Thursday, December 4, 2014

KIA လက်နက်ကိုင် အဖွဲ့မှ ဖမ်းဆီး ခံ ထား ရ သူ လူငယ်များ ပြန်လည် လွတ်မြောက်ရေးအတွက် လူ့အခွင့်အရေး ကော်မရှင်၊ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်း များနှင့် ကုလသမဂ္ဂ အဖွဲ့ အစည်းများ ထံသို့ တိုင်ကြား KIA လက်နက်ကိုင်အဖွဲ့သည် တစ်ဖက်တွင် နိုင်ငံတော် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ပါဝင်တက်ရောက် နေသော်လည်း အခြားတစ်ဖက်တွင် အတင်းအဓမ္မ လူသစ်စုဆောင်း အင်အား တိုးချဲ့ခြင်းနှင့် ထိုသို့ အင်အားတိုးချဲ့ရန် အတွက် လိုအပ်သော ငွေကြေးရရှိရန် သစ်မှောင်ခို၊ ကျောက်မျက်နှင့် သတ္တုမှောင်ခို၊ မူးယစ်ဆေး ဝါး စိုက်ပျိုး/ ထုတ်လုပ်ခြင်းများ၊ ဆက်ကြေး ကောက်ခံခြင်းများကို အရှိန်အဟုန်မြှင့်လျက် မတရား လုပ်ဆောင်နေကြောင်း နယ်မြေခံ သတင်းထောက်များထံမှ သတင်း ရရှိသည်။ လူသစ် စုဆောင်းရာတွင် ရိုးသားစွာ လုပ်ကိုင် စားသောက်နေသော တိုင်းရင်းသား လူငယ်များအား အတင်းအကျပ် ခြိမ်းခြောက် ချုပ်နှောင် ဖမ်းဆီးပြီး KIA ၏စခန်းများ ဖြစ်သည့် တပ်မဟာ(၅)၊ ရင်း(၃)ရှိရာ ဆိုင်းအောင် စခန်း၊ မုန်ဆမ်ယန် စခန်း၊ ဝေကြိုင်ဘွမ် စခန်းတို့တွင် တပ်သားသစ်နှင့် အကြပ်လောင်းသင်တန်း၊ ဗိုလ်လောင်း သင်တန်းများ ဖွင့်လှစ်ပြီး အစားအသောက် ဝလင်စွာ မကျွေးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူမျိုးရေးခွဲခြား ဖိနှိပ်ဆက်ဆံခြင်းများကြောင့် အသက်အန္တရာယ် ကြားမှ ထွက်ပြေး လာသူအများအပြား ရှိနေကြောင်းနှင့်KIA မှ လိုက်လံဖမ်းဆီး၊ သတ်ဖြတ်လျက် ရှိကြောင်း မကြာမီ ရက်ပိုင်းအတွင်းက ဒုက္ခဆင်းရဲမှ လွတ်မြောက်လာသူ ရခိုင်၊ ရှမ်း၊ ဗမာ၊ ပလောင် လူငယ်တို့၏ ထုတ်ဖော် ပြောကြားချက် များအရ သိရှိရသည်။ ဒေသခံများ၏ သား၊ သမီးများ ဖမ်းဆီး ခံရပြီး မလွတ်မြောက်သေးသူများ အန္တရာယ် ကင်းရှင်းစွာဖြင့် မိဘများ၏ ရင်ခွင်တွင်းသို့ ပြန်လည် ရောက်ရှိရေးအတွက် လူ့အခွင့်အရေး ကော်မရှင်၊ နိုင်ငံတကာ လူမှုရေး အဖွဲ့ အစည်း များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ ထံသို့ တင်ပြတိုင်ကြား ထားရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment