HIV/AIDS ဝေဒနာရှင် တစ်သိန်းကျော်ကို အခမဲ့ ဆေးကုပေးမယ်လို့ ကျန်မာရေးဝန်ကြီးပြော
ဒီဇင်ဘာ ၁
မြန်မာနိုင်ငံမှာ ရှိတဲ့ HIV/AIDS ဝေဒနာရှင် ၁၁၀,၀၀၀ ခန့်ကို ၂၀၁၆ ခုနှစ် အကုန်မှာ အခမဲ့ ဆေးကုသပေးဖို့ စီစဉ်ထားတယ်လို့ ကျန်းမာရေး ဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က ပြောပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သူက အခုလို ပြောဆိုခဲ့တာပါ။ ၂၀၁၃ခုနှစ်အတွင်း ခန့်မှန်းစာရင်းအရ ART ဆေးဝါးနဲ့ ကုသဖို့ လိုအပ်တဲ့ လူနာပေါင်း ၁၂၀,၀၀၀ ကျော်ထဲက လူနာ ၇၅,၀၀၀ ကို ပြည်တွင်း၊ ပြည်ပဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ART ဆေး အခမဲ့ပေး နိုင်ခဲ့တယ်လို့ ဒေါက်တာ သန်းအောင်က ဆိုပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ကုန်မှာတော့ လူနာ ၁၁၀,၀၀၀ ခန့်ကို ဆက်လက် ကုသနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်းမှာ ART ဆေးဝယ်ယူဖို့ လိုအပ်တဲ့ အမေရိကန်ဒေါ်လာ ၅ သန်းဝန်းကျင်ကို ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ထောက်ပံ့ပေးဖို့ စီစဉ်ထားတယ်လို့လည်း ဒေါက်တာ သန်းအောင်က ပြောပါတယ်။
No comments:
Post a Comment