သိပ်မကြာသေးဘူး။ သတင်းစာထဲမှာ မိခင်တစ်ယောက်က မပခ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သားတော်မောင် အရာရှိတစ်ယောက်အတွက် ၀မ်းနည်းကြေကွဲခြင်း ထည့်တယ်။
စာသားက- “သားဟာ အမေ့ရဲ့ အိုစာမင်းစာလေးဆိုတာ သား မေ့သွားတယ် ထင်တယ်။ ဒါပေမယ့် အမေ မငိုပါဘူး သား။ သားအတွက် ဂုဏ်ယူပါတယ်။” တဲ့။ ဟတ်ထိသွားတယ်ဗျာ။ မိခင်တစ်ယောက်ရဲ့ မျှော်လင့်ချက်တွေ၊ အားကိုးမှုတွေ ပျက်သုဉ်းသွားရတဲ့အကြောင်း၊ မချိတင်ကဲ သောကတွေအကြောင်း အဲဒီ စာကြောင်း သုံးကြောင်းနဲ့ ခံစားမိပါတယ်။ ဒီလိုပါပဲ...... ကောင်းကင်က ကြယ်တွေ လူမသိ၊ သူမသိ ကြွေကျခဲ့တာ ကြာခဲ့ပါပြီကော။ ရင်ဘတ်ချင်းတူသူတွေ...ရင်ခုန်သံချင်းတူသူတွေ...အားလုံးကို ကျွန်တော်တို့ လေးလေးစားစား ဖိတ်ခေါ်ပါတယ်။ နေ့ရက် - ၇-၁၂-၂၀၁၄ (တနင်္ဂနွေနေ့) နေရာ - သူရဲကောင်း စစ်သည် ဗိမာန် (ရွှေတိဂုံဘုရား မြောက်ဖက်မုခ်) အချိန်- နေ့လည် (၂) နာရီ (အပေါ်အင်္ကျီ အဖြူရောင်၊ အောက်မှ နှစ်သက်ရာ ၀တ်နိုင်ပါသည်) “သူရဲကောင်းစစ်သည်တို့ရဲ့အမွန်မြတ်ဆုံးသောစွန့်လွှတ်ခြင်း၏ တုနှိုင်းဖွယ်ရာ မရှိသော ဂုဏ်ဒြပ်အပေါ် လေးစားမှုအား စည်းကမ်း ရှိမှုဖြင့် သက်သေပြကြပါစို့။” Phay Sit Gyi 
No comments:
Post a Comment