Friday, December 12, 2014

စစ်တပ် နဲ့ ကေအိုင်အေ တိုက်ပွဲသတင်း

 စစ်တပ် နဲ့ ကေအိုင်အေ တိုက်ပွဲသတင်း

၁၁.၁၂.၂၀၁၄ ရက်နေ့  ၁၇၀၀ ချိန်ခန့် တွင် ....
နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် ...
အမှတ် ၁၁ ခြေမြန်တပ်မ လက်အောက်ခံ ....
ရှေ့ တန်းအမှတ် ၂၁၅ ခြေမြန်တပ်ရင်း ....
စစ်ကြောင်း ၁ အား ....

ရှမ်းပြည်မြောက်ပိုင်း ....
မုန်းပေါ်လေးနှင့် နမ့်ကျွဲ အကြား တွင် ....
ကေအိုင်အေ တပ်မဟာ ၄ နှင့် ....
ပူးပေါင်း အင်အား ၅၀၀ ခန့် မှ ....
အသင့်စောင့်ဆိုင်း ခြုံခိုတိုက်ခိုက်ခဲ့ပါသည် ....

တိုက်ပွဲ ဖြစ်လျှင် ဖြစ်ခြင်း ....
အငိုက်ဖမ်း တိုက်ခံရမှုကြောင့် ....
မိမိဘက်မှ စစ်သည် ၇ဦးကျဆုံးကာ ....
၁၈ ဦး ဒဏ်ရာရရှိ သွားခဲ့ပါသည် ....

ရှေ့ တန်း အမှတ် ၂၁၅ ခြေမြန်တပ်ရင်း မှာ ...
လျှိုအတွင်း၌ ပိတ်မိနေခဲ့ပြီး ....
မိမိထက် အဆမတန် များပြားသော ရန်သူများအား ...
တစ်ညလုံး ခုခံတိုက်ခိုက်လျက် ရှိကာ ...
ယနေ့ နံနက် ၁၂.၁၂.၂၀၁၄ ၀၄ ၀၀ ချိန်တွင် ...
နောက်ဆုံး စက် အဆက်အသွယ် ...
ပြတ်တောက်သွားခဲ့ပါသည် ....

စက်အဆက်အသွယ် ပြတ်တောက်သွားသော်လည်း ....
ယခုအချိန်အထိ ...
တိုက်ပွဲ ဖြစ်ပွားလျှက် ရှိနေပြီး ....
နှစ်ဘက် ပစ်ခတ်သံများ ....
အပြင်းအထန် ကြားနေရဆဲ ဖြစ်ကြောင်း ...
သတင်း ရရှိပါသည် ...

တိုက်ပွဲ ဖြစ်ပွားရာ ဒေသအတွင်းရှိ ...
အမှတ် ၁၁ ခြေမြန်တပ်မ လက်အောက်ခံတပ်များ ...
ကွမ်းလုံ အခြေချ စစ်ဗျူဟာ လက်အောက်ခံတပ်များမှ ....
ခမရ ၂၁၅ အား ကယ်ထုတ်နိုင်ရန် ....
တိုက်ပွဲ ဖြစ်ပွားရာဒေသသို့  ...
အလျှင်အမြန် ချီတက်လျှက် ရှိနေပါသည် ....

ရဲသော် မသေ သေသော်ငရဲမလား ...
တောင့်ထား ကွ !!!!!
ခမရ ၂၁၅ ....
ငါတို့ ဘက်က စစ်ကူတွေ လိုက်လာနေပြီ ..

ရဲမိုး

No comments:

Post a Comment