ဆေးသွားကုရင် တရုတ်ယွမ်ခြောက်သောင်း လောက် အဖွဲ့က အကုန်အကျခံရပါတယ်။ ကျွန်တော့်မိန်းမ နေမကောင်းတာကို လိုင်ဇာဆေးရုံမှာ ဆေးကုပေးဖို့ သတင်းပို့မိတာကို ၅ ရက် ဆက်တိုက် ချောင်းထဲမှာ ငါးသွားဖမ်းခဲ့ရပါတယ်။ KIA တပ်ဖွဲ့ဝင်တွေက ကချင်ပြည်နယ်နဲ့ ကချင်ပြည်သူတွေအတွက် အလုပ် လုပ်နေတယ် လို့ ခေါင်းဆောင်ကြီးတွေက အမြဲပြောတယ်။ ကျွန်တော့်မိန်းမ နေမကောင်းတာကို ဆေးတောင်ကုမပေးဘူး” ဟု အလင်း ၀င်ရောက် လာသူ KIA တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ KIA ဗိုလ် သင် တန်းကျောင်း တိုက်ခိုက်ခံရပြီးနောက် အစိုးရတပ်တွေ အင်အားအလုံးအရင်းဖြင့် ထပ်မံတိုက်ခိုက်လာနိုင်၍ တပ်ဖွဲ့ဝင် အားလုံး စိုးရိမ်ထိတ်လန့်စွာနှင့် အသင့်ပြင်နေချိန်တွင် ဗိုလ်ချုပ်ကြီးအင်ဘန်လသည် ထိုင်းနိုင်ငံ မနောပွဲတွင် ပျော်ရွှင်စွာ ကခုန်ပျော်မြူးနေပုံတွေ အင်တာနက်မှာ ပျံ့နှံ့လာတော့ တပ်ဖွဲ့ဝင်တွေ မကျေမနပ်ဖြစ်နေကြောင်း သိရှိရပါသည်။ ခွန်ဆိုင်း

No comments:

Post a Comment