Monday, December 8, 2014

ဆိုင်မှန်သမျှ KIA အဖွဲ့ ဆက်ကြေးကောက်နေ

 ဆိုင်မှန်သမျှ KIA အဖွဲ့ ဆက်ကြေးကောက်နေ

ဒီဇင်ဘာလ ၇ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ ရှင်ထွေယန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်းချနေသော ဆိုင်မှန်သမျှအား ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ကာ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံနေကြောင်း ယင်းဒေသခံ များထံမှ သတင်းရရှိသည်။ “ဆိုင်မှန်သမျှ ဆက်ကြေးကောက်တယ်လို့ကြားတာပဲ၊ ဘယ်ဆိုင် ဘယ်လောက် တောင်းလဲဆိုတာ တော့ သေချာ မသိဘူး။ အသေးအမွှားဆိုင်လေးတွေကို တောင် မချန်ဘူးလို့ပြောတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ KIA အဖွဲ့မှ အဆိုပါမြို့နယ်အတွင်းရှိ ကုန်မာဆိုင်၊ စက်ပစ္စည်းဆိုင်၊ ကုန်ခြောက် ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ လက်ဘက် ရည်ဆိုင်၊ ကုန်စုံဆိုင်(အသေး)၊ ဆိုင်ကယ်ပြင်ဆိုင်များကို ဆက်ကြေးကောက်ခံ ထားခြင်းဖြစ်ကြောင်း သိရသည်။ “အဲဒီဆိုင်တွေကို ဆက်ကြေးကောက်တာတွေ အစိုးရကသိရအောင် မီဒီယာတွေကတစ်ဆင့် ဖြန့်ခိုင်းပေးဖို့ KIO ဆက်ဆံရေးရုံးကိုသွားပြောတယ်။ KIA အဖွဲ့ကနေ ထပ်မကောက်အောင် ဆန္ဒပြပွဲတွေလုပ်ဖို့ သွားပြောတယ်။ အသက်ရှင်ချင်ရင် ပါးစပ်ပိတ်နေဆိုပြီး ပြောလွှတ်လိုက်တယ်ဗျာ” ဟု ဒေသခံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ အဆိုပါအဖွဲ့မှ ကုန်မာဆိုင်၊ စက်ပစ္စည်းဆိုင် တစ်ဆိုင်လျှင် ငါးသိန်းကျပ်၊ ကုန်ခြောက်ဆိုင်တစ်ဆိုင်လျှင် သုံးသိန်း ကျပ်၊ ဆံပင်ညှပ်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ကုန်စုံဆိုင်(အသေး)၊ ဆိုင်ကယ်ပြင်ဆိုင် တစ်ဆိုင်လျှင် တစ်သိန်းကျပ် ကောက်ခံထားကြောင်း သိရသည်။ ဇော်မိုင်

No comments:

Post a Comment